အစားအသောက်က မျိုးပွားမှုကို ဘယ်လိုအကျိုးသက်ရောက်သလဲ? သင်ဘာတွေသိထားသင့်သလဲ?

0
14

ကျန်းမာတဲ့ လူနေမှုပုံစံလိုချင်ရင် သင့်ဘဝမှာ အစားအသောက်ကောင်းက အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သင့်ပါတယ်။ ကျန်းမာသော အလေ့အထများက အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးအတွက် ကလေးလိုချင်လာတဲ့အခါမှာ ပိုပြီးအရေးကြီးလာပါတယ်။ ဒါ့ကြောင့် အစားအသောက်က မျိုးပွားမှုကို ဘယ်လို အကျိုးသက်ရောက်စေနိုင်သလဲ? ဆိုတာသိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

အစားအသောက်က အမျိုးသမီးမှာ မျိုးပွားမှုကို ဘယ်လို သက်ရောက်စေသလဲ?

အဝလွန်ခြင်းက မျိုးမပွားမှုကို ဖြစ်စေနိင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လိုရီစားသုံးမှု အာဟာရလျှော့နည်းခြင်းတာကလည်း ကိုယ်ဝန်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ကိစ္စနှစ်ခုစလုံးမှာ သင့်ရာသီစက်ဝန်းဟာ ကျန်းမာစွာ မျိုးဥထုတ်လုပ်ခြင်းကို သက်ရောက်စေတဲ့အဖြစ်သို့ ပြောင်းလဲသွားပါတယ်။
မှန်ကန်တဲ့ အာဟာရစားသုံးမှုက သန္ဓေသားကျန်းမာစွာ ဖွံ့ဖြိုးမှုနှင့် ကျန်းမာသန်စွမ်းတဲ့ ကလးမွေးဖွားလာဖို့ သေချာစေပါတယ်။
ဒါ့အပြင် ကျန်းမာသော အစားအသောက်မှတဆင့် မိခင်နှင့်ကလေးအတွက် ကျန်းမာရေးပြဿနာများကို ရှောင်ကြဉ်နိုင်ပါတယ်။ ဒါကကိုယ်ဝန်ဆောင် ဘယ်အဆင့်မှာမဆို ကိုယ်ဝန်ပျက်ကျနိုင်ခြေကို လျော့နည်းစေပါတယ်။

အစားအသောက်က အမျိုးသားမှာ မျိုးပွားမှုကို ဘယ်လိုသက်ရောက်စေသလဲ?

အမျိုးသားမှာ အစားအသောက်က မျိုးပွားမှုကို ကောင်းစွာသက်ရောက်စေပါတယ်။ သုတ်ရည်ရဲ့အရည်အသွေးက အာဟာရမျှတမှုနှင့်အတူ တိုးတတ်လာစေနိုင်ပါတယ်၊ မျိုးဆက်ပွားပြဿနာ ၄၀ရာခိုင်နှုန်းလောက်က အစားအသောက်ညံ့ဖျင်းမှုနှင့် ဆက်စပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။
သုတ်ပိုးရဲ့ စွမ်းရည်ကို လှုံ့ဆော်ပေးပြီး၊ မျိုးပွားမှုစနစ်၏ အိုမင်းခြင်းကို တားဆီးပေးတဲ့ အင်တီအောက်ဆီဒင့်ကြွယ်ဝသော အစားအစာများကို စားသုံးရပါမယ်။ အသီးနှင့် ဟင်းသီးဟင်းရွက်စားသုံးမှုကို တိုးမြှင့်သော အမျိုးသားတွေရဲ့ သုတ်ပိုးဟာ ကျန်းမာပြီး အရည်အသွေး သိသိသာသာ တိုးတတ်ကောင်းမွန်ပါတယ်။

မျိုးပွားမှုကို တိုးတတ်စေတဲ့ အစားအသောက်များအတွက် အကြံပြုချက်များ

အစားအစာအားလုံးဟာ ခန္ဓာကိုယ်အပေါ် ရေရှည်အကျိုးသက်ရောက်စေတဲ့ အာဟာရများပါရှိပါတယ်။ဒီအကြောင်းရင်းတွေကြောင့်သင်ဟာ မျိုးပွားမှုကို တိုးတတ်စေနိုင်တဲ့ အစားအစာများကို သတိထားသင့်ပါတယ်။

၁။ ဗီတာမင်စားသုံးပါ

ဗီတာမင်တွေက သင်ကိုယ်ဝန်ရချင်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တာကြောင့် ဗီတာမင် တစ်ခုစီရဲ့ လုပ်ဆောင်မှုတွေကို အောက်မှာဖော်ပြထားပါတယ်။
ဗီတာမင် ဘီ – အမျိုးသမီးရဲ့ ဟော်မုန်းအဆင့်တွေကို ညီမျှအောင်ကူညီပေးပါတယ်။ ဒါက သန္ဓသားရဲ့ ဦးနှောက် အာရုံကြောစနစ် ဖွဲ့စည်းခြင်းကို အထောက်အကူပြုပါတယ်။
ဗီတာမင် စီ – ကိုယ်ခံစွမ်းအားစနစ်ကို လှုံ့ဆော်ပေးတဲ့အပြင် အမျိုးသမီးမှာ မမျိုးဥ ထုတ်လုပ်မှုကို တိုးမြှင်ပေးပြီး အမျိုးသားမှာ သုတ်ရည်ရဲ့ အရည်အသွေးကို တိုးတတ်စေပါတယ်။
ဗီတာမင် ဒီ – ကိုယ်ဝန်ဆောင်နိုင်စွမ်းကို တိုးမြှင့်စေတဲ့ အင်ဆူလင်ရဲ့ secretionကို တိုးတတ်စေပါတယ်။
ဒီဗီတာမင်တွေ၊ တခြားဗီတာမင်အုပ်စုတွေကို အသားများ၊ ဟင်းသီးဟင်းရွက်များနင့် အသီးအနှံများမှ သဘာဝအတိုင်း ရယူနိုင်ပါတယ်။ ဗီတာမင်ချို့တဲ့မှု ခံစားရလျှင် ဆရာဝန်တစ်ဦးဆီက ဖြည့်စွက် အကြံပြုချက် ရယူနိုင်ပါတယ်။

၂။ အဆီ

ဖက်တီးအက်ဆစ်ကို အပြာရောင်ငါးနင့် အခွံမာသီးတွေကလာတဲ့ အိုမီဂါ 3,6 နှင့် 9ဆိုပြီး အကြံပြုထားပါတယ်။ အမျိုးသားမှာ သူတို့ဟာ သုတ်ပိုးကိုအရွယ်ရောက်စေပြီး အမျိုးသမီးမှာ စိတ်ဖိစီးမှုနှင့် ကိုယ်ဝန်ဆောင်နှင့်ဆက်စပ်နေတဲ့ စိတ်ကျရောဂါကို လျော့ချပေးပါတယ်။

၃။ ဇင့်နှင့် ဆယ်လီနီယမ် စားသုံးပါ

အမျိုးသားမှာ ဇင့်နှင့် ဆယ်လီနီယမ်က ကျားဟော်မုန်းရဲ့ ပမာဏကို တိုးစေပါတယ်။ ရလဒ်အဖြစ် သူတို့က သုတ်ပိုးပမာဏကို တိုးမြှင်ပေးပါတယ်။ အမျိုးသမီးတွေမှာ ဒီသတ္တုဓါတ်ကင်းမဲ့ခြင်းက ကိုယ်ဝန်ပျက်ကျမှုအန္တရာယ်ကို တိုးစေပါတယ်။ ဟင်းသီးဟင်းရွက်များ၊ ငါး၊ တူနာ၊ ဆာဒင်း၊ အစေ့များနှင့် အခွံမာသီးများမှာ ဒီဒြပ်စင်ကို တွေ့ရှိနိုင်ပါတယ်။

၄။ ကော်ဖီသောက်သုံးမှုကို လျှော့ချပါ

ကိုယ်ဝန်ရချင်တယ်ဆိုရင် ကော်ဖီသောက်သုံးမှုက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျမှု အန္တရာယ်ကိုလည်း တိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ရှောင်ဖို့ ခက်ခဲတယ်ဆိုရင် တစ်နေ့ကို အများဆုံး ၂ခွက် သောက်သုံးမှုကို လျော့ချပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ

အားကစား အသင့်အတင့် ကစားပေးခြင်းက မျိုးဆက်ပွားကျန်းမာရေးကို တိုးတတ်စေတဲ့ အကျိုးခံစားခွင့်တွေ ရရှိပါတယ်။
ပျော်ရွင်မှုကို ခံစားရစေတဲ့ ဒိုပါမင်ဟော်မုန်းအဆင့်ကို တိုးပွားစေတာကြောင့် စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
သွေးလည်ပတ်မှုကို တိုးတတ်စေပြီး ဟော်မုန်းတွရဲ့ cellular receptors ကိုလှုံ့ဆော်ပေးပါတယ်။
ကြွက်သားနှင့် ဟော်မုန်းညီမျှမှုကို ထောက်ပံ့ပေးပြီး ဟော်မုန်းတွေ ထုတ်လုပ်မှုကို တိုးတတ်စေပါတယ်။ သားအိမ်ဆဲလ်များသားအိမ်ပြင်ပရောက်နေတဲ့ ရောဂါနှင့် သားအိမ်အလုံးအကျိတ်တွေရဲ့ လက္ခဏာကို ထိန်းညှိပေးပါတယ်။

အကျဉ်းချုပ်အားဖြင့် ဘယ်လိုအစားအစာတွေက မျိုးပွားမှုကို အကျိုးသက်ရောက်စေသလဲဆိုတာ သိခြင်းဖြင့် အနာဂတ်ပြဿနာများကို တားဆီးနိုင်သလို ကိုယ်ဝန်ဆောင်ဖို့အတွက် ပြင်ဆင်ထားနိုင်ပါတယ်။ အနာဂတ်မှာ မိခင်ကောင်းတစ်ယောက် ဖြစ်လာဖို့ ဒီအချက်လေးတွေကို ဖတ်ရှုပြီး မျှဝေပေးနိုင်ပါတယ်။
#Chit_MyaMay

LM_Nandar

Source-youaremom

ZawGyi

အစားအေသာက္က မ်ိဳးပြားမႈကို ဘယ္လိုအက်ိဳးသက္ေရာက္သလဲ? သင္ဘာေတြသိထားသင့္သလဲ?
က်န္းမာတဲ့ လူေနမႈပုံစံလိုခ်င္ရင္ သင့္ဘဝမွာ အစားအေသာက္ေကာင္းက အေရးပါတဲ့ အစိတ္အပိုင္းျဖစ္သင့္ပါတယ္။ က်န္းမာေသာ အေလ့အထမ်ားက အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ႏွစ္ဦးစလုံးအတြက္ ကေလးလိုခ်င္လာတဲ့အခါမွာ ပိုၿပီးအေရးႀကီးလာပါတယ္။ ဒါ့ေၾကာင့္ အစားအေသာက္က မ်ိဳးပြားမႈကို ဘယ္လို အက်ိဳးသက္ေရာက္ေစႏိုင္သလဲ? ဆိုတာသိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

အစားအေသာက္က အမ်ိဳးသမီးမွာ မ်ိဳးပြားမႈကို ဘယ္လို သက္ေရာက္ေစသလဲ?

အဝလြန္ျခင္းက မ်ိဳးမပြားမႈကို ျဖစ္ေစနိင္တဲ့ က်န္းမာေရးျပႆနာျဖစ္ပါတယ္။ ဒါ့အျပင္ ကယ္လိုရီစားသုံးမႈ အာဟာရေလွ်ာ့နည္းျခင္းတာကလည္း ကိုယ္ဝန္ေဆာင္ႏိုင္စြမ္းကို ေလ်ာ့က်ေစပါတယ္။ ကိစၥႏွစ္ခုစလုံးမွာ သင့္ရာသီစက္ဝန္းဟာ က်န္းမာစြာ မ်ိဳးဥထုတ္လုပ္ျခင္းကို သက္ေရာက္ေစတဲ့အျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။
မွန္ကန္တဲ့ အာဟာရစားသုံးမႈက သေႏၶသားက်န္းမာစြာ ဖြံ႕ၿဖိဳးမႈႏွင့္ က်န္းမာသန္စြမ္းတဲ့ ကလးေမြးဖြားလာဖို႔ ေသခ်ာေစပါတယ္။
ဒါ့အျပင္ က်န္းမာေသာ အစားအေသာက္မွတဆင့္ မိခင္ႏွင့္ကေလးအတြက္ က်န္းမာေရးျပႆနာမ်ားကို ေရွာင္ၾကဥ္ႏိုင္ပါတယ္။ ဒါကကိုယ္ဝန္ေဆာင္ ဘယ္အဆင့္မွာမဆို ကိုယ္ဝန္ပ်က္က်ႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။

အစားအေသာက္က အမ်ိဳးသားမွာ မ်ိဳးပြားမႈကို ဘယ္လိုသက္ေရာက္ေစသလဲ?

အမ်ိဳးသားမွာ အစားအေသာက္က မ်ိဳးပြားမႈကို ေကာင္းစြာသက္ေရာက္ေစပါတယ္။ သုတ္ရည္ရဲ႕အရည္အေသြးက အာဟာရမွ်တမႈႏွင့္အတူ တိုးတတ္လာေစႏိုင္ပါတယ္၊ မ်ိဳးဆက္ပြားျပႆနာ ၄၀ရာခိုင္ႏႈန္းေလာက္က အစားအေသာက္ညံ့ဖ်င္းမႈႏွင့္ ဆက္စပ္ေနတယ္လို႔ ခန္႔မွန္းထားပါတယ္။
သုတ္ပိုးရဲ႕ စြမ္းရည္ကို လႈံ႕ေဆာ္ေပးၿပီး၊ မ်ိဳးပြားမႈစနစ္၏ အိုမင္းျခင္းကို တားဆီးေပးတဲ့ အင္တီေအာက္ဆီဒင့္ႂကြယ္ဝေသာ အစားအစာမ်ားကို စားသုံးရပါမယ္။ အသီးႏွင့္ ဟင္းသီးဟင္း႐ြက္စားသုံးမႈကို တိုးျမႇင့္ေသာ အမ်ိဳးသားေတြရဲ႕ သုတ္ပိုးဟာ က်န္းမာၿပီး အရည္အေသြး သိသိသာသာ တိုးတတ္ေကာင္းမြန္ပါတယ္။

မ်ိဳးပြားမႈကို တိုးတတ္ေစတဲ့ အစားအေသာက္မ်ားအတြက္ အႀကံျပဳခ်က္မ်ား

အစားအစာအားလုံးဟာ ခႏၶာကိုယ္အေပၚ ေရရွည္အက်ိဳးသက္ေရာက္ေစတဲ့ အာဟာရမ်ားပါရွိပါတယ္။ဒီအေၾကာင္းရင္းေတြေၾကာင့္သင္ဟာ မ်ိဳးပြားမႈကို တိုးတတ္ေစႏိုင္တဲ့ အစားအစာမ်ားကို သတိထားသင့္ပါတယ္။

၁။ ဗီတာမင္စားသုံးပါ

ဗီတာမင္ေတြက သင္ကိုယ္ဝန္ရခ်င္တဲ့အခါမွာ မရွိမျဖစ္လိုအပ္တာေၾကာင့္ ဗီတာမင္ တစ္ခုစီရဲ႕ လုပ္ေဆာင္မႈေတြကို ေအာက္မွာေဖာ္ျပထားပါတယ္။
ဗီတာမင္ ဘီ – အမ်ိဳးသမီးရဲ႕ ေဟာ္မုန္းအဆင့္ေတြကို ညီမွ်ေအာင္ကူညီေပးပါတယ္။ ဒါက သႏၶသားရဲ႕ ဦးေႏွာက္ အာ႐ုံေၾကာစနစ္ ဖြဲ႕စည္းျခင္းကို အေထာက္အကူျပဳပါတယ္။
ဗီတာမင္ စီ – ကိုယ္ခံစြမ္းအားစနစ္ကို လႈံ႕ေဆာ္ေပးတဲ့အျပင္ အမ်ိဳးသမီးမွာ မမ်ိဳးဥ ထုတ္လုပ္မႈကို တိုးျမႇင္ေပးၿပီး အမ်ိဳးသားမွာ သုတ္ရည္ရဲ႕ အရည္အေသြးကို တိုးတတ္ေစပါတယ္။
ဗီတာမင္ ဒီ – ကိုယ္ဝန္ေဆာင္ႏိုင္စြမ္းကို တိုးျမႇင့္ေစတဲ့ အင္ဆူလင္ရဲ႕ secretionကို တိုးတတ္ေစပါတယ္။
ဒီဗီတာမင္ေတြ၊ တျခားဗီတာမင္အုပ္စုေတြကို အသားမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားနင့္ အသီးအႏွံမ်ားမွ သဘာဝအတိုင္း ရယူႏိုင္ပါတယ္။ ဗီတာမင္ခ်ိဳ႕တဲ့မႈ ခံစားရလွ်င္ ဆရာဝန္တစ္ဦးဆီက ျဖည့္စြက္ အႀကံျပဳခ်က္ ရယူႏိုင္ပါတယ္။

၂။ အဆီ

ဖက္တီးအက္ဆစ္ကို အျပာေရာင္ငါးနင့္ အခြံမာသီးေတြကလာတဲ့ အိုမီဂါ 3,6 ႏွင့္ 9ဆိုၿပီး အႀကံျပဳထားပါတယ္။ အမ်ိဳးသားမွာ သူတို႔ဟာ သုတ္ပိုးကိုအ႐ြယ္ေရာက္ေစၿပီး အမ်ိဳးသမီးမွာ စိတ္ဖိစီးမႈႏွင့္ ကိုယ္ဝန္ေဆာင္ႏွင့္ဆက္စပ္ေနတဲ့ စိတ္က်ေရာဂါကို ေလ်ာ့ခ်ေပးပါတယ္။

၃။ ဇင့္ႏွင့္ ဆယ္လီနီယမ္ စားသုံးပါ

အမ်ိဳးသားမွာ ဇင့္ႏွင့္ ဆယ္လီနီယမ္က က်ားေဟာ္မုန္းရဲ႕ ပမာဏကို တိုးေစပါတယ္။ ရလဒ္အျဖစ္ သူတို႔က သုတ္ပိုးပမာဏကို တိုးျမႇင္ေပးပါတယ္။ အမ်ိဳးသမီးေတြမွာ ဒီသတၱဳဓါတ္ကင္းမဲ့ျခင္းက ကိုယ္ဝန္ပ်က္က်မႈအႏၲရာယ္ကို တိုးေစပါတယ္။ ဟင္းသီးဟင္း႐ြက္မ်ား၊ ငါး၊ တူနာ၊ ဆာဒင္း၊ အေစ့မ်ားႏွင့္ အခြံမာသီးမ်ားမွာ ဒီျဒပ္စင္ကို ေတြ႕ရွိႏိုင္ပါတယ္။

၄။ ေကာ္ဖီေသာက္သုံးမႈကို ေလွ်ာ့ခ်ပါ

ကိုယ္ဝန္ရခ်င္တယ္ဆိုရင္ ေကာ္ဖီေသာက္သုံးမႈက အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။ ကိုယ္ဝန္ပ်က္က်မႈ အႏၲရာယ္ကိုလည္း တိုးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေကာ္ဖီေသာက္ျခင္းကို ေရွာင္ရွားသင့္ပါတယ္။ ေရွာင္ဖို႔ ခက္ခဲတယ္ဆိုရင္ တစ္ေန႔ကို အမ်ားဆုံး ၂ခြက္ ေသာက္သုံးမႈကို ေလ်ာ့ခ်ပါ။

၅။ ေလ့က်င့္ခန္းလုပ္ပါ

အားကစား အသင့္အတင့္ ကစားေပးျခင္းက မ်ိဳးဆက္ပြားက်န္းမာေရးကို တိုးတတ္ေစတဲ့ အက်ိဳးခံစားခြင့္ေတြ ရရွိပါတယ္။
ေပ်ာ္႐ြင္မႈကို ခံစားရေစတဲ့ ဒိုပါမင္ေဟာ္မုန္းအဆင့္ကို တိုးပြားေစတာေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစပါတယ္။
ေသြးလည္ပတ္မႈကို တိုးတတ္ေစၿပီး ေဟာ္မုန္းတြရဲ႕ cellular receptors ကိုလႈံ႕ေဆာ္ေပးပါတယ္။
ႂကြက္သားႏွင့္ ေဟာ္မုန္းညီမွ်မႈကို ေထာက္ပံ့ေပးၿပီး ေဟာ္မုန္းေတြ ထုတ္လုပ္မႈကို တိုးတတ္ေစပါတယ္။ သားအိမ္ဆဲလ္မ်ားသားအိမ္ျပင္ပေရာက္ေနတဲ့ ေရာဂါႏွင့္ သားအိမ္အလုံးအက်ိတ္ေတြရဲ႕ လကၡဏာကို ထိန္းညႇိေပးပါတယ္။

အက်ဥ္းခ်ဳပ္အားျဖင့္ ဘယ္လိုအစားအစာေတြက မ်ိဳးပြားမႈကို အက်ိဳးသက္ေရာက္ေစသလဲဆိုတာ သိျခင္းျဖင့္ အနာဂတ္ျပႆနာမ်ားကို တားဆီးႏိုင္သလို ကိုယ္ဝန္ေဆာင္ဖို႔အတြက္ ျပင္ဆင္ထားႏိုင္ပါတယ္။ အနာဂတ္မွာ မိခင္ေကာင္းတစ္ေယာက္ ျဖစ္လာဖို႔ ဒီအခ်က္ေလးေတြကို ဖတ္ရႈၿပီး မွ်ေဝေပးႏိုင္ပါတယ္။
#Lifestyle_Myanmar

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here