
အဘိုးအဘွားတွေနဲ့ မိဘတွေကသာ ကလေးဘဝမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ ဘယ်သူပြောသလဲ? တီလေးတွေကလည်း သူတို့ရဲ့တူ/တူမလေးတွေကို ပြုစုပျိုးထောင်ရာမှာ အရမ်းအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်နော်။ ကလေးတွေကို ပြုစုပျိုးထောင်ပြီး တန်ဖိုးတွေ သင်ကြားပေမယ့် မိဘတွေ ရှိပေမယ့်လည်း တီလေးတွေက ဒုတိယမိခင်တွေရဲ့ အခန်းကဏ္ဍကို လက်တွေ့ကျကျ ခံယူထားကြပါတယ်။ သူတို့တူလေး၊ တူမလေးတွေ လိုအပ်တဲ့အခါ အမြဲရှိနေတတ်ပါတယ်။
ကလေးတွေနဲ့ အဒေါ်တွေကြားက ဆက်ဆံရေးက တကယ့်ကို ရင်းနှီးပါတယ်။ မေမေ ပင်ပန်းတဲ့အခါ အဒေါ်တွေက သူချစ်ရသူလေးတွေအတွက် အချိန်ဖြုန်းပေးဖို့ အမြဲအဆင်သင့်ရှိနေတတ်ပါတယ်။
အဒေါ်တွေက ကလေးတွေရဲ့ ကြီးပြင်းမှုနဲ့ ဘဝမှာ ဘာ့ကြောင့်အရမ်းအရေးကြီးသလဲ?
အဒေါ်တွေက ကလေးတွေရဲ့ဘဝနဲ့ ကြီးပြင်းမှုမှာ အရေးပါရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။
၁။ အန်တီလေးတွေက တူ/တူမလေးတွေကို ဘယ်လိုသင်ပေးရမယ်ဆိုတာလည်း သိကြပါတယ်။ သူတို့က အရောင်တွေ၊ အက္ခရာတွေနဲ့ တခြားအရာတွေ သင်ကြားခြင်းကဲ့သို့သော ကလေးတွေ ပညာရေးရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကြပါတယ်။

၂။ အဒေါ်တွေက အံ့သြစရာကောင်းတဲ့ လူယုံတွေပါ။ ကလေးတွေ အသက်ကြီးလာတဲ့အခါမှာ အချို့သော အကြောင်းအရာတွေကို မိဘနဲ့ပြောဆိုဖို့ ကြောက်ရွံ့တတ်ကြပါတယ်။ ဒါ့ကြောင့် အဒေါ်တွေဆီမှာ မကြာခဏ ရင်ဖွင့်တိုင်ပင်တတ်ကြပါတယ်။ တီလေးတွေကလည်း တူ၊ တူမလေးတွေ အတွက်ဆိုရင် အကြံဉာဏ်ကောင်းတွေ အမြဲပေးတတ်ပါတယ်။ ပြီးတော့ အဒေါ်တွေဟာ နှုတ်လုံပြီး လှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးတတ်သူတွေဖြစ်တာကြောင့် တူ၊ တူမလေးတို့အတွက် ရင်ဖွင့်စရာအကောင်းဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။

၃။ အဒေါ်တွေက စိတ်ပညာရှင်တွေလိုပါပဲ။ တူ/တူမလေးတွေ ဝမ်းနည်းနေရင်၊ စိတ်ဆိုးနေရင် အမြဲသိကြပါတယ်။ ဘယ်လိုကိစ္စမျိုးနဲ့ ပြဿနာမျိုးပဲရှိပါစေ၊ မိဘတွေနဲ့ယှဉ်ရင် အန်တီတွေက ပိုမိုဖြေလျှော့ပေးသလို၊ ပိုပြီးလည်း ကြင်နာတတ်ကြပါတယ်။
၄။ အဒေါ်တွေဟာ သူတို့တူ/တူမလေးတွေကို တန်ဖိုးထားတတ်အောင် သင်ပေးကြပါသေးတယ်။ မိဘတွေ အချိန်သိပ်မပေးနိုင်တဲ့အခါမျိုးမှာ သူတို့ချစ်ရသူလေးတွေကို အမှားအမှန် ခွဲခြားတတ်အောင် သင်ပေးဖို့ အမြဲရှိနေတတ်ပါတယ်။

၄။ သူတို့က တူ/တူမလေးတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုရင် အမြဲအသင့်ရှိနေတတ်ပါတယ်။ တူ/တူမလေးတွေကို ထိန်းဖို့ ဆန္ဒရှိကြပါတယ်။ မိဘတွေက အလုပ်သွားနေရပြီး သားသမီးတွေကို ယုံကြည်နိုင်တဲ့ သူတစ်ယောက်နဲ့ ထားခဲ့ဖို့ လိုအပ်တဲ့အခါ အဘိုးအဘွားတွေက တစ်ခုတည်းသော ရွေးချယ်ခွင့် မဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ အဒေါ်တွေကိုလည်း အားကိုးနိုင်ပါတယ်။ အဖေနဲ့အမေ အပြင်ထွက်တဲ့အခါ ပိုပျော်စရာတွေ ပေးစွမ်းမှာ သေချာပါတယ်။

၅။ တစ်ခါတရံမှာ အဒေါ်တွေက အကျင့်စာရိတ္တ ပြုပြင်ပေးတဲ့အလုပ်ကို လုပ်ရတတ်ပါတယ်။ အဒေါ်တွေ ထိန်းကျောင်းတဲ့ ကလေးတွေဟာ များသောအားဖြင့် ပိုနူးညံ့ပါတယ်။ ကလေးရဲ့အဒေါ်က သိမ်မွေ့စွာ လမ်းပြဖို့ အမြဲရှိနေတတ်ပါတယ်။ အန်တီတွေဟာ နားထောင်တတ်တယ်၊ အမှားရဲ့အကြောင်းကိုကောင်းမွန်စွာ ရှင်းပြတတ်တယ်၊ မှားနေရင်တောင် တူ၊ တူမတွေ လုပ်ဆောင်ချက်မှန်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ပြုပြင်ပေးမယ့်သူတွေ ဖြစ်ကြပါတယ်။

၆။ အဒေါ်တွေက တူ/တူမလေးတွေ အိမ်စာလုပ်ဖို့ကိုလည်း အမြဲအချိန်ပေးပါတယ်။ ကလေးတစ်ယောက်ကို အယူအဆသစ်တွေ သင်ယူဖို့ (သို့) စာမေးပွဲအတွက် လေ့လာဖို့ အကူအညီလိုအပ်တဲ့အခါ အဒေါ်တွေက ဘယ်တော့မှ မငြင်းဘူးဆိုတာ သေချာနိုင်ပါတယ်။
တူ/တူမလေးတွေေရှိခြင်းက တန်ဖိုးမဖြတ်နိုင်ပါဘူးနော်၊ အဒေါ်ဖြစ်ခြင်းထက် ဘယ်အရာက ပိုကောင်းဦးမှာလဲ? သူတို့နဲ့ အမြဲပျော်စရာကောင်းတဲ့ အရာတွေ လုပ်ခွင့်ရပါတယ်။ ပြီးတော့ တူ/တူမလေးတွေက နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကနေ ကျွန်မတို့ကို ရုန်းထွက်စေပြီး စိတ်ဖိစီးမှုတွေ မေ့လျော့အောင် ကူညီပေးနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-youaremom