အတွေ့အကြုံရှိသော မိဘတွေ မျှဝေထားတဲ့ Parenting စာအုပ်ထက် ပိုလန်းသော အကြံဉာဏ်တချို့

0
861
- Advertisement -

ကလေးနဲ့ စျေးဝယ်ထွက်ရတာဟာ မိဘတွေအတွက် စိတ်အရှုပ်ဆုံး အချိန်ဖြစ်နိုင်ပါတယ်။ ကလေးက စတိုးဆိုင်မှ ချောကလက်တောင့်နဲ့ အရုပ်ကို မရလို သောင်းကျန်းနိုင်ပါတယ်။ “မငိုနဲ့ တိတ်စမ်း” ဆိုတဲ့ စကားလုံးက အကူအညီဖြစ်မှာမဟုတ်ပါဘူး။ သင်ဟာ ပိုက်ဆံလည်း အပိုကုန်ချင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေမျိုးက ကလေးရှိသူတိုင်း ကြုံတွေ့ရနိုင်ပေမယ့် အဖြေတစ်ခု အမြဲတမ်း ရှိပါတယ်။ ဒီနေ့မှာ မေမေတို့ရဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ အကူအညီဖြစ်စေမယ့် ထိရောက်သော အကြံဥာဏ်တွေကို ရှာဖွေပေးထားပါတဉ်။ ဒီအကြံဉာဏ်တွေကတော့ Reddit အသုံးပြုသူ မိဘများထံမှ အကြံဉာဏ်တွေ ဖြစ်ပါတယ်။

၁။ ကလေးရဲ့ အာရုံကို ပြောင်းပေးပါ

သူတို့ကို “ငိုနေတာ တိတ်စမ်း”လို့ မပြောပါနဲ့။ ကလေးက ငိုယိုဂျီကျနေရင် သူတို့ကို အာရုံပြောင်းပေးပါ။ သူတို့အဝတ်အစား (သို့) ဖိနပ်က ဘာအရောင်လဲ ဆိုတာကို မေးကြည့်ပါ။ ကလေးတွေဟာ သူတို့ဝတ်ထားတဲ့ အရာနှင့်ပတ်သတ်ပြီး မတွေးခဲ့ခြင်းကြောင့် အဲ့ဒီအပေါ်မှာ အာရုံပြောင်းသွားနိုင်ပါတယ်။ ငိုနေတာနဲ့ ပတ်သတ်ပြီး မေ့သွားပါလိမ့်မယ်။

၂။ အချိန်ဘယ်လောက် ကျန်သလဲဆိုတာ မပြောပါနဲ့

ဂိမ်းကို ပြီးအောင်ကစားဖို့ ၅မိနစ် (သို့) ၁၀မိနစ် ဆိုပြီးအချိန်ပေးလိုက်တာက ကလေးတွေအတွက် clear မဖြစ်ပါဘူး။ သူတို့က မိနစ်တွေကို မရေတွက်နိုင်သလို အချိန်ဘယ်လောက်ကုန်သွားတယ်ဆိုတာ နားမလည်ပါဘူး။ ဥပမာ- ဘတ်စကတ်ဘော ကစားနေပါက “နောက်ထပ် ၅မိနစ် ကစားပြီးရင် စာလုပ်ရမယ်”လို့ ပြောမယ့်အစား “နောက်ထပ် ၅ခါ ပစ်ပြီးရင် စာလုပ်ရမယ်” လို့ပြောပါ။

၃။ ကိုယ်က အရင်လုပ်ပြပါ

ကလေးက မျက်နှာသစ်ပြီး မသုတ်ချင်ပါက ဒီလှည့်ကွက်ကို စမ်းကြည့်ပါ။ ပထမဆုံး မိဘကိုယ်တိုင်က မျက်နှာသုတ်ပြပါ။ နှုတ်ကမပြောတဲ့ communication က ကလေးတွေကို နားလည်စေနိုင်တယ်လို့ Reddit အသုံးပြုသူများက ဆိုပါတယ်။ အစကတော့ မလုပ်ဘူးလို့ ငြင်းပေမယ့် မိဘကိုယ်တိုင် အရင်ဆုံးလုပ်ပြရင် သူတို့လိုက်လုပ်ပါလိမ့်မယ်။ သွားတိုက်တဲ့အခါမှာလည်း ဒီလှည့်ကွက်ကို သုံးနိုင်ပါတယ်။

၄။ သူတို့ကို “ကျေးဇူးတင်ပါတယ်”၊ “ဆောရီးပါ”လို့ ပြောပေးပါ

ကလေးက မိဘတွေကို ကူညီချင်နေတယ်ဆိုရင် လျစ်လျူမရှုပါနဲ့။ လူတိုင်းက အသိအမှတ်ပြုတဲ့ စကားလုံးကို ကြားချင်ကြပါတယ်။ သူတို့ကို “ဆောရီးပါ “။ “ကျေးဇူးတင်ပါတယ်”လို့ ပြောဖို့ သင်ယူပါ။ ဒီအပြုအမှုက ဘယ်အသက်အရွယ်မှာ ဖြစ်စေ ကလေးနဲ့ မိဘရဲ့ ဆက်ဆံရေးကို ပိုနီးကပ်စေပါတယ်။

၅။ ညစာမစားခင် ဟင်းသီးဟင်းရွက်တွေကို ကျွေးပါ

ကလေးတိုင်းက ကြက်သားတုံးအစား ခရမ်းချဉ်သီးကို ရွေးမှာမဟုတ်ပါဘူး။ ကလေးအား ကျန်းမာသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကို ဘယ်လိုကျွေးမလဲဆိုတဲ့ နည်းလမ်းအတွက် အဖြေတစ်ခုရှိပါတယ်။ သူတို့ဗိုက်ဆာနေတဲ့ အချိန်မှာ ဘာပဲဖြစ်ဖြစ် စားမှာဖြစ်တာကြောင့် ညစာမကျွေးခင်မှာ အသီးအရွက်တွေ အရင်ကျွေးထားပါ။

၆။ သင့်မှာ ကလေးအများကြီးရှိရင် ကစားစရာကို အလှည့်ကျ ပေးဆော့ပါ

တကယ်လို့ သင့်မှာ ရွယ်တူ ကလေး၂ယောက် ၊ ၃ယောက်ရှိရင် ကစားစရာတွေ၊ ဂိမ်းတွေနဲ့ အခြားအရာတွေမှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်နိုင်ပါတယ်။ Reddit အသုံးပြုသူများက ၎င်းတို့အား တစ်ပတ်စီ သတ်မှတ်ပေးဖို့ အကြံပြုထားပါတယ်။ တကယ်လို့ ရန်ဖြစ်လာပါက သင်ပထမဆုံးမေးရမယ့် မေးခွန်းမှာ ” ဒီတစ်ပတ် ဘယ့်သူ့အလှည့်လဲ? ဆိုတာမျိုးဖြစ်ပါတယ်။ အငြင်းပွားမှုတွေ နောက်ထပ်မဖြစ်တော့ပါဘူး။

၇။ သူတို့ကို ရွေးချယ်ခွင့်ပေးပါ၊ အဖြေမတောင်းတဲ့ မေးခွန်းတွေကို ရှောင်ပါ

ပထမဆုံး ကလေးတွေဟာ ရွေးချယ်မှုနှင့် ထိန်းချုပ်မှုကို နှစ်သက်ကြပါတယ်။ ဥပမာ- သင်အပြင်သွားတဲ့အခါ ဘယ်အင်္ကျီကို ဝတ်ချင်လဲလို့ သူတို့ကို မေးမြန်းပါ။ ဒါပေပမယ့် ကိုယ့်ရဲ့မေးခွန်းက ပိုပြီးခိုင်လုံရပါမယ်။ ဘယ်ဟာလဲ? လို့မေးမယ့်အစား “အဝါရောင်လား?၊ အနီရောင်လား”လို့ မေးတာ ပိုကောင်းပါတယ်။

ဒုတိယအချက်အနေနဲ့ ရွေးချယ်စရာ မရှိရင် သူတို့ကို မရွေးချယ်ခိုင်းပါနဲ့။ ငါတို့အိမ်ပြန်သင့်သလား? ဆိုတဲ့ မေးခွန်းမျိုးက တကယ်တော့ အဖြေမှန် တစ်ခုတည်းသာ ရှိပါတယ်။ ” ပြီးရင် ငါတို့ဘာလုပ်ကြမလဲ” ဆိုတဲ့ အဖြေမတောင်းတဲ့ မေးခွန်းမျိုးက တစ်ခုမှ မကောင်းပါဘူး။

၈။ မရဘူးလို့ ပြောမယ့်အစား “စာရင်းထဲကို ထည့်ပါ”

ကလေးမှာ ကစားစရာတွေ အများကြီး ဖြစ်သော်လည်း အရုပ်ထပ်လိုချင်နေပါက “မရဘူး၊ မဝယ်ပေးဘူး”လို့ မငြင်းပဲ ကလေးစိတ်ချမ်းသာစေမယ့် အဖြေကို ပေးပါ။ သားလိုချင်တဲ့ အရုပ်စာရင်းထဲ ထည့်ထားလိုက်လို့ ပြောပါ။ ဒီနည်းလမ်းက စတိုးဆိုင်ထဲမှာ ကလေး ငိုယိုဂျီကျခြင်းမှ ရှောင်နိုင်ပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here