တစ်ချို့အစားအစာတွေက လူကြီးတွေအတွက် ကျန်းမာတယ်ဆိုပေမယ့်လည်း ကလေးအတွက်တော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေအသက်တစ်နှစ်အရွယ်မှာ စတင်စားသုံးရတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး မိဘတွေအထူးဂရုစိုက်ရန်လိုအပ်လို့ ကျန်းမာရေးပညာရှင်များ၏အဆိုအရ ကလေးတွေအသက်တစ်နှစ်မပြည့်မချင်း မကျွေးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ပျားရည်

ဝမ်းချုပ်ခြင်း၊ နို့စို့ရခက်ခဲခြင်း၊ ပျော့ခွေခြင်း စတဲ့လက္ခဏာတွေကို ဖြစ်စေတဲ့ ဘတ်တီးရီးယားအရင်းအမြစ်က ပျားရည်တွင်ပါဝင်လို့ ကလေးများကို လုံးဝမကျွေးသင့်ပါဘူး။
၂။ နို့

နွားနို့ သို့မဟုတ် ပဲနို့ဟာ ယခုမှဖွံဖြိုးနေသည့် ကလေးရဲ့ကျောက်ကပ်ကိုပျက်စီးစေနိုင်သည့် ပရိုတင်း၊ သတ္တုဓာတ်တို့ပါဝင်လို့ ကလေးတစ်ယောက်အတွက် အစာခြေဖျက်ရန်အလွန်ခက်ခဲနိုင်ပါတယ်။ ကလေးတစ်နှစ်မပြည့်မချင်း မိခင်နို့ သို့မဟုတ် ဖော်မျူလာတို့ကိုပဲ စွဲမြဲစွာတိုက်ကျွေးပေးပါ။
၃။ မြေပဲထောပတ်

မြေပဲထောပတ်က ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကိုဖြစ်စေနိုင်လို့ ကလေးတွေငယ်စဉ်မှာလုံးဝမကျွေးပါနှင့်။ အနည်းငယ်ကြီးလာသည့်အခါမှာလည်း ပေါင်မုန့်ပေါ်တွင် မြေပဲထောပတ်ကို ညီညီညာညာဖြန့်ပေးပါ။
၄။ ချောကလက်

ကလေးတိုင်းကချောကလက်စားရတာကို ကြိုက်ကြပေမယ့်လည်း ကဖင်းဓာတ်ကသူတို့ကလေးတွေရဲ့ကျန်းမာရေးအပေါ် သက်ရောက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ချောကလက်အပိုင်းကြီးတွေ၊ သကြားလုံးတွေကို လည်ပင်းနင်သွားစေနိုင်လို့ အထူးဂရုစိုက်ပေးပါ။
၅။ အချဉ်ဓာတ်ရှိအသီးအနှံများ

စတော်ဘယ်ရီ၊ raspberry၊ ဘလူးဘယ်ရီနှင့် ဘလက်ဘယ်ရီများသည် ကလေးအတွက်အစာခြေဖျက်ဖို့မလွယ်ကူဘဲ စပျစ်သီး၊ လိမ္မော်သီးတို့တွင်အချဉ်ဓာတ်များပြားလို့ အစာအိမ်ကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။
#Chit_May_May
#Thinzar
Ref- parenting