မိမိကမည်မျှပင် အပင်ပန်းခံချက်ထားသော်လည်း ထမင်းစားပွဲတွင် တစုံတယောက်က နှာခေါင်းရှုံ့လိုက်ပြီဆိုရင် အင်မတန်စိတ်ရှုပ်စရာဖြစ်လာပါတယ်။ အစားအသောက်ချေးများခြင်းသည် ကလေးများသာမက လူကြီးများတွင်ပါ ဖြစ်ပွားတတ်သည့် ပြဿနာတစ်ခုဖြစ်၍ အခြားသူများကိုပါ စိတ်အနှောင့်အယှက်ပေးစွမ်းနိုင်ပါတယ်။
ကလေးငယ်များမှာ အစားအသောက်သစ်များကို စမ်းစားကြည့်ဖို့ရန် အကူအညီလိုအပ်သောကြောင့် မည်သို့ပြုလုပ်ခြင်းဖြင့် ကလေးတွေအစားချေးမများတော့အောင် လုပ်ဆောင်နိုင်သလဲသိရှိနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။
၁။ ဗိုက်ပြည့်နေပြီဆိုရင်အတင်းထပ်မစားခိုင်းပါနှင့်။

အလွန်အကျွံ ဗိုက်ပြည့်တင်းကားနေခြင်းသည် ဗိုက်အောင့်ဗိုက်နာနှင့် အခြားအစာအိမ်ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်သောကြောင့် အတင်းအကြပ်အလုပ်ခံရသောကလေးများတွင် အစာစားသုံးရသည်ကို မနှစ်မျို့မှုများ တဖြည်းဖြည့်နှင့်ဖြစ်ပေါ်လာနိုင်ပါတယ်။
၂။ အစားအသောက်အသစ်များကိုဖြည်းဖြည်းချင်းမိတ်ဆက်ပေးပါ။

အရသာအသစ်၊ အထိအတွေ့အသစ်နှင့် အနံ့များသည် ကလေးများအတွက် အနည်းငယ်ကြောက်စရာကောင်းနိုင်ပါတယ်။ ထို့ကြောင့် ကလေးများကိုအသိမပေးဘဲ ပန်းကန်ပေါ်တွင် ပမာဏအနည်းငယ်ကိုတင်ကာ သူတို့ကြိုက်နှစ်သက်သည့်အခြားအစားအစာများနှင့်ရောစပ်၍ ပြုပြင်ပေးနိုင်ပါတယ်။
၃။ အရောင်အသွေးများ၊ ပျော်စရာပုံသဏ္ဍာန်များနှင့် ပြည့်နှက်နေစေပါ။

ကလေးများကို ဒီအတိုင်းမုန်လာဥစားခိုင်းသည်ထက် သက်တံ့ဖြစ်လာဖို့ လိမ္မော်ရောင်အစားအစာကို စားပေးသင့်သည်ဟု ပြောပေးခြင်းက ကလေးများကို စိတ်ဝင်စားမှုရှိလာစေနိုင်ပါတယ်။ ထို့အပြင် ကွတ်ကီးလုပ်ရာတွင် အသုံးပြုသည့် ပုံဖော်အရာလေးများကို အစားအစာများအပေါ်တွင် အသုံးပြုပေးနိုင်ပါတယ်။
၄။ တသီးတသန့်ခွဲမကျွေးပါနှင့်။

ထိုအပြုအမူကို အကျင့်လုပ်ပေးပါက ပြန်လည်ဖျောက်ဖျက်ရန် အလွန်ခက်ခဲမှာဖြစ်သည့်အတွက် နှစ်ခါပိုမပင်ပန်းစေရေးအတွက် ကြိုးစားနေခြင်းဖြစ်သည်ဟု မိမိကိုယ်ကိုသတိပေးပါ။
၅။ ဈေးဝယ်ထွက်ချိန်၊ အစားအသောက်ပြင်ဆင်ချိန်များတွင် ပါဝင်စေပါ။

အထူးသဖြင့် အသားတန်းသို့ရောက်သည့်အခါ သူတို့လုပ်ကြည့်ချင်သည့် အမျိုးအမယ်အချို့ကို ရွေးထုတ်ခိုင်းပါ။ ပြီးလျှင် မည်သည့်ဟင်းချက်မည်ဆိုတာကို စဉ်းစားခိုင်း၍ အစားအစာချက်ပြုတ်ပါ။ နောက်ပိုင်းတွင် မစားချင်ဘူးဟုပြောလာသည့်အခါ သူတို့ရွေးချယ်ထားသည်ဟုဆိုကာ ပြန်လည်သတိပေးခြင်းဖြင့် အများကြီးမဟုတ်သော်၊ အနည်းငယ်မျှစားသုံးစေနိုင်မှာဖြစ်ပါတယ်။
၆။ အချိုပွဲနှင့်ပတ်သက်၍အလိုမလိုက်ပါနှင့်။

ကလေးငယ်များကို နောက်ထပ်ထမင်းနှစ်ဇွန်းထပ်စားလျှင် ရေခဲမုန့်ကျွေးမည်ဟု ဆွဲဆောင်ခြင်းသည် နောက်ပိုင်းတွင် အစာစားပြီးသည်နှင့် အချိုပွဲကိုတောင့်တနေစေနိုင်ပါတယ်။
၇။ စံနမူနာအဖြစ်စားပြပါ။

ကလေးများသည် လေ့လာအကဲဖြတ်ခြင်းမှ သင်ယူကြတာဖြစ်သည့်အတွက် မိဘများမှ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးနေသည်ကိုမြင်သည့်အခါ ထိုနည်းလမ်းအတိုင်းလိုက်လုပ်ဖို့ အလားအလာများပါတယ်။ သို့ရာတွင်လည်း ကလေးများအရှေ့ အအေးများ၊ မုန့်သရေစာများနှင့် အချိုပွဲများစားသုံးမှုမှ ရှောင်ရှားစေလိုပါတယ်။
#Chit_May_May
#Thinzar
Ref- mayoclinic