အဆိပ်အတောက်ဖြစ်ပြီး ကြိုးကိုင်လွန်းသော မိခင်တစ်ယောက်ရဲ့ လက္ခဏာ (6) ချက်

0
387
- Advertisement -

မိခင်နှင့် ကလေးတွေရဲ့ နှောင်ကြိုးဟာ အင်မတန်းထူးခြားပါတယ်။ သင့်မိခင်နှင့် သင်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တွယ်ကပ်မှုတွေဟာ တစ်ခြားလူတွေနဲ့ သင်ခံစားရတဲ့ ဆက်သွယ်မှုတွေနဲ့ မတူပါဘူး။ ဒီအရာက သင့်အတွက် ကောင်းတာတွေတကယ်ရှိနေတယ်ဆိုပေမယ့် အကယ်၍မိခင်က သင့်အားညှင်းပန်းနှိပ်စက်ခြင်းနှင့် စိတ်ထိခိုက်စေတဲ့အပြုအမူတွေ အထူးသဖြင့် သင့်ကို အသုံးချနေတဲ့ မိခင်ဖြစ်ဆိုရင် သင့်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

မိသားစုတိုင်းမှာ သူတို့ကိုယ်ပိုင်ပျိုးထောင်မှုတွေ၊ ဆုံးမသွန်သင်မှုတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိကြပါတယ်။ သူတို့ထဲက အများစုမှာ ကြိုးကိုင်ခြယ်လှယ်ခြင်းတွေလည်း ရှိနေကြပါတယ်။ ၎င်းတို့ထဲက တစ်ချို့ကတော့ ကလေးတွေအတွက် အန္တရာယ်ကင်းကြပေမယ့် ကံမကောင်းစွာနဲ့ပဲ တစ်ချို့ကတော့ အန္တရာယ်ကျရောက်နေတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ ၎င်းက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး အရွယ်ရောက်ပြီးသည်အထိ အမာရွတ်တွေပါသွားကြပြီး ဘဝတစ်လျှောက်လုံး အလွဲလွဲအချော်ချော်နဲ့ တစ်ဘဝစားမှားယွင်းနေပါလိမ့်မယ်။ ဒီကနေ့မှာ အဆိပ်အတောက်ဖြစ်စေပြီး အန္တရာယ်ရှိသော မိခင်တစ်ဦးရဲ့ အပြုအမူတွေကို မျှဝေချင်ပါတယ်။

၁။ သင့်ရဲ့ ခံစားချက်တွေကို မှတ်ချက်ပေးပြီး နှိမ့်ချခြင်း

- Advertisement -

ကျွန်မတို့လူတိုင်းက ကျွန်မတို့ရဲ့ ခံစားချက်တွေကို တစ်ဦးအပေါ် တစ်ဦးလွတ်လပ်စွာ မျှဝေပိုင်ခွင့်ရှိပါတယ်။ တစ်ဖက်မှာလည်း မိသားစုဆိုတာ ဒီလိုခံစားချက်တွေကို မျှဝေဆွေးနွေးဖို့ အရင်းနှီးဆုံးလူသားတွေဖြစ်ပါတယ်။ မိခင်ဖြစ်သူက သင့်အား သင့်ခံစားချက်တွေကို ပြောဆိုခွင့်မပေးတဲ့ သင့်ကို ကြားဖြတ်နှောင့်ယှက်သူအဖြစ် သတ်မှတ်ခဲ့ပြီး သင့်စိုးရိမ်ပူပန်မှုတွေကို ဂရုမစိုက်ဘူးဆိုရရင် သင့်မိခင်ဟာ သတိထားရမယ့် အမေမျိုးဖြစ်ပါလိမ့်မယ်။ စိတ်ခံစားမှုအတွက် သင့်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် ဘယ်အရာကို ခံစားသင့်တယ်လို့ ပြောပြလာတယ်ဆိုရင် တစ်စုံတရာပြဿနာရှိနေပါပြီ။

ကလေးတိုင်းကို တန်းတူမြင်နေတာတွေဟာ မဖြစ်သင့်ကြောင်း လူတွေကို ကွဲပြားခြားနားစွာ မြင်တတ်ဖို့ အကြံပေးသင့်ပါတယ်။ ကလေးငယ်တွေရဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို မဖြေရှင်းပေးခဲ့ခြင်းက အသက်ကြီးလာတဲ့အခါ စိတ်ကျဝေဒနာကို ဖြစ်စေနိုင်ပြီး အရွယ်ရောက်လာသောအခါ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ကိုင်တွယ်ဖို့ ခက်ခဲပါလိမ့်မယ်။

၂။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေနှင့် နှုတ်ဖြင့် အလွဲသုံးစားမှု

လူသိရှင်ကြားနာမည်ပေးခြင်း၊ ရှက်ခြင်း၊ ကဲ့ရဲ့ခြင်း၊ အရာရာမှားယွင်းနေသလိုမျိုး သင့်ကို အပြစ်တင်ခြင်းနှင့် ကဲ့ရဲ့ရှုတ်ချခြင်းနှင့် သူမရဲ့ အကျိုးစီးပွားအတွက် အသုံးချခြင်းတွေပြုလုပ်ပြီးတဲ့အခါ ဒါဟာ သင့်ကို ချစ်လို့ (သို့) သင့်ရဲ့ ရေရှည်အကျိုးစီးပွားအတွက်ဟုဆိုတာ ဆင်ခြေပေးဖို့ ကြိုးစားပါလိမ့်မယ်။ မထီမဲ့မြင်ပြုခြင်းနှင့် လူသိရှင်ကြားအရှက်ခွဲခြင်းတို့ဟာ ဖော်ရွေသော ထိုးနှက်ခြင်း (သို့) ဟာသအဖြစ် အဖြစ် အသွင်ပြောင်းသွားနိုင်ပါတယ်။

၃။ စိတ်ခံစားမှုဆိုင်ရာ စော်ကားခြင်း

တစ်ခါတလေမှာ သင့်အမေက သင့်ခံစားချက်တွေကို တမင်တကာတောင်းဆိုပြီး သူမလိုချင်တာတွေရဖို့ တောင်းဆိုနိုင်ပါတယ်။ အကယ်၍ သင်က ခုခံတွန်းလှန်မယ်ဆိုရင် ဒါမှမဟုတ် ငြင်းဆန်မယ်ဆိုရင် သင့်ရဲ့ စိတ်ခံစားမှုတွေ (သို့) တာဝန်ဝတ္တရားတွေကို ဖိအားပေးခြင်း (သို့) ချော့မော့ခြိမ်းခြောက်မှုတွေနဲ့ ဖိအားပေးပါလိမ့်မယ်။ သင့်ဘဝတစ်လျှောက်လုံးအပြစ်ရှိသူတစ်ယောက်လိုခံစားနေရဖို့ သားကောင်ကဒ်ပြားတံဆိပ်ပါ တစ်ခါတည်းကပ်ပေးပါလိမ့်မယ်။ သူမရဲ့ တောင်းဆိုချက်တွေကို လက်ခံသောအခါ သင့်အား ချစ်ခင်ကြင်နာမှုတွေနဲ့ ဆုချပါလိမ့်မယ်။

၄။ ကြိုးကိုင်သူမိခင်တစ်ယောက်ဟာ အဓိပ္ပာယ်မရှိသော လိမ်လည်သူတစ်ဦးဖြစ်ပါတယ်

လိမ်ပြောခြင်းဟာ သူမအတွက် အင်မတန်လွယ်ကူပါလိမ့်မယ်။ သင်မယုံခဲ့ဘူးဆိုရင် သင့်ကို သားကောင်ကဒ်ပြားနဲ့ ကိုင်ပေါက်ပါလိမ့်မယ်။ နောက်ဆုံးမှာ သင်ပြန်ပြောမိခြင်းအတွက် နောင်တတောင်ရမိပါလိမ့်မယ်။

၅။ ထိန်းချုပ်ခြင်း/ ခြယ်လှယ်ခြင်း

သူတို့ရဲ့ သားသမီးတွေကို ချစ်မြတ်နိုးကြတဲ့ မိဘတိုင်းရဲ့ အိပ်မက်က သူတို့ရဲ့ ကလေးတွေကို အရည်အချင်းရှိပြီး လွတ်လပ်သောလူကြီးအဖြစ် ကြီးပြင်းလာစေချင်ကြပြီး ပျော်ရွှင်ပြီး ကျန်းမာသောဘဝကို ရစေချင်ကြပါတယ်။ ခြယ်လှယ်တတ်တဲ့မိခင်တွေဟာ သူမအပေါ်မှာ သင်မှီခိုပြီးရှင်သန်နေရတာကို နှစ်သက်ကြပါတယ်။ သင်ကလေးဘဝမှာ သင့်ရဲ့ လှုပ်ရှားမှုတွေကို အထူးစောင့်ကြည့်ပါလိမ့်မယ်။ အကြောင်းရင်းကတော့ သင့်ကို ဘယ်လိုအသုံးချရမယ်ဆိုတာကို သိဖို့ဖြစ်ပါတယ်။

သူမဟာ သင့်ကို အောင်မြင်စေချင်ပါလိမ့်မယ်။ သူမ လိုချင်တာတွေရဖို့ နှင့် သင့်ဘဝကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။ သင့်ကို အနိုင်ကျင့်ဖို့ အတိုးအတာတစ်ခုအထိ သူမလက်အောက်ကနေ မလွတ်စေဖို့ နည်းလမ်းတွေကို ကြံစည်ပါလိမ့်မယ်။

၆။ ဘယ်တော့မှ စိတ်ကျေနပ်တယ်ဆိုတာ မရှိဘူး

သင့်ရွေးချယ်မှုတွေက ဘယ်အရာတွေပဲဖြစ်နေပါစေ (သို့) သင်ဘယ်လောက်ပဲ အလုပ်ကြိုးစားပြီး အောင်မြင်နေပါစေ ၎င်းက သူမအတွက် လုံလောက်တယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ သူမဟာ သင့်လုပ်ဆောာင်မှုတွေ၊ ရွေးချယ်မှုတိုင်းမှာ အပြစ်တွေကို အမြဲတမ်းရှာနေပြီး သင်နဲ့အတူ စိတ်ပျက်နေပါလိမ့်မယ်။ ကလေးဘဝကတည်းက ကျောင်းမှာအောင်မြင်မှုတွေရလာတဲ့အခါမှာလည်း ချီးမြှင့်ဂုဏ်ပြုပေးတာတွေရှိမှာမဟုတ်သလို ကောလိပ်တက်ဖို့ ရွေးချယ်တဲ့အခါမှာလည်း ခွင့်ပြုမှာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ သူမရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ပျော်ရွှင်ရမှာမဟုတ်သလို လက်ထပ်ဖို့ ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ပါတနာကို ခွင့်ပြုပေးမှာမဟုတ်ပါ။ သူမက သင်ရွေးးချယ်သမျှ လုပ်သမျှကို ကန့်ကွက်နေမှာဖြစ်တာကြောင့် သူမနှစ်သက်အောင် မကြိုးစားပါနဲ့။

Chit_May_May

Nyein_Thu

Ref-themindjournal

LEAVE A REPLY

Please enter your comment!
Please enter your name here