အနာဂတ်ကာလ အလုပ်အကိုင်တွေအတွက် ကလေးငယ်တွေကို ဘယ်လိုပြင်ဆင်ပေးလို့ရနိုင်မလဲ

0
484
- Advertisement -

နည်းပညာတိုးတက်လာမှုနဲ့ စက်ရုံအလုပ်ရုံတွေမှာ လူအစားထိုးစက်ယန္တရားတွေ သုံးစွဲလာတာတွေကြောင့် လုပ်ငန်းခွင် အခြေအနေတွေဟာ အပြောင်းအလဲတွေဖြစ်ပေါ်လာပါတယ်။ နောင်အနာဂတ်မှာလည်း နည်းပညာတွေဟာ ဒီထက်မကတိုးတက်လာပြီး လူသားတွေရဲ့ လုပ်အားတော်တော်များများမှာ စက်ယန္တရားတွေရဲ့ အစားထိုးဝင်ရောက်လာမှုတွေက ပိုလို့များပြားလာတော့မှာဖြစ်တာကြောင့် ကလေးငယ်တွေရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းတွေကို သေချာစွာရွေးချယ်ပေးဖို့က လိုအပ်လာပြီဘဲဖြစ်ပါတယ်။

အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေရဲ့ ထိပ်ဆုံးမှာရပ်တည်လုပ်ကိုင်နိုင်ဖို့အတွက် စာဖတ်ခြင်း၊ အရေးအသားကျွမ်းကျင်မှုရှိခြင်းနဲ့ ဂဏန်းသင်္ချာတို့ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ကို လိုအပ်ပါလိမ့်မယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း လိမ္မာပါးနပ်စွာဆက်ဆံတတ်ဖို့လည်း လိုပါတယ်။ အပြောင်းအလဲတွေကို ရင်ဆိုင်ရာမှာ ကြံ့ခိုင်မှုရှိဖို့လိုအပ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာမှာ
လည်း အသစ်သစ်သော လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာတွေကို လိုလိုလားလား သင်ယူနိုင်စွမ်းရှိရပါမယ်။ အနာဂတ်အလုပ်ခွင်အတွက် အဓိကလိုအပ်တဲ့အရာတွေကတော့ လုပ်ငန်းပိုင်းဆိုင်ရာ သိမှုနှံ့စပ်ခြင်း၊ ဖန်တီးနိုင်မှုစွမ်းရည်ရှိခြင်း၊ ကြုံတွေ့လာရတဲ့ ပြဿနာတွေကို ကောင်းမွန်စွာဖြေရှင်းနိုင်ခြင်း စတာတွေလိုအပ်ပါလိမ့်မယ်။

အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်လို့ ကြိုတင်ခန့်မှန်းမှုများအရ ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်စောင့်ရှောက်ရေး၊ သိပ္ပံနဲ့ နည်းပညာရှင်များ၊ ဆောက်လုပ်ရေး၊ ပညာရေးနဲ့ လေ့ကျင့်သင့်ကြားမှုဆိုင်ရာများ၊ မြို့ပြအိမ်ရာနေရာချထားရေးနဲ့ အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှုများ အစရှိတဲ့ ကဏ္ဍကြီး ၅ရပ်ဟာ ပိုပြီးတော့ အရေးပါအရာရောက်လာမည်လို့ ခန့်မှန်းထားကြပါတယ်။ အဆိုပါ ကဏ္ဍ ၅ ရပ်အပြင် အောက်ဖော်ပြပါ အလုပ်အကိုင်တွေကလည်း အခွင့်အလမ်းကောင်းဖြစ်လာနိုင်ပါတယ်။

- Advertisement -

(၁) သက်ကြီးရွယ်အိုနဲ့ မသန်မစွမ်းများ စောင့်ရှောက်ရေး

သက်ကြီးရွယ်အိုနဲ့ မသန်မစွမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုပေးတဲ့စနစ်ဟာ အခုချိန်မှာတော့ သိပ်ပြီးမထွန်းကားသေးပေမယ့် နောင်တချိန်မှာတော့ အလုပ်အကိုင်အခွင့်အလမ်းကောင်းဖြစ်လာနိုင်ပါတယ်။ လူတွေဟာ ပိုပြီးအလုပ်ရှုပ်လာကြမယ်၊ နေ့စဉ်နဲ့အမျှ ခေတ်စနစ်ကြီးရဲ့ တိုးတက်မှုကို အမှီလိုက်နေရတဲ့အချိန်မှာ ကိုယ့်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်မစွမ်းသောသူများကို အချိန်ပေးပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အဲဒီအတွက် အခကြေးငွေရယူပြီး လက်ခံပြုစုစောင့်ရှောက်ပေးတဲ့ ဂေဟာတွေများပြားလာနိုင်ပါတယ်။ ဒါကြောင့်မို့ အဲဒီလို အခြေအနေမျိုးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

(၂) ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်များ

အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ မတော်တဆ ဒဏ်ရာအနာတရများရရှိတတ်ခြင်းနဲ့ နာမကျန်းမှုများကို မကြာခဏခံစားလာရလေ့ရှိပြီး အဲဒီလို ဖြစ်စဉ်မျိုးတွေကနေ ပြန်လည်ကျန်းမာလာစေဖို့ ရုပ်ပိုင်းဆိုင်ရာကုထုံးများ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ပရော်ဖက်ရှင်နယ် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင် အလုပ်အကိုင်ကလည်း အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။

(၃) သူနာပြု

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူများနဲ့ ကုထုံးပညာရှင်တို့လို သူနာပြုများကလည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိလာနိုင်ပါတယ်။ သူတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍရဲ့ မရှိမဖြစ်သောသူတွေဘဲဖြစ်တာမို့ သူနာပြုတွေရဲ့ အခန်းကဏ္ဍဟာ နောင်တစ်ချိန်မှာ ပိုလို့အရေးပါအရာရောက်လာနိုင်ပါတယ်။

(၄) လယ်ယာစိုက်ပျိုးရေး စီမံခန့်ခွဲသူများ

တစ်ချိန်က လယ်သမားများလို့ ကျနော်တို့ခေါ်ခဲ့တဲ့သူတွေဟာ နောင်အချိန်မှာ စားနပ်ရိက္ခာအခက်အခဲတွေအတွက် အကောင်းဆုံးဖြေရှင်းနိုင်ဖို့ အရေးပါအရာရောက်တဲ့ သူတွေဖြစ်လာပါလိမ့်မယ်။ စားနပ်ရိက္ခာဖူလုံရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ငါးမွေးမြူရေးအစရှိတဲ့ လုပ်ငန်းတွေဟာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်လာနိုင်တာမို့ စိုက်ပျိုးရေးသုတေသန
ပညာရှင်တွေနဲ့ လယ်ယာစိုက်ပျိုးသူတို့ရဲ့ အခန်းကဏ္ဍဟာ အမြင့်မားဆုံးအနေအထားကို ရောက်ရှိလာနိုင်ပါတယ်။

(၅) SOFTWARE AND APPLICATIONS PROGRAMMERS

Software နဲ့ applications programmer များသည် တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအခန်းကဏ္ဍအတွက် အထူးအရေးပါအရာရောက်မှုရှိပြီး သူတို့ရဲ့ ကျွမ်းကျင်မှုတွေဟာခေတ်သစ်စီးပွားရေးအတွက် အဓိကနေရာမှာတည်ရှိနေပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ သူတို့ရဲ့ ဖန်တီးရေးစွဲနိုင်မှုတွေဟာ လက်ဖျား ငွေသီးစေပြီး သာမာန်ဝင်ငွေတွေထက် မြင့်မား
တဲ့လစာနှုန်းထားတွေကို ပိုင်ဆိုင်ကြရတဲ့ သူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆော့ဖ်ဝဲလ်နဲ့ အပီလီကေးရှင်းပရိုဂရမ်တွေ ရေးဆွဲနိုင်တဲ့သူတွေဟာလည်း နောင်တစ်ချိန်မှာ မြင့်မားတဲ့အလုပ်အကိုင်ရာထူးတွေကို သိမ်းယူထားနိုင်ဖို့ အခွင့်အလမ်းများကြတဲ့သူတွေဘဲဖြစ်ပါတယ်။

(၆) ICT SUPPORT AND TEST ENGINEERS

ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းဖို့နဲ့ ဆက်လက်လည်ပတ်နေစေဖို့အတွက် အိုင်စီတီအထောက်အပံ့နဲ့ စမ်းသပ်အဖြေရှာတဲ့အင်ဂျင်နီယာတွေရဲ့ အခန်းကဏ္ဍဟာ လူတိုင်းလုပ်နိုင်စွမ်းမရှိတဲ့ အလုပ်အကိုင်တွေဖြစ်တာကြောင့် သူတို့ကလည်း နောင်တချိန်မှာ ထိပ်ဆုံးအလုပ်အကိုင်အခွင့်အလမ်းကို ပိုင်ဆိုင်နိုင်ကြမယ့် သူတွေဘဲဖြစ်ပါတယ်။

(၇) ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု

သတ္တုတူးဖော်ရေးလုပ်ငန်းဟာ ကျနော်တို့ရဲ့ စီးပွားရေးကို အချိန်တော်တော်များများ အထောက်အပံ့ဖြစ်စေခဲ့သလို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေကလည်း နောင်တချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းအတွက် ပိုမိုကောင်းမွန်တဲ့အထောက်အပံ့ကောင်းတွေဖြစ်လာပါလိမ့်မယ်။

(၈) အချက်အလက်ခွဲခြမ်းစိတ်ဖြာရေးပညာရှင်( DATA ANALYSTS )

ဒစ်ဂျစ်တယ်ကမ္ဘာကြီးဟာ အချက်အလက်များစွာကို သိုမှီးသိမ်းဆည်းလျှက်ရှိပါတယ်။ အဲဒီအချက်အလက်တွေကို ရှုပ်ထွေးမှုမရှိစေရန်နဲ့ လွယ်ကူစွာနားလည်သဘောပေါက်စေဖို့ Data analysts တွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးအရေးပါအရာရောက်လာပါတယ်။ ဒါကြောင့်မို့ Data analysts တွေကလည်း အနာဂတ်လုပ်ငန်းခွင်အတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်လမ်းတစ်ရပ်ဘဲဖြစ်ပါတယ်။

(၉) စက်ရုပ်တည်ဆောက်ရေး အင်ဂျင်နီယာများ

စက်မှုဆိုင်ရာ အင်ဂျင်နီယာနယ်ပယ်လို့ လူသိများကြတဲ့ စက်ရုပ်တည်ဆောက်ရေး အင်ဂျင်နီယာတွေဟာ နောင်အနာဂတ်မှာ လူသားလုပ်အားအစားထိုး စက်ရုပ်တွေဖန်တီးဖို့အတွက် အခန်းကဏ္ဍကြီးတစ်ခုအနေနဲ့ ပါဝင်လာပါလိမ့်မယ်။ ယခုလက်ရှိအနေအထားမှာလည်း သူတို့ဟာ အကောင်းဆုံးအလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုင်ဆိုင်ကြတဲ့သူတွေဘဲဖြစ်ပါတယ်။

(၁၀) သင်ကြားရေးနဲ့ သင်ထောက်ကူဆရာများ

နောင်အနာဂတ်ကာလမှာ ပညာသင်ကြားရေးစနစ်ဟာ အလိုအလျောက်သင်ကြားရေးစနစ်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိပေမယ့် သင်ကြားရေးအခန်းကဏ္ဍကို နှောင့်ယှက်ခံရခြင်းမရှိဖို့အတွက် လူသားဆရာများရဲ့ အခန်းကဏ္ဍကလည်း မှေးမှိန်သွားဖွယ်မရှိနိုင်ပါဘူး။ လူသားတွေကဘဲ ပညာသင်ကြားရေးအခန်းကဏ္ဍရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေမှာမို့ ပညာသင်ကြားရေးဆရာအလုပ်အကိုင်ကလည်း အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။

ယခုဖော်ပြပေးခဲ့တဲ့ အချက်အလက်တွေကို သုံးသပ်ပြီး မိမိတို့ရဲ့ ကလေးငယ်တွေကို နောင်အနာဂတ်ကာလ အလုပ်အကိုင်အခွင့်အလမ်းအတွက် အထောက်အကူဖြစ်စေနိုင်မယ့် ပံ့ပိုးမှုတွေပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိမိတို့ ကလေးငယ်ရဲ့ ဝါသနာကို အားပေးအားမြှောက်ပြုပေးပြီး သူတို့ရွေးချယ်လိုက်တဲ့ အသက်မွေးမှုဆိုင်ရာလမ်းကြောင်းကို အကောင်းဆုံးပုံဖော်ဖန်တီးပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-xlit

LEAVE A REPLY

Please enter your comment!
Please enter your name here