အချစ်အခံရဆုံး ကလေးတစ်ယောက်ရဲ့ နောက်ဆက်တွဲပြဿနာများ

0
281
- Advertisement -

သင့်မှာ ကလေးတစ်ယောက်ထက်ပိုရှိနေတဲ့အခါမှာ တစ်ဦးဦးကို ပိုမိုချစ်ခင်တွယ်တာသလိုဖြစ်တတ်တာက သဘာဝဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ မလွှဲမရှောင်သာဖြစ်တတ်ပါတယ်။ သို့ပေမယ့် အချစ်ခံရဆုံးကလေးရှိခြင်းက မိသားစုရဲ့ အခြေအနေအားလုံးကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီးတော့ ကလေးအားလုံးအတွက် ပြဿနာတွေရှိလာနိုင်ပါတယ်။

မိဘတွေဟာ လူသားတွေဖြစ်သဖြင့် ကျွန်တော်တို့ ဟာ မိမိတို့ရဲ့ သားသမီးတွေထဲက ကလေးတစ်ချို့နှင့် အကြောင်းပြချက်အမျိုးမျိုးကြောင့် ဆက်နွယ်မှုတွေကို ပိုခံစားရနိုင်ပါတယ်။ အချစ်ခံရဆုံးကလေးက အသက်ငယ်ဆုံးကလေးဖြစ်နေတတ်တာကတော့ ပုံမှန်ဖြစ်ပါတယ်။ ဒါ့အပြင် သင်က သင့်ကလေးတွေနှင့် ပိုမိုနီးကပ်စွာခံစားရတာကြောင့် (သို့) ပိုတူတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ရယ်မောခြင်း၊ ချစ်ခြင်း၊ ချိုမြိန်ပြီးတော့ ယေဘုယျအားဖြင့် အလွယ်တကူပြုစုပျိုးထောင်လို့ရတဲ့ ကလေးတွေဟာ သူတို့ရဲ့ မိဘတွေအကြိုက်ဆုံးတွေဖြစ်လာနိုင်ပါတယ်။ သို့ပေမယ့် အချို့မိဘတွေက အခက်ခဲဆုံးပြုစုပျိုးထောင်ခဲ့ရတဲ့ ကလေး (သို့) အထူးလိုအပ်ချက်၊ ချို့ယွင်းချက်ရှိသော ကလေးတွေကို ဂရုစိုက်တတ်ကြပြန်ပါတယ်။ ကျန်တဲ့ ကလေးတွေကိုအားလုံးကို လျစ်လျူရှုပြီးတော့ ဂရုစိုက်တဲ့အထိပါပဲ။

- Advertisement -

ဘယ်လိုအခြေအနေပဲရှိပါစေ၊ မျှတမှုရှိဖို့နှင့် ကလေးအားလုံးကို တန်းတူချစ်ဖို့ဆိုတာ မိဘတွေရဲ့ အလုပ်ဖြစ်ပါတယ်။ ၎င်းတို့ကို ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်စေဖို့က မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ အချစ်ခံရဆုံးကလေးရှိမယ်ဆိုရင် သူ/သူမက ကျန်းမာရေးဖွံ့ဖြိုးဖို့ အလွန်ခက်ခဲစေပါလိမ့်မယ်။

မောင်နှစ်မတွေအတွက် အကျိုးဆက်များ

သူတို့ရဲ့ မိဘတွေဆီက တူညီသော အထောက်အပံ့မရရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို မရကြရဘူး။ အဲ့ဒီ့နောက်မှာ သူတို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ ခံစားချက်တွေကို ဖော်ပြတော့မှာ မဟုတ်ပါဘူး။

သူတို့မိဘတွေရဲ့ အချစ်ဆုံးကလေးရှိတယ်လို့ ထင်တဲ့အခါ အခြားကလေးတွေက သူတို့ရဲ့ မိဘတွေအပေါ် ငြင်းပယ်ခြင်းနှင့် မယုံသင်္ကာဖြစ်ခြင်းတွေ ဖြစ်လာကြပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့က အိမ်အပြင်ဘက်က အထောက်အပံ့တွေကိုသာ ရယူလာကြပါလိမ့်မယ်။ လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါမှာလည်း မှီခိုနေရသူတွေ ဖြစ်လာနိုင်ပါတယ်။

လျစ်လျူရှုခံရတဲ့ ကလေးတွေဟာ မိဘတွေရဲ့ ဂရုစိုက်ခံရဖို့ ၊ အာရုံစိုက်ခံရဖို့ မကောင်းတဲ့ အပြုအမူတွေပြုလုပ်လာနိုင်ပါတယ်။ အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေလုပ်နိုင်ပါတယ်။

သူတို့ရဲ့ မိဘတွေက သူတို့ကို အတန်ငယ်လျစ်လျူရှုထားကြောင်း သိရတယ်ဆိုရင် ၎င်းက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားခြင်းနှင့် ယှဥ်ပြိုက်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားကြရပါလိမ့်မယ်။ သူတို့ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်အောင်မစွမ်းဆောင်နိုင်ဘူးလို့ အမြဲခံစားနေရပါလိမ့်မယ်။ ၎င်းတို့မှာ တက်ကြွမှုတွေ ပျောက်ဆုံးနေပါလိမ့်မယ်။

တကယ်လို့ မိဘတွေက အချစ်ဆုံးကလေးရှိနေမယ်ဆိုရင် မောင်နှမဆက်ဆံရေးကိုလည်း ထိခိုက်မှာ သေချာပါလိမ့်မယ်။ အချစ်မခံရတဲ့ ကလေးတွေက အချစ်ခံရဆုံးကလေးကို မနာလိုဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သူတို့က သူနှင့်အတူ ကျန်းမာတဲ့ သံယောဇဥ်နှောင်ကြိုးတွေလည်း ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါဘူး။

အချစ်ခံရဆုံးကလေးရဲ့ ပြဿနာများ

သူတို့က အချစ်ခံရဆုံးကလေးဖြစ်ပေမယ့်လည်း မျှတမှုဆက်ဆံရေးမရှိတဲ့အတွက် ကလေးတွေအတွက်လည်း ပြဿနာအကျိုးဆက်တွေလည်း ရှိနိုင်ပါသေးတယ်။

သူတို့က မွေးချင်းတွေထံက ရန်ငြိုးတွေကို ခံစားရပါလိမ့်မယ်။ အိမ်ပတ်ဝန်းကျင်မှာလည်း စိန်ခေါ်မှုတွေ၊ ယှဥ်ပြိုင်မှုတွေသာ ပြည့်နှက်နေပါလိမ့်မယ်။ နွေးထွေးစွာ ကြိုဆိုခြင်းတွေ ပျောက်ဆုံးနေပါလိမ့်မယ်။

မိဘတွေရဲ့ မြင့်မားလွန်းတဲ့မျှော်လင့်ချက်တွေက အချစ်ခံရဆုံးကလေးအတွက် ဖိအားပေးခြင်းခံရပါလိမ့်မယ်။ သူ့မှာ အမှားလုပ်ပိုင်ခွင့်၊ သူ့ဘဝကို လွတ်လပ်စွာနေထိုင်ခွင့်တွေ ခံစားရမှာ မဟုတ်ပါဘူး။

တစ်ခါတရံမှာ မိဘတွေဟာ အချစ်ဆုံးကလေးတွေကို ခွင့်လွှတ်တတ်ကြပါတယ်။ အဲဒီ့နောက်မှာ ကလေးတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ကန့်သတ်ချက်တွေ၊ စံနှုန်းတွေ၊ အကျိုးဆက်တွေမရှိဘဲ ကြီးပြင်းလာခဲ့ကြပါတယ်။ သူက ရှုံးနိမ့်သွားပြီဆိုတဲ့ ခံစားချက်တွေကို မကြာခဏခံစားရနိုင်ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ စိတ်ပျက်မှုတွေကို သည်းခံဖို့ သူ့အတွက် ခက်ခဲနိုင်ပါတယ်။

သူက အချစ်ခံရဆုံးကလေးတစ်ယောက်ဆိုတဲ့ သိတဲ့အခါမှာ မိဘတွေကို အလွန်အကျွံဂျီကျပါလိမ့်မယ်။ ဒါ့အပြင် မောင်နှစ်မတွေကို အနိုင်ကျင့်ခြင်း၊ သူကိုယ်တိုင်က ကမ္ဘာကြီးရဲ့ အလည်ဗဟိုအဖြစ် ထင်မှတ်ပါလိမ့်မယ်။

အချစ်ခံရဆုံးကလေးမရှိစေဖို့ ဘာလုပ်ရမလဲ

ကျွန်တော်တို့အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော်တို့အားလုံးက လူသားတွေဖြစ်တဲ့ ကလေးတစ်ချို့နှင့် ပိုမိုရင်းနှီးချိတ်ဆက်မှုကို ခံစားရပါလိမ့်မယ်။ အရေးကြီးတာက ဒီအချက်ကို သတိထားမိဖို့နှင့် တာဝန်ယူမှုရှိဖို့၊ ကလေးချင်းခွဲခြားခြင်းမပြုဖို့နှင့် အိမ်တွင်းမှာ မျှတပြီးတော့ သဟဇာတဖြစ်သော ပတ်ဝန်းကျင်ကို ရှာဖွေဖို့ဖြစ်ပါတယ်။

ဒါ့အပြင် မိသားစုအစီအစဥ်တိုင်းမှာ ကလေးအားလုံးကို ထည့်သွင်းပါ။ မိသားစုအစီအစဥ်တိုင်းအတွက်လည်း ကလေးတွေရဲ့ အလှည့်ကျရွေးချယ်ရမယ်လို့ ပြောနိုင်ပါတယ်။ ပြီးတော့ ကလေးတစ်ဦးချင်းစီနှင့် အချိန်အနည်းငယ်အတူနေခြင်းက သူတို့ကို သီးခြားအာရုံစိုက်ခြင်းက ပိုသင့်လျော်ပါတယ်။

နောက်ဆုံးအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ကလေးတွေကို အချင်းချင်းနှိုင်းယှဥ်ခြင်းမပြုသင့်ပါဘူး။ ကလေးတစ်ဦးစီမှာ ၎င်းရဲ့ ထူးခြားသော အရည်အသွေးတွေနှင့် အရည်အချင်းတွေရှိပါတယ်။ သူတို့နဲ့ ဆက်ဆံရာမှာ မျှတမှုရှိပါ။ ချစ်ခင်မှုနှင့် စည်းကမ်းတွေကို တန်းတူညီတူပြပါ။

Chit_May_May

Nyein_Thu

Ref-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here