မိသားစုထဲမှာ နောက်ထပ်ရင်သွေးလေးမွေးဖွားလာခြင်းက လူကြီးတွေအတွက်တော့ ကောင်းချီးမင်္ဂလာတစ်ရပ်ဆိုပေမယ့်လည်း သားကြီး သမီးကြီးတို့ကတော့ စစချင်းမှာ ဒီလိုမတွေးထင်ကြပါဘူး။ တစ်ဦးတည်းသောကလေးဖြစ်နေရာကနေ ရုတ်တရက် နောက်ထပ်ကလေးတစ်ယောက်ရောက်လာခြင်းက သူတို့အတွက် စိတ်ရှုပ်ထွေးစရာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နောက်ထပ်မွေးဖွားလာမယ့် ရင်သွေးလေးကိုပဲ နွေးနွေးထွေးထွေးကြိုဆိုမယ့်အစား သားကြီး သမီးကြီးကိုလည်း ပြောင်းလဲမှုနဲ့အသားကျဖို့အတွက် ကူညီပေးရပါမယ်။
၁။ မျှဝေခြင်းရဲ့ အရေးပါမှု

အငယ်လေးမရခင်တုန်းက မိသားစုထဲမှာ သူတို့ဟာအငယ်ဆုံးကလေးတွေပါ။ အားလုံးရဲ့ဂရုပြုမှုတွေ၊ အချစ်တွေက သူတို့အပေါ်မှာ စုပြုံနေခဲ့တာကြောင့် သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးက သူတို့ပဲပိုင်တာဆိုပြီးတော့ တွေးထင်တတ်ကြပါတယ်။ ဒါကြောင့်မို့ ဒုတိယရင်သွေးလေးမမွေးဖွားခင် ဘယ်လိုမျိုးမျှဝေရမလဲဆိုတာကို သင်ပေးရပါမယ်။ ဒါမှသာ အငယ်လေးရလာတဲ့အခါ ပစ္စည်းတွေလုတာမျိုး၊ ရန်ဖြစ်တာမျိုး ရှိမှာမဟုတ်တော့ပါဘူး။
၂။ ကြင်နာတတ်ပြီး သည်းခံတတ်အောင်

အငယ်လေးမွေးလာတော့မှာမို့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတဲ့အချိန်မှာပဲ ကြင်ကြင်နာနာရှိဖို့နဲ့ စိတ်ရှည်သည်းခံတတ်ဖို့ကိုလည်း သင်ယူဖို့လိုအပ်ပါတယ်။ ရင်သွေးလေးဖြစ်လို့ ဘယ်လိုဆက်ဆံပြောဆိုရမယ်ဆိုတာကိုမသိဘူးဖြစ်မယ်၊ နှေးမယ်၊ ခဏခဏငိုမယ် ဒါကြောင့် အကိုကြီး အစ်မကြီးက စိတ်ဆိုးခြင်းမရှိဘဲ သူတို့နဲ့ပြောဆိုနေထိုင်တတ်အောင် သင်ယူရမှာဖြစ်ပါတယ်။
၃။ မိသားစုထဲမှာ နေရာလွတ်တွေအမြဲတမ်းရှိတယ်ဆိုတဲ့အကြောင်း

ဒုတိယရင်သွေးလေးရလာတော့မယ်လို့ ပြောလိုက်ချိန်မှာ ပထမကလေးအနေနဲ့ မလိုချင်စိတ်ဖြစ်တာက ပုံမှန်အခြေအနေတစ်ရပ်ပါပဲ။ ဒီလိုအခြေအနေကို ရှောင်ကြဥ်ဖို့အတွက် မိသားစုဆိုတာ လူဦးရေများလေ ကောင်းလေဆိုပြီးတော့ ပြောပြပေးသင့်ပါတယ်။ နောက်ထပ်မိသားစုဝင်လေးတိုးလာတဲ့အခါ သူတို့ရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲဆိုတာကို နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။
၄။ တခြားကလေးတွေနဲ့ အတူတူဆော့တတ်အောင်

အကယ်လို့ ကိုယ့်ရဲ့သားကြီး သမီးကြီးက တခြားကလေးတွေနဲ့ အတူတူမဆော့ဖူးဘူးဆိုရင် သေသေချာချာ ဆော့တတ်အောင်လို့ သင်ယူသင့်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းမဆော့ရဘူး၊ သူများကို အနိုင်မကျင့်သင့်ဘူး၊ တကိုယ်ကောင်းမတန်သင့်ဘူး စသဖြင့် မိဘဖြစ်တဲ့သင်က ပြောပြရပါမယ်။
၅။ အကူအညီလိုသူတွေကို ကူညီပေးသင့်ကြောင်း

မွေးကင်းစကလေးငယ်တွေက အရာအားလုံးနဲ့ပတ်သက်လို့ အကူအညီလိုအပ်ပါတယ်။ အကယ်လို့ ကိုယ့်ကလေးအကြီးက သူတို့တတ်နိုင်ရင်တတ်နိုင်သလို တခြားတယောက်ကို အမြဲတမ်း ကူညီသင့်ကြောင်းကို သိထားသင့်ပါတယ်။ အခုလိုသူတို့ကိုပြောပြပေးခြင်းက အငယ်လေးမွေးလာချိန်မှာ ကူညီထိန်းကျောင်းပေးနိုင်မှာဖြစ်ပါတယ်။
#Chit_May_May
#Thinzar
Ref-brightside