အစာဂျေးများရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ

0
218
- Advertisement -

ကျောင်းစနေတဲ့အရွယ်ကနေဆယ်ကျော်သက်ကလေးငယ်တွေထိ ရုပ်ပိုင်းနဲ့ဆိုင်ရာ ကြီးထွားဖွံဖြိုးဖို့အတွက်ဆို အာဟာရကြွယ်ဝတဲ့အစားအစာတွေကအရေးကြီးတဲ့အခန်းကလိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ခဲ့ပဲ အစာချေးများလို့ဖြစ်စေ အာဟာရဓါတ်ချို့တဲ့တွေအစားတွေကိုစားတာကြောင့်ဖြစ်စေ ကလေးတွေမှာ ကြီးမားတဲ့နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာဆိုင်ရာဆိုးကျိုးတွေရလာနိုင်ပါတယ်။ ကျန်းမာရေးနဲ့သင့်တော်ညီညွတ်တာတွေ မစားသောက်ခြင်းရဲ့ကြီးမားတဲ့အကျိုးဆက်တွေကဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်….

ကျန်းမာရေးနဲ့သင့်တော်ညီညွတ်တာတွေ မစားသောက်ခြင်းရဲ့ကြီးမားတဲ့အကျိုးဆက်

သင့်ကလေးဟာ အစာချေးများလို့ဖြစ်စေ သင်ကျွေးမိတဲ့အရာတွေက အာဟာရနဲ့မညီညွတ်တဲ့အရာတွေဖြစ်နေခဲ့မယ်ဆိုရင် ရေရှည်မှာ ကလေးတွေအတွက်ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒါတွေကတော့ အရိုးပွရောဂါနှလုံးသွေးကြောဆိုင်ရာရောဂါများ။ အဆီ၊ သကြားနဲ့ဆား ပမာဏာမြင့်မားသောအစားအစာများကိုစားသုံးခြင်းဟာ အ ရွယ်ရောက်ကြီးပြင်းလာတဲ့ကလေးတွေမှာ ကိုလက်စထရောမြင့်မားခြင်း၊ သွေးပေါင်ချိန်မြင့်မားခြင်းနှင့်သွေးကြောဆိုင်ရာရောဂါများဖြ စ်ပွားခြင်းအန္တရာယ်ကိုမြင့်တက်စေနိုင်ပါတယ်။

- Advertisement -

ညံ့ဖျင်းတဲ့ အဟာရဓါချို့တဲ့သော အစာတွေစားတဲ့ ကလေးတွေဘာဖြစ်တတ်လဲ

ညံ့ဖျင်းတဲ့ အဟာရဓါချို့တဲ့သော အစာတွေစားတဲ့ ကလေးတွေဘာဖြစ်တတ်လဲဆိုရင်တော့ အ၀လွန်လာနိုင်ပါတယ်။ အဝလွန်ခြင်းပြဿနာတွေကြောင့် –

အရိုးကြီးထွားမှုပြဿနာများ
asthma.footnote1 ကဲ့သို့သောအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ
တင်ပါးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပြဿနာများ
အသည်း ပြဿနာများ အထိဖြစ်လာစေနိုင်ပါတယ်။

အချိုပမာဏာမြင့်မားတာတွေကိုစားသောက်တတ်တဲ့ကလေးတွေကတော့ ဆီးချိုရောဂါဖြစ်နိုင်ပြီး ဆီးချိုရောဂါဟာ ကလေးတွေကိုအဝလွန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရမလှုပ်ရှားနိုင်ခြင်းတွေဖြစ်နိုင်ပါတယ်။

ဘာာတွေကျွေးမလဲ

ကျောင်းနေစအရွယ်ကနေဆယ်ကျော်သက်အရွယ်တွေထိ အကောင်းဆုံးအာဟာရတွေရရှိဖို့ သင်ကျွေးနိုင်တဲ့အရာများစွာရှိပါတယ်။ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အသားငါးတွေ နို့ ပဲ နဲ့ ဥ အမျိုးမျိုးကို သင်ကျွေးနိုင်ပါတယ်။ နောက် ဗစ်တာမင် K အာဂျီနင်း ဗီ တာမင် အမျိုးမျိုးကြွယ်ဝတဲ့ အသီးအရွက်တွေကို နေ့တိုင်း တစ်မျိုး နစ်မျိုးချက်ပြုတ်ကျွေးနိုင်ပါတယ်။ နောက်တစ်ချက်က Calcium magnesium zinc စတဲ့ သတ္တုဓါတ်ကြွယ်ဝတာတွေပါတဲ့ အဟာရတွေကို ကျွေးမွေးပေးပါ။

အစာချေးများရင် ဘယ်လိုလုပ်မလဲ

တစ်ကယ်က ချေးများတယ်ဆိုတာ ကလေးကတော့ ချေးများမှာပါပဲ။ ဒါကို အလိုလိုက်လို့မရဘူး။ ကလေးကို ပထမတခါကျွေးတာမကြိုက်ဘူးဆိုပီး မကျွေးတော့ရင် သူ့ကျန်းမာရေးအတွက် ပြဿနာရှိနိုင်ပါတယ်။ ခနခနထည့်ထည့်ကျွေးကြည့်ပါ။

ကျန်းမာရေးကောင်းကျိုးတွေ ဆိုးကျိုးတွေ သိအောင်ပြောပြပေးပါ။ နောက်တစ်ခု သင်လုပ်လို့ရတာက ကလေးတွေ ကြိုက်တတ်တဲ့ ဗီတာမင် ပရိုတိန်း မင်နရယ်ပါဝင်တဲ့ ဖြည့်စွက်စာတွေပေါများစွာရရှိနေတဲ့အတွက် ဒါတွေကိုလည်းကျွေးနိုင်ပါတယ်။

ကဲ..ဒီလောက်ဆို အစာဂျေးများရင် အာဟာရချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေသိသွားပြီဆိုတော့ ကလေးတွေကိုကျန်း မာရေးနဲ့သင့်တော်ညီညွတ်တာတွေ စားတတ်အောင် ငယ်ငယ်တည်းက ပြုစုပျိုးထောင်ထားလိုက်ကြတော့နော်..

#Chit_May_May

#Mg_Htet

REF_Kidforhealth

LEAVE A REPLY

Please enter your comment!
Please enter your name here