
မိသားစုဆိုတာ တစ်ခြားလူတွေ သွေးထိုးရုံနဲ့ မပျက်စီးသင့်သော ဒဏ္ဍာရီလာနှောင်ကြိုးအဖွဲ့အစည်းတစ်ခုဖြစ်ရပါမယ်။ သို့ပေမယ့် တစ်ခါတရံမှာ သင့်ကိုယ်သင် မိသားစုထဲကနေ ခွဲထွက်လာဖို့ (သို့) အဆိပ်သင့်သော မိသားစုဝင်တွေကို ရက်အကန့်အသတ်မရှိဖြတ်တောက်ဖို့က အဆင်မပြေတဲ့အရာပါ။ အဆိပ်အတောက်ဖြစ်စေသော မိသားစုဝင်တစ်ယောက်ကို သည်းခံပြီး သင့်ရဲ့ စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်တော့မှ လျစ်လျူမရှုသင့်ပါဘူး။ ဒီတော့ အဆိပ်အတောက်ဖြစ်စေသူမိသားစုဝင်တစ်ယောက်ရဲ့ လက္ခဏာတွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။
၁။ သူတို့က ဝေဖန်ကဲ့ရဲ့တတ်တယ်၊ တစ်ခြားမိသားစုဝင်တွေကို judge လုပ်တယ်

အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းက ကျန်းမာရေးနှင့် ညီညွှတ်ပေမယ့် အကြောင်းပြချက်ရေရေရာရာမရှိဘဲ တစ်ချိန်လုံးအပြစ်တင်နေခြင်းက ဘယ်သူ့အတွက်မဆို သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို ထိခိုက်စေနိုင်ပါတယ်။
၂။ သူတို့က ဒရာမာတွေ ပုံမှန်ထက် ပိုလုပ်တယ်

ကိုယ်ရေးကိုယ်တာ အကြံဉာဏ်တစ်ချို့အတွက် မိသားစုဝင်တစ်ချို့ဆီမှာ တောင်းဆိုဖူးပါသလား? သင်က သူတို့နဲ့ပတ်သက်ပြီး သင်ထိခိုက်ခဲ့ရတဲ့ ကာလတစ်ချို့ကို ပြောပြမိတဲ့အခါ သူတို့က သူတို့ရဲ့ဘက်က တန်ပြန်ခံစားခဲ့ရတဲ့အရာတွေအကြောင်း သင့်ထက် အဆတစ်ရာပိုပြောပါလိမ့်မယ်။ အဲ့ဒီ့လူက သင့်မိသားစုဝင်ထဲက သင်ယုံကြည်ရတဲ့ မဟာမိတ်တစ်ယောက်လို့ သင်ထင်ခဲ့ဖူးသူဖြစ်ပါလိမ့်မယ်။ သင့်မိသားစုမှာရှိတဲ့ လူတိုင်းက သင့်ရဲ့ ကိုယ်ရေးကိုယ်တာဘဝအကြောင်း အရာရာကို သိပါလိမ့်မယ်။
၃။ သူတို့က သင့်ဆီက တစ်ခုခုလိုချင်မှသာ သင့်ကို စကားလာပြောကြတယ်

မကြာခဏဆိုသလို သူတို့က သင့်ဆီကနေ အကြံဉာဏ်တွေ (သို့) စိတ်ပိုင်းဆိုင်ရာ နှစ်သိမ်မှုတွေယူဖို့ လာလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ကို ကူညီပေးပြီးတာနဲ့ သူတို့က သင့်လိုအပ်ချက်တွေကို ပယ်ချတာမျိုး ဒါမှမဟုတ် သင့်ကို တစ်ချိန်မှာ ပြန်လည်ထိုးနှက်ဖို့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိမ်းထားတာမျိုးလုပ်နိုင်ပါတယ်။
သူတို့တွေက အများအားဖြင့် သူတို့ရဲ့ အပြုအမူတွေ၊ လက္ခဏာတွေကို ပြောင်းလဲလေ့မရှိကြပါဘူး။ သူတို့လုပ်နေတာတွေက သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေကြောင်း သင့်မိသားစုဝင်ကို ယုံကြည်လာအောင် ကြိုးစားနိုင်ပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုကို အများကြီးမမျှော်လင့်တာပိုကောင်းပါတယ်။ အကယ်၍ ဒီလူက သင့်ဘဝကို အမှန်တကယ်အဆိပ်အတောက်ဖြစ်စေပြီလား?ဆိုတာ အရင်ခွဲခြားသင့်ပါတယ်။ အကယ်၍ အမှန်တကယ်သင့်ဘဝတက်လမ်းအတွက် အခက်အခဲဖြစ်စေသူဖြစ်တယ်ဆိုရင် တစ်ဘဝလုံး သူတို့ရဲ့ သားကောင်အဖြစ်မခံပါနဲ့။ သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ မိသားစုဝင်က သင့်မိခင်ကိုယ်တိုင်ဖြစ်နိုင်သလို သင့်ဖခင် (သို့) မိသားစုဝင်တစ်ယောက်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝတိုးတက်ရေးအတွက် ဒီလိုအဆိပ်အတောက်ဖြစ်တဲ့ မိသားစုထဲကနေ ထွက်ခွာနိုင်ဖို့ ကြိုးစားပါ။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal