ဒီကနေ့မှာတော့ အစိုးရကနေပြီးတော့ လူတွေကို ကလေးတွေအတွက် ထောက်ပံ့ပေးတဲ့ နိုင်ငံတွေကို ရှာဖွေပြီး မိဘဖြစ်ခြင်းကို ၀မ်းသာပျော်ရွှင်ရစေဖို့ အချို့သော အကျိုးကျေးဇူးများကို ကမ်းလှမ်းတဲ့အကြောင်းကို မျှ၀ေပေးပါ့မယ်။ သူတို့လုပ်ရတဲ့ အကြောင်းရင်းက တိုင်းပြည်လူဦးရေတိုးပွားဖို့နှင့် လူဦးရေကပ်ဆိုက်တဲ့ ကာလတွေကို လျှော့ချနိုင်ဖို့ တွေပဲ ဖြစ်ပါတယ်။
ဒီကနေ့ ခေတ်ကာလတွေမှာ လူများစွာဟာ တာ၀န်မဲ့သော လုပ်ရပ်များရှိနေခြင်းက ကလေးမွေးဖွားခြင်းရဲ့ ဖြစ်နိုင်ချေကို ဖယ်ထုတ်ဖို့ သူတို့ကို ပိုများလာစေပါတယ်။ ဒီအခြေအနေတွေကို သတိပြုမိလာသည်နှင့်အမျှ တစ်ချို့သောနိုင်ငံတွေရဲ့ အစိုးရတွေဟာ မိဘဘ၀ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ စွန့်စားမှုကို ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသူတွေကို စီးပွားရေးအကူအညီပေးဖို့ ရွေးချယ်ခဲ့ကြပါတယ်။

အစိုးရက ကလေးများအတွက် ဘာကြောင့်ထောက်ပံ့ပေးသလဲ
ဒီနိုင်ငံတွေမှာ ရှိတဲ့ လူဦးရေကို နှစ်၃၀အတွင်း လေးပုံတစ်ပုံလျှော့ချနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဲ့ဒီ့အချိန်မှာ သန်းပေါင်းများစွာသောအငြိမ်းစားတွေကို ပင်စင်ငွေပေးချေမှုကို ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ စီးပွားရေးကုန်ပစ္စည်းထုတ်လုပ်ရန် လုံလောက်သောလုပ်သားအင်အားရှိလိမ့်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ တစ်ချို့နိုင်ငံတွေမှာ မိဘအုပ်ထိန်းမှုကို တိုးမြှင့်ရေးအတွက် ငွေကြေးထေောက်ပံ့မှုနှင့် အခြားအကျိုးခံစားခွင့်တွေ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အကျိုးခံစားခွင့်အချို့မှာ ကလေးမွေးဖွားခြင်း၊ ကလေးစောင့်ရှောက်ရေးစရိတ်၊ ကျောင်းငွေနှင့် လစာပေးသော အလုပ်ခွင့်တို့ ဖြစ်ပါတယ်။
မိဘဖြစ်ရခြင်းဆိုတာ အချိန်၊ အားစိုက်မှု ၊ ငွေရေးကြေးရေး လိုအပ်ချက်တွေများစွာရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ အစိုးရမှ ကလေးမွေးဖွားဖို့ အားပေးတဲ့ နိုင်ငံမှာ နေထိုင်မယ်ဆိုရင် သင့်အနေနဲ့ အစားထိုးပြန်ရနိုင်ပါတယ်။ အဲ့ဒီ့နိုင်ငံတွေကတော့
ဂျပန်
အစိုးရက ပြည်သူတွေကို ကလေးတွေကို မွေးဖွားဖို့ ထောက်ပံ့ပေးတဲ့ နိုင်ငံတွေထဲမှာ ဂျပန်က ထိပ်ဆုံးကရှိနေပါတယ်။ ဒီနိုင်ငံမှာဆိုရင် လူတွေက ခန့်မှန်းခြေအားဖြင့် ဒေါ်လာ၃၅၀၀နှင့် ညီမျှသော ၄၂၀၀၀၀ယန်းခန့် ကုန်ကျစရိတ်အတွက် အာမခံရှိပါတယ်။ ဒါတွေကို မသုံးဘူးဆိုရင် နောက်မှ တောင်းဆိုနိုင်ပါတယ်။
ဒါ့အပြင် မိခင်များအနေနဲ့ သူတို့ကို ကလေးသုံးနှစ်မပြည့်မှီ လစဥ်ယန်း၁၅၀၀ပေးဆောင်ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး ကလေးအသက်၁၅နှစ်မပြည့်ခင်အထိ ထောက်ပံ့ကြေးတွေရရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားများကို ၎င်းတို့ရဲ့ ဆေးပေးငွေရဲ့ ၅၀%နှင့် အထက် လျှော့စျေးများကို
ကမ်းလှမ်းပါတယ်။ ရလဒ်အနေနဲ့ မကြာသေးမှီ နှစ်များအတွင်း တိုင်းပြည်ရဲ့ မွေးဖွားနှုန်းကို တိုးမြှင့်ပြီးတော့ လူဦးရေအချိုးအစားအကျပ်အတည်းကို လျှော့ချနိုင်ပါတယ်။

ဂျာမနီ
ဂျာမနီနိုင်ငံမှာ Elterngeldလို့ ခေါ်တဲ့ အစီအစဥ်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ တရား၀င်နေထိုင်သူများ (သို့) မိဘများက သူတို့လစာရဲ့ ၆၅%ကျော်ကို အခွန်နှင့် လျော်ကြေးပေးကြပါတယ်။ အများဆုံးမှာ ယူရို၈၀၀ဖြစ်ပြီး အနည်းဆုံးယူရို ၃၀၀ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာဆိုရင် ၁၄လကျော်ကြာ အနည်းငယ်သာ အလုပ်လုပ်ခွင့်မရသောအလုပ်ခွင်ခွင့်ကိုပါ အကျုံး၀င်ပါတယ်။
ပြင်သစ်
ပြင်သစ်အစိုးရဟာ ကလေးမွေးရန်အားပေးတဲ့ နိုင်ငံစာရင်းတွေမှာ ပါ၀င်ပါတယ်။ ရက်သတ္တပတ်၂၈အပြီးမှာ Caisse des Allocation Familialesတွင် ယူရို၉၀၀ ခန့်ပါ၀င်ပါတယ်။ ၁၆ပတ်ကြာ မီးဖွားခွင့်ကို မိခင်များအား အပြည့်အ၀ထောက်ပံ့ပေးပါတယ်။ မွေးစားရန် ဆုံးဖြတ်ထားသူတွေက တစ်လလျှင် ယူရို၁၈၀ပေးဆောင်ရပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားများအနေနဲ့ အကျိုးခံစားခွင့် ရရှိရန် ကလေးမွေးဖွားပြီးနောက် သုံးရက်အတွင်း တိုင်းပြည်မှာ မွေးဖွားသူအဖြစ်မှတ်ပုံတင်ရပါမည်။
နော်၀ေး
အလွန်ကောင်းသောမက်လုံများရှိတဲ့ မိဘဖြစ်ဖို့ ဆုံးဖြတ်သူများကို နော်၀ေးက ချီးမြှင့်ပေးပါတယ်။ ကလေးမွေးပြီး တစ်လအကြာမှာ ကလေးနှစ်နှစ်ပြည့်သည်အထိ အစိုးရက တစ်လလျှင် ဒေါ်လာ၇၀၀ကို စတင်ပေးပါတယ်။အဲ့ဒီ့နောက် အသက်၁၈နှစ် မပြည့်မှီအထိ ဒေါ်လာ၁၀၀နီးပါးနှင့် ညီမျှသော ဒေါ်လာ၁၂၀နှင့် ညီမျှတဲ့ ငွေပမာဏကို လျှော့ချပေးပါတယ်။ မိဘတွေကလည်း လုပ်ခလစာကို ရရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ အထက်ပါတိုင်းပြည်များဟာ မိဘဖြစ်ရန် ဆုံးဖြတ်သူများကို ပေးသောအကျိုးကျေးဇူးများဟာ လစဥ်ပေးဆောင်ခြင်းမှ အခွန်လျှော့ချခြင်းနှင့် ဆေးရုံတက်ကုသသည်အထိရှိတာကို သင်တွေ့နိုင်ပါတယ်။ နိုင်ငံခြားသားများဟာ အချို့သောအခြေအနေများနှင့် ကိုက်ညီလျှင်ထောက်ပံ့ကြေးများကို အကျိုးခံစားနိုင်ပါတယ်။
Chit_May_May
Nyein_Thu
sources-Youaremom