အနာဂတ်မှာ ဆိုးကျိုးသက်ရောက်စေနိုင်သော မိဘတွေရဲ့ အလိုလျောက်စကားစု (၁၂)ခု

0
2811
- Advertisement -

မေတ္တာရှိသော၊ သတိရှိသောမိဘတွေဟာ မိမိတို့ရဲ့ကလေးတွေကို အကောင်းဆုံးဆန္ဒတွေပဲရှိမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါကြောင့် သူတို့က ကလေးခြေလှမ်းတိုင်းကို ဆက်ပြီးထိန်းချုပ်ပြီးတော့ သင်ကြားပါတယ်။ သို့ပေမယ့် တစ်ချို့စကားလုံးတွေက အရွယ်ရောက်ပြီးချိန်မှာ ပြောတဲ့အခါအန္တရာယ်သိပ်မရှိပေမယ့် ၎င်းတို့ကို မရင့်ကျက်သေးကလေးတွေကိုပြောတဲ့အခါ စိတ်ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒီအရာတွေက ကျွန်တော်တို့အများစုက မိဘတွေထံက ကြားခဲ့ရတာကြောင့် များသောအားဖြင့် အလိုအလျောက်စဥ်းစားခြင်းမရှိဘဲ ပြောမိတဲ့စကားလုံးတွေဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကျွန်တော်တို့ကလေးတွေဘဝရဲ့အခြေခံသဘောတရားတွေကို အကျိုးသက်ရောက်နိုင်တဲ့စကားလုံးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ မင်းလိုချင်/ဖြစ်ချင်တဲ့ မည်သူမဆိုဖြစ်လာနိုင်တယ်

သုတေသနပြုချက်တွေအရ ကလေးတွေကို သူတို့ရဲ့ဝါသနာတွေနှင့် အနာဂတ်ရည်မှန်းချက်တွေအပေါ်မှာ ပံ့ပိုးပေးခြင်းက ကောင်းပေမယ့်လည်း ကလေးတွေရဲ့ ရည်မှန်းချက်လွန်ကဲခြင်းက ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ သင့်ရဲ့ အနာဂတ်အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်ပြီးတော့ သူတို့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာခြင်းမရှိတဲ့အခါ သူတို့အတွက် အစီအစဥ် B ရှိသေးကြောင်း လိုအပ်ကြောင်းလည်း ကလေးတွေကို အသိပေးဖို့အရေးကြီးပါတယ်။ အပြင်းအထန်ကြိုးစားအားထုတ်မယ်ဆိုရင်တောင် ကလေးတိုင်းက ပါရမီထူးသော ခွဲစိတ်ဆရာဝန်၊ အာကာသယာဥ်မှူး (သို့) ဘောလုံးကြယ်ပွင့်တွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ လုံးဝပုံမှန်ပါပဲ။

မိဘတွေရဲ့ အဓိကတာဝန်က ကလေးတွေကို လက်တွေ့ကျဖို့နှင့် ပြည့်မီသောပန်းတိုင်တစ်ခုထားဖို့ သင်ကြားပေးရန်နှင့် ဘဝမှာ စိတ်ပျက်စရာတွေရှိနိုင်ကြောင်း သတိပေးဖို့ဖြစ်ပါတယ်။

၂။ မင်းမလုပ်နိုင်ဘူးဆိုရင်တောင် အဲ့ဒါကိုလုပ်ပါ

ရုပ်ပိုင်းဆိုင်ရာ ဝန်တွေနှင့် ပတ်သက်တဲ့အခါ ဒီညွှန်ကြားချက်တွေက ကလေးတွေကို ထိခိုက်နိုင်ပါတယ်။ ဒီစကားစုဟာ မကြာခဏဆိုသလို မိဘတွေက သူတို့မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို ကလေးတွေကတဆင့် အကောင်အထည်ဖော်ဖို့ကြိုးစားခြင်းဖြစ်ပါတယ်။ အလွန်ပြင်းထန်သော လေ့ကျင့်ခန်းတွေက သင့်ကလေးရဲ့အနာဂတ်ကိုဖြတ်ကျော်တဲ့နေရာမှာ စိတ်ဒဏ်ရာတွေနဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်။ သင့်ကလေးကို ၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို နားထောင်ဖို့၊ အချိန်နဲ့အမျှနာကျင်မှုတွေနှင့် အဆင်မပြေမှုတွေကို တုံ့ပြန်တတ်ဖို့ သင်ကြားပေးပါ။

၃။ မင်းက မင်းအဖေ(သို့) အမေလိုပဲ

ကလေးတွေကို သူတို့ရဲ့ ဆွေမျိုးတစ်ဦးနှင့် နှိုင်းယှဥ်မယ်ဆိုရင် မကောင်းတဲ့အပြုသဘောဆောင်မှုတွေဖြစ်တယ်ဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ သို့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီစာပိုဒ်တိုဟာ အပျက်သဘောဆောင်တဲ့ connotation ရှိပါတယ်။ ဒါဟာ ကလေးတွေအတွက် မိဘတွေရဲ့အပြုအမူသီးသန့်မဟုတ်ပါဘူး။ ဒါဟာ ကလေးတွေကို ရှုပ်ထွေးစေတယ်၊ သူတို့ထဲက တစ်ယောက်ဖြစ်ဖို့ နှစ်သက်ဖို့ကြိုးစားနေတယ်ဆိုရင် သူတို့ အဖေ (သို့)အမေရဲ့ တစ်ပုံစံတည်းဖြစ်သွားစေပါတယ်။

၄။ မင်းက အကောင်းဆုံးပဲ၊ မင်းကို ဘယ်သူမှ မယှဥ်နိုင်ဘူး

သင်က ဒီစကားစုကို ချစ်ခြင်းမေတ္တာနဲ့ပြောဆိုနေမယ်ဆိုရင်တောင် ကလေးတစ်ဦးအတွက် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုအပေါ် ဆိုးကျိုးတွေသက်ရောက်စေနိုင်တယ်။ ၎င်းက ကလေးတွေအတွက် အသစ်တစ်ခုကို ကြိုးစားတိုင်း မလုပ်ဝံ့တဲ့ အခြေအနေတွေကို ဦးတည်စေနိုင်ပါတယ်။ အကြောင်းရင်းကတော့ သူတို့ကျရှုံးတဲ့အခါ သူတို့မိဘတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတော့မှာ မဟုတ်တဲ့အတွက်ဖြစ်ပါတယ်။

၅။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်တို့က ကျန်းမာရေးအတွက် ကောင်းတယ်

လေ့လာမှုတွေအရ ကလေးအများစုအတွက် ”ကျန်းမာခြင်း”ဟူသော စကားလုံးတွေက အချိန်ကြာလာတာနဲ့အမျှ ”အရသာမရှိ”ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်တူဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သူတို့ကြီးလာတဲ့အခါ ကျန်းမာတဲ့အစားအသောက်တွေကို စားဖို့ငြင်းဆန်လာနိုင်ပါတယ်။ ဥပမာအားဖြင့် သင့်ကလေးကို ပန်းဂေါ်ဖီစားစေချင်တယ်ဆိုရင် ၎င်းက အရသာရှိပြီးတော့ စားချင်စဖွယ်အစားအစာဖြစ်ဖို့ လိုအပ်ပါတယ်။

၆။ မင်းရဲ့ အစ်ကို/အစ်မ (သို့) ညီလေး/ညီမလေးတွေကို မရိုက်နဲ့

လူတစ်ဦးအပေါ်မှာ အပျက်သဘောဆောင်သောခံစားချက်တွေနဲ့ လွှမ်းမိုးသွားခြင်းက လုံးဝပုံမှန်ဖြစ်ပါတယ်။ ကလေးတွေရော လူတွေကြီးတွေပါတစ်ခါတရံမှာ သူတို့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲပေမယ့်လည်း ၎င်းတို့ကိုထိန်းချုပ်ဖို့ ကျွန်တော်တို့နည်းလမ်းရှာနိုင်ပါတယ်။ ကျွန်တော်တို့ကလေးတွေကို အတိအကျသင်ပေးဖို့ လိုအပ်တဲ့အရာက စိတ်ခံစားမှုကို လက်ခံဖို့နှင့် တုံ့ပြန်မှုတွေကို ထိန်းချုပ်တတ်ဖို့ဖြစ်ပါတယ်။ သင်ကအကြောင်းရင်းကို ရှင်းမပြထားဘူးဆိုရင် ”မင်းရဲ့ အစ်ကိုမရိုက်ပါနဲ့” (သို့) ”မင်းညီမကို ဒေါသမထွက်နဲ့” စတဲ့ စကားလုံးတွေနဲ့ မလုံံလောက်ပါဘူး။ ဒီစကားစုလေးနဲ့တော့ သင့်ကလေးက ”ဟုတ်ကဲ့ သားဘယ်တော့မှမလုပ်တော့ဘူး”လို့ ကြားရမှာမဟုတ်ပါဘူး။

သင့်ကလေးကို စိတ်ခံစားမှုတွေကို မဖိနှိပ်သင့်ကြောင်း ပြောပြဖို့ကြိုးစားပါ။ သို့ပေမယ့် သူတို့ကိုချစ်ခင်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်မဖြစ်စေသင့်ကြောင်း ညွှန်ကြားပါ။ သင့်ရဲ့ အနုတ်လက္ခဏာခံစားချက်တွေကို ခေါင်းအုံးတစ်ခု (သို့) ကစားစရာတစ်ခုထဲသို့ ပစ်ချဖို့၊ သူတို့ခံစားချက်တွေကို ထင်ဟပ်စေတဲ့ ရုပ်ပုံတွေဆွဲဖို့၊ စကားလုံးတွေနဲ့ သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့ သင့်ကလေးတွေကို အားပေးပါ။

၇။ မဟုတ်မဟတ်တွေ့ကရာ စကားတွေမပြောပါနှင့်

သင့်ကလေးရဲ့ ပြဿနာတွေကို လျှော့မတွက်ပါနှင့်။ သင့်အတွက် သာမန်ကိစ္စဖြစ်ကောင်းဖြစ်နိုင်တဲ့အရာတစ်ခုက သူတို့အတွက်တော့ ဧရာမကြီးမားလွန်းတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ သင်က သူတို့အပေါ်မှာ အလေးမထားကြောင်း ပြသတဲ့အခါ သူတို့ရဲ့ယုံကြည်မှုကို ဆုံးရှုံးသွားနိုင်ပါတယ်။ တကယ်လို့ ပြဿနာကို တကယ်အလေးအနက်မထားဘူးဆိုရင် သူတိုက သင့်ကိုအကြံဉာဏ်တောင်းခံဖို့ (သို့) အကူအညီတောင်းခံဖို့လာတော့မှာ မဟုတ်ပါဘူး။

၈။ ငါမင်းကို ကူညီပေးပါရစေ

ပြင်ပက အကူအညီတွေကို ဘယ်လိုအချိန်မှာ အမှန်တကယ်လိုအပ်တယ်ဆိုတာ သူတို့ဆုံးဖြတ်နိုင်တဲ့ ကလေးတွေရဲ့စွမ်းရည်တွေက ကျွန်တော်တို့အစောပိုင်းအသက်အရွယ်မှာရရှိနိုင်တဲ့ အရေးအကြီးဆုံးစွမ်းရည်တွေထဲကတစ်ခုဖြစ်ပါတယ်။ မိဘတွေက ကလေးငယ်တွေရဲ့ အိမ်စာတွေကို ကူညီပေးရာမှာ လိုအပ်ချက်တွေထက်ပိုများကြတယ်။ ကလေးတစ်ဦးက သူတို့ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အိမ်စာတွေမှာ သူတို့ကိုကူညီတဲ့အခါ အရွယ်ရောက်ပြီးနောက်ပိုင်းမှာ ဒီလူတွေက အသစ်တစ်ခုကို စတင်ဖို့ခက်ခဲလာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကပျက်ကွက်မှာကြောက်ကြတဲ့အတွက် ဖြစ်ပါတယ်။

၉။ အဲ့ဒါကို မထိနဲ့၊ မင်းလုပ်ရင် ပျက်စီးသွားလိမ့်မယ်

သင်က ထိုကဲ့သို့သော စကားလုံးတွေကို ထပ်တလဲလဲပြောမယ်ဆိုရင် ၎င်းက သင့်ကလေးတွေအတွက် အတားအဆီးဖြစ်စေပြီးတော့ သတိရှိစေပါလိမ့်မယ်။ ဒီစကားစုကို ကြားပြီးတဲ့နောက်မှာ ကလေးက ဒီရလဒ်အတွက် သင်သတ်မှတ်ထားတာကြောင့်ဒီအရာကို ဖယ်ရှားပစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ ဒီလူက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုတည်ဆောက်ဖို့ ကြောက်ရွှံ့ခြင်းတွေဖြစ်လာနိုင်ပါတယ်။ သူတို့က ဘာကိုမှရင်မဆိုင်ရဲတာတွေဖြစ်လာနိုင်ပါတယ်။ စတင်ဖို့မထိုက်တန်ဘူးလို့ တွေးလာနိုင်ပါတယ်။ သင့်ကလေးက အဖိုးတန်ပစ္စည်းတစ်ချို့ကို ဖျက်ဆီးပစ်နိုင်တယ်လို့ သင်တွေးမိတယ်ဆိုရင် ဒီလိုပြောပါ။ ”သတိထားပါ၊ အဲဒီ့ပစ္စည်းတစ်ခုခုဖြစ်သွားမှာ အမေစိုးရိမ်တယ်”။

၁၀။ မင်းက အရမ်းစမတ်ကျပြီး လှပတယ်

ဗြုန်းခနဲကြည့်လိုက်ရင် ဒီစကားစုက ကလေးကို ချီမွမ်းဖို့ကောင်းသောနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ၎င်းတို့အတွက် သဘာဝစွမ်းရည် (သို့) ဉာဏ်ရည်တွေရှိတာကြောင့် အောင်မြင်မှုရရှိဖို့ အားစိုက်ထုတ်ဖို့မလိုအပ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ၎င်းတို့ရဲ့ သွင်ပြင်လက္ခဏာတွေထက် ကလေးတွေရဲ့ အလုပ်နှင့် အားထုတ်မှုကို အားပေးခြင်းက ပိုကောင်းပါတယ်။ ဥပမာအားဖြင့် – ”ဒီစာပုဒ်ကို သားအရမ်းကြိုးစားခဲ့တယ်”(သို့) ”သား ဒီအလုပ်ကို အချိန်နှင့် အားစိုက်မှုတွေများစွာကုန်လွန်ခဲ့တာကြောင့် သားလုပ်လိမ့်မယ်လို့ အမေတို့ယုံကြည်တယ်”။

၁၁။ အမေ မငိုဘူး၊ အားလုံးအဆင်ပြေတယ်

မိဘတွေက သူတို့ကလေးတွေကို စိုးရိမ်ပူပန်မှုတွေတစ်ဆင့် ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပျော်ရွှင်သောမျက်နှာဖုံးကို ဝတ်ဆင်ထားကြတယ်။ မိမိတို့ကိုယ်တိုင်စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေချိန်မှာတောင် အရာအားလုံးအဆင်ပြေသလို ဟန်ဆောင်ကြတယ်။ သို့ပေမယ့် ကလေးတွေက မှားယွင်းသောခံစားမှုတွေကို သိမ်မွေ့စွာခံစားမိပြီး ၎င်းတို့ကိုကြောက်ရွှံ့စေပါတယ်။ တကယ်လို့ သင်က အပျက်သဘောခံစားချက်တွေကို ဖိနှိပ်ပြီးအပြုသဘောပြောင်းလဲမယ်ဆိုရင် ၎င်းက သင့်ကျန်းမာရေးကိုသာမက ကလေးနဲ့ဆက်ဆံရေးကိုလည်း ဆိုးဝါးစေပါလိမ့်မယ်။ သင့်ကလေးကို ဖြစ်ပျက်ခဲ့တဲ့အရာတွေအကြောင်း ပြောပြဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတွေကို သူတို့ရဲ့ခံစားချက်တွေနဲ့ ပတ်သက်ပြီး မရှက်သင့်ကြောင်း ဥပမာသဘော ကလေးတွေကိုပြဖို့အရေးကြီးပါတယ်။

၁၂။ သူစိမ်းတွေကို စကားမပြောနဲ့

ဒီအယူအဆက ကလေးငယ်တွေနှင့် ပတ်သက်ပြီးတော့ နားလည်ဖို့အလွန်ရှုပ်ထွေးလွန်းပါတယ်။ ဒါ့အပြင် သူတို့က ကူညီဖို့ကြိုးစားနေသူတွေအပါအဝင် သူစိမ်းအားလုံးနှင့် ဝေးဝေးနေရမယ်( ဥပမာ – မီးသတ်သမားများ (သို့) ရဲများကဲ့သို့)။ သင့်ကလေးကို လူစိမ်းတစ်ယောက်နှင့် စကားမပြောဖို့တားမြစ်ရမယ့်အစား အချို့သောအခြေအနေတွေမှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ သူတို့ကိုရှင်းပြခြင်းက ပိုကောင်းပါတယ်။ ဥပမာ သံသယဖြစ်စရာလူတစ်ယောက်က သူတို့ကို သကြားလုံးပေးရင် ဒါမှမဟုတ် ကလေးကို ကားနဲ့အိမ်ခေါ်သွားဖို့ပြောရင် စသဖြင့် သတိထားမယ့်အခြေအနေမျိုးတွေကိုပေါ့။

Chit_May_May

Nyein_Thu

Ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here