အနာဂတ်ရဲ့လူတော်များဖြစ်လာဖို့ မိဘတွေအနေနဲ့ သင်ကြားသင့်တဲ့ အချက် ၉ချက်

0
10

၁။လူကြီးများရဲ့ မဟုတ်တဲ့ နည်းလမ်းကို ငြင်းဆန်နိုင်စွမ်းရှိရပါမယ်။

ငြင်းဆန်တယ်ဆိုတာ မကောင်းတဲ့နည်းလမ်းကို လိုက်နာဖို့ တိုက်တွန်းတဲ့အခါ ကလေးငယ်များအနေဖြင့် ငြင်းဆန်နိုင်တဲ့သတ္တိရှိရပါမယ်။ လူကြီးများက ဘာပြောပြော ကိုယ့်ထက် အသက်ကြီးရင့် သူကပြောတာပဲဆိုပြီး မငြင်းဆန်ဝံ့တဲ့ အကျင့်စရိုက်မျိုး မဖြစ်သင့်ပါဘူး။ ဒါကို လူကြီးများအနေဖြင့်လဲ ကလေးငယ်တစ်ဦးရဲ့ ငြင်းဆန်တာကို ရှုံ့ချကန့်ကွက်ခြင်း မရှိပဲ လက်ခံသင့်ပါတယ်။

၂။ သဘာဝတရားကို လေးစားရပါမယ်။

ကျွန်တော်တို့ရဲ့ လုပ်ရက်ဟာ အမူ့မဲ့အမှတ်မဲ့ဆိုပေမဲ့ တခါတလေမှာ ပတ်ဝန်းကျင်ကို အကျည်းတန်စေပါတယ်။ ကလေးငယ်တစ်ဦးဟာ ပတ်ဝန်းကျင်ရဲ့ သဘာဝတရားကို လေးစားဖို့ဆိုဆိုတာ အိမ်သားများရဲ့ သွင်သင်ဆုံးမမှုနဲ့အများကြီးသက်ဆိုင်ပါတယ်။ မိမိရဲ့ အိမ်မှာကအစ မကောင်းတဲ့အသေးအမွှားလုပ်ရက်လေးကို အမြဲလိုလို ခွင့်ပြုထားမယ်ဆိုရင် ဒါဟာ ကလေးတွေအတွက် အမှားကို အမှားမှန်းမသိ ဖြစ်တတ်ပါတယ်။ ကလေးငယ်ရဲ့ အတွေးမှာလဲ မိမိရဲ့ လုပ်ရက်ဟာ မှားလားမှန်လားဆိုတာ မဝေဖန်မဆုံးဖြတ်တော့ပါဘူး။

၃။ အကြောက်တရားထက် ကျန်းမာရေးကို ဦးစားပေးရပါမယ်။

တခါတလေမှာ ကလေးငယ်များအနေနဲ့ မိမိခံစားရတဲ့ ရောဂါဝေဒနာကို ဆရာ/ဆရာမ တွေဆီမှာ မဖွင့်ပြောရဲကြပါဘူး။ ကလေးရဲ့အတွေးဟာ မိမိရဲ့ ကျန်းမာရေးထက် ဆရာ/ဆရာမတွေရဲ့ အမျက်ဒေါသကို ပိုကြီးကြောက်တတ်ကြပါတယ်။ ဒီအချက်ဟာ မှားယွင်းတဲ့အချက်ပါ။ ကလေးငယ်တစ်ဦးကလဲ မိမိခံစားရတဲ့ ဝေဒနာကို အရှိ အရှိတိုင်း ပြောပြသင့်သလို ဆရာ/ဆရာမများအနေဖြင့်လည်း ကလေးငယ်တစ်ဦးရဲ့ ဝေဒနာကို ဟုတ် မဟုတ်လက်ခံပြီး ဝေဖန်အကြံပေးသင့်ပါတယ်။

၄။ မသိတဲ့အရာတစ်ခုကို မေးမြန်းနိုင်မဲ့ သတ္တိရှိရပါမယ်။

စာသင်တဲ့အရွယ်ကလေးငယ်တွေရဲ့ အတွေးဟာ မဟုတ်တဲ့အရာတွေပေါ်မှာ အကြောက်တရားက လွှမ်းမိုးနေတတ်ပါတယ်။ နားမလည်တာကို နားမလည်ဘူးပြောရမှာ ရှက်တယ်၊ ကြောက်တယ်၊ အားနာတယ်စသဖြင့်အမျိုးမျိုးဖြစ်ကြပါတယ်။ ဒီအကျင့်ဆိုးဟာ စာသင်ခန်းထဲမှာတင်ကျန်ခဲ့မဲ့အကျင်ဆိုးမဟုတ်ပါဘူး သင်ကြီးလာတဲ့အခါမှာလဲ လုပ်ငန်းတစ်ခုခုမှာဖြစ်၊ အဖွဲ့စည်းတစ်ခုခု မှာဖြစ်ဖြစ် နားမလည်တာကို နားလည်သယောင်ယောင် ဟန်ဆောင်နေတာဟာ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းနေသလို ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

၅။ မိမိရဲ့ လုပ်ရက်ဟာ အမှန်/အမှား ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်နိုင်ရမယ်။

ငယ်ရွယ်တဲ့ ကလေးရဲ့စိတ်ဓာတ်ဟာ မခံချင်စိတ် အရမ်းပြင်းပြပါတယ်။ သူတစ်ပါးပြောတဲ့အရာပေါ် မခံချင်စိတ်ကြောင့် မိမိရဲ့ လုပ်ရက်ဟာ မှန်သလား/ မှားသလားဆိုတာလဲ မဝေဖန် တတ်တော့ပါဘူး။ ဒီအချက်ဟာ မိဘများရဲ့ သွင်သင်ဆုံးမမှုအပေါ်အများကြီး သက်ဆိုင်ပါတယ်။ မိဘများအနေနဲ့ ကလေးတစ်ဦးကို ငယ်စဉ်ကထဲကကိုယ်ပိုင် ဉာဏ်ရည်ဖြင့် အမှန်/အမှားဆုံးဖြတ်တတ်အောင် သင်ကြားပေးနိုင်ရမှာဖြစ်ပါတယ်။

၆။ မိဘနဲ့ သားသမီးကြား ပွင့်လင်းတဲ့ ဆက်ဆံရေးရှိရပါမယ်။

မိမိဖြေရှင်းဖို့ မလွယ်ကူတဲ့ ကိစ္စရပ်တွေကို မိဘတွေဆီမှာ ဖုံးကွယ်မထားသင့်ပါဘူး။ ဒါကြောင့် မိမိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို မိဘတွေဆီကနေ အကူအညီဖြင့်ဖြင့် အကြံဉာဏ်ဖြစ်ဖြစ် တောင်းခံသင့်ပါတယ်။ မိဘတွေအနေနဲ့လဲ သားသမီးတွေရဲ့ အခက်ခဲကို နည်းလမ်းမှန်မှန်နဲ့ အကြံပေး ဖြေရှင်းနိုင်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အတွက် မလိုလားအပ်တဲ့ ဆင့်ပွားဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။

၇။ အဆင့်သတ်မှတ်ချက်တွေထက် အသိပညာက ပိုအရေးကြီးပါတယ်။

တခါတလေမှာ မိဘတွေဟာ ကလေးငယ်ရဲ့ ရလဒ်တွေထက် အဆင့်အတန်းကိုပိုပြီးဂရုစိုက်တတ်ကြပါတယ်။ ရလဒ် တိုးတက်လာတာကို မမြင်တတ်ကြပဲ အဆင့်ကျသွားတာကို ပိုပြီး ဒေါသဖြစ်မိပါတယ်။ ပထမအဆင့် ရတိုင်း ကလေးငယ်တစ်ဦးရဲ့ အသိပညာအရည်အချင်းကို တိုးတက်နေတာမဟုတ်ပါဘူ။ ဒါကြောင့် အဆင့်သတ်မှတ်ချက်တွေထက် အသိပညာတိုးတက်ဖို့က ပိုပြီး အရေးကြီးတာဖြစ်ပါတယ်။

၈။ ကလေးငယ်တစ်ဦးရဲ့ အမှားအပေါ်မစိုးရိမ်ပါနဲ့။

မိဘတွေဟာ များသောအားဖြင့် ကလေးငယ်တစ်ဦးရဲ့ လုပ်ရက်ကြောင့် မိမိတို့ရဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှာ အရမ်းကြောက်ကြပါတယ်။ မိမိရဲ့ ပစ္စည်းဆုံးရှုံးမှုအပေါ် ဒေါသထွက်နေခြင်းဟာ ပိုပြီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မိမိရဲ့ ဆုံးရှုံးမှုနဲ့ ထိုက်သင့်တဲ့ အသိပညာတစ်ခုခုကို ကလေးငယ်အတွက် ပေးရမှာဖြစ်ပါတယ်။
ဒါမှ သင့်ကလေးဟာ ပိုကောင်းတဲ့ အသိဉာဏ်ကို တိုးပွားစေမှာဖြစ်ပါတယ်။

၉။ လူကြီးလူငယ် ကျား/မ လေးစားရပါမယ်။

လေးစားမှုဆိုတာ လူကြီးလူငယ် ကျား/မ မရွေးရှိသင့်တဲ့ အရာတစ်ခုပါ။ ဒါကို မိန်းကလေးဖြစ်လို့ အနိုင်မကျင့်ရဘူး လေးစားရမယ်၊ ယောကျ်ားလေးဖြစ်လို့ အနိုင်မကျင့်ရဘူး လေးစားရမယ် ဆိုတာမရှိပါဘူး။ သင်ကိုယ်တိုင်လည်း ကလေးကို ဆုံးမတဲ့အခါမှာလဲ ယောကျ်ားမိန်းမ ခွဲခြားပြီး မဆုံးမသင့်ပါဘူး။

Thar_Nage

Lifestyle_Myanmar

Zawgyi Font

အနာဂတ္ရဲ႕လူေတာ္မ်ားျဖစ္လာဖို႔ မိဘေတြအေနနဲ႔ သင္ၾကားသင့္တဲ့ အခ်က္ ၉ခ်က္

၁။လူႀကီးမ်ားရဲ႕ မဟုတ္တဲ့ နည္းလမ္းကို ျငင္းဆန္ႏိုင္စြမ္းရွိရပါမယ္။

ျငင္းဆန္တယ္ဆိုတာ မေကာင္းတဲ့နည္းလမ္းကို လိုက္နာဖို႔ တိုက္တြန္းတဲ့အခါ ကေလးငယ္မ်ားအေနျဖင့္ ျငင္းဆန္ႏိုင္တဲ့သတိၱရွိရပါမယ္။ လူႀကီးမ်ားက ဘာေျပာေျပာ ကိုယ့္ထက္ အသက္ႀကီးရင့္ သူကေျပာတာပဲဆိုၿပီး မျငင္းဆန္ဝ့ံတဲ့ အက်င့္စ႐ိုက္မ်ိဳး မျဖစ္သင့္ပါဘူး။ ဒါကို လူႀကီးမ်ားအေနျဖင့္လဲ ကေလးငယ္တစ္ဦးရဲ႕ ျငင္းဆန္တာကို ႐ႈံ႕ခ်ကန္႔ကြက္ျခင္း မရွိပဲ လက္ခံသင့္ပါတယ္။

၂။ သဘာဝတရားကို ေလးစားရပါမယ္။

ကၽြန္ေတာ္တို႔ရဲ႕ လုပ္ရက္ဟာ အမူ႕မဲ့အမွတ္မဲ့ဆိုေပမဲ့ တခါတေလမွာ ပတ္ဝန္းက်င္ကို အက်ည္းတန္ေစပါတယ္။ ကေလးငယ္တစ္ဦးဟာ ပတ္ဝန္းက်င္ရဲ႕ သဘာဝတရားကို ေလးစားဖို႔ဆိုဆိုတာ အိမ္သားမ်ားရဲ႕ သြင္သင္ဆုံးမမႈနဲ႔အမ်ားႀကီးသက္ဆိုင္ပါတယ္။ မိမိရဲ႕ အိမ္မွာကအစ မေကာင္းတဲ့အေသးအမႊားလုပ္ရက္ေလးကို အၿမဲလိုလို ခြင့္ျပဳထားမယ္ဆိုရင္ ဒါဟာ ကေလးေတြအတြက္ အမွားကို အမွားမွန္းမသိ ျဖစ္တတ္ပါတယ္။ ကေလးငယ္ရဲ႕ အေတြးမွာလဲ မိမိရဲ႕ လုပ္ရက္ဟာ မွားလားမွန္လားဆိုတာ မေဝဖန္မဆုံးျဖတ္ေတာ့ပါဘူး။

၃။ အေၾကာက္တရားထက္ က်န္းမာေရးကို ဦးစားေပးရပါမယ္။

တခါတေလမွာ ကေလးငယ္မ်ားအေနနဲ႔ မိမိခံစားရတဲ့ ေရာဂါေဝဒနာကို ဆရာ/ဆရာမ ေတြဆီမွာ မဖြင့္ေျပာရဲၾကပါဘူး။ ကေလးရဲ႕အေတြးဟာ မိမိရဲ႕ က်န္းမာေရးထက္ ဆရာ/ဆရာမေတြရဲ႕ အမ်က္ေဒါသကို ပိုႀကီးေၾကာက္တတ္ၾကပါတယ္။ ဒီအခ်က္ဟာ မွားယြင္းတဲ့အခ်က္ပါ။ ကေလးငယ္တစ္ဦးကလဲ မိမိခံစားရတဲ့ ေဝဒနာကို အရွိ အရွိတိုင္း ေျပာျပသင့္သလို ဆရာ/ဆရာမမ်ားအေနျဖင့္လည္း ကေလးငယ္တစ္ဦးရဲ႕ ေဝဒနာကို ဟုတ္ မဟုတ္လက္ခံၿပီး ေဝဖန္အႀကံေပးသင့္ပါတယ္။

၄။ မသိတဲ့အရာတစ္ခုကို ေမးျမန္းႏိုင္မဲ့ သတိၱရွိရပါမယ္။

စာသင္တဲ့အရြယ္ကေလးငယ္ေတြရဲ႕ အေတြးဟာ မဟုတ္တဲ့အရာေတြေပၚမွာ အေၾကာက္တရားက လႊမ္းမိုးေနတတ္ပါတယ္။ နားမလည္တာကို နားမလည္ဘူးေျပာရမွာ ရွက္တယ္၊ ေၾကာက္တယ္၊ အားနာတယ္စသျဖင့္အမ်ိဳးမ်ိဳးျဖစ္ၾကပါတယ္။ ဒီအက်င့္ဆိုးဟာ စာသင္ခန္းထဲမွာတင္က်န္ခဲ့မဲ့အက်င္ဆိုးမဟုတ္ပါဘူး သင္ႀကီးလာတဲ့အခါမွာလဲ လုပ္ငန္းတစ္ခုခုမွာျဖစ္၊ အဖြဲ႕စည္းတစ္ခုခု မွာျဖစ္ျဖစ္ နားမလည္တာကို နားလည္သေယာင္ေယာင္ ဟန္ေဆာင္ေနတာဟာ ကိုယ့္ေပါင္ကို ကိုယ္လွန္ေထာင္းေနသလို ဆိုးက်ိဳးမ်ား ျဖစ္လာႏိုင္ပါတယ္။

၅။ မိမိရဲ႕ လုပ္ရက္ဟာ အမွန္/အမွား ကိုယ္ပိုင္ဥာဏ္ျဖင့္ဆုံးျဖတ္ႏိုင္ရမယ္။

ငယ္ရြယ္တဲ့ ကေလးရဲ႕စိတ္ဓာတ္ဟာ မခံခ်င္စိတ္ အရမ္းျပင္းျပပါတယ္။ သူတစ္ပါးေျပာတဲ့အရာေပၚ မခံခ်င္စိတ္ေၾကာင့္ မိမိရဲ႕ လုပ္ရက္ဟာ မွန္သလား/ မွားသလားဆိုတာလဲ မေဝဖန္ တတ္ေတာ့ပါဘူး။ ဒီအခ်က္ဟာ မိဘမ်ားရဲ႕ သြင္သင္ဆုံးမမႈအေပၚအမ်ားႀကီး သက္ဆိုင္ပါတယ္။ မိဘမ်ားအေနနဲ႔ ကေလးတစ္ဦးကို ငယ္စဥ္ကထဲကကိုယ္ပိုင္ ဥာဏ္ရည္ျဖင့္ အမွန္/အမွားဆုံးျဖတ္တတ္ေအာင္ သင္ၾကားေပးႏိုင္ရမွာျဖစ္ပါတယ္။

၆။ မိဘနဲ႔ သားသမီးၾကား ပြင့္လင္းတဲ့ ဆက္ဆံေရးရွိရပါမယ္။

မိမိေျဖရွင္းဖို႔ မလြယ္ကူတဲ့ ကိစၥရပ္ေတြကို မိဘေတြဆီမွာ ဖုံးကြယ္မထားသင့္ပါဘူး။ ဒါေၾကာင့္ မိမိျဖစ္ေပၚေနတဲ့ အခက္အခဲေတြကို မိဘေတြဆီကေန အကူအညီျဖင့္ျဖင့္ အၾကံဥာဏ္ျဖစ္ျဖစ္ ေတာင္းခံသင့္ပါတယ္။ မိဘေတြအေနနဲ႔လဲ သားသမီးေတြရဲ႕ အခက္ခဲကို နည္းလမ္းမွန္မွန္နဲ႔ အႀကံေပး ေျဖရွင္းႏိုင္ရပါမယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ သင့္အတြက္ မလိုလားအပ္တဲ့ ဆင့္ပြားဆိုးက်ိဳးေတြျဖစ္ေပၚလာႏိုင္ပါတယ္။

၇။ အဆင့္သတ္မွတ္ခ်က္ေတြထက္ အသိပညာက ပိုအေရးႀကီးပါတယ္။

တခါတေလမွာ မိဘေတြဟာ ကေလးငယ္ရဲ႕ ရလဒ္ေတြထက္ အဆင့္အတန္းကိုပိုၿပီးဂ႐ုစိုက္တတ္ၾကပါတယ္။ ရလဒ္ တိုးတက္လာတာကို မျမင္တတ္ၾကပဲ အဆင့္က်သြားတာကို ပိုၿပီး ေဒါသျဖစ္မိပါတယ္။ ပထမအဆင့္ ရတိုင္း ကေလးငယ္တစ္ဦးရဲ႕ အသိပညာအရည္အခ်င္းကို တိုးတက္ေနတာမဟုတ္ပါဘူ။ ဒါေၾကာင့္ အဆင့္သတ္မွတ္ခ်က္ေတြထက္ အသိပညာတိုးတက္ဖို႔က ပိုၿပီး အေရးႀကီးတာျဖစ္ပါတယ္။

၈။ ကေလးငယ္တစ္ဦးရဲ႕ အမွားအေပၚမစိုးရိမ္ပါနဲ႔။

မိဘေတြဟာ မ်ားေသာအားျဖင့္ ကေလးငယ္တစ္ဦးရဲ႕ လုပ္ရက္ေၾကာင့္ မိမိတို႔ရဲ႕ ပစၥည္းေတြ ပ်က္စီးဆုံး႐ႈံးမွာ အရမ္းေၾကာက္ၾကပါတယ္။ မိမိရဲ႕ ပစၥည္းဆုံး႐ႈံးမႈအေပၚ ေဒါသထြက္ေနျခင္းဟာ ပိုၿပီးဆုံး႐ႈံးမႈကို ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္မိမိရဲ႕ ဆုံး႐ႈံးမႈနဲ႔ ထိုက္သင့္တဲ့ အသိပညာတစ္ခုခုကို ကေလးငယ္အတြက္ ေပးရမွာျဖစ္ပါတယ္။
ဒါမွ သင့္ကေလးဟာ ပိုေကာင္းတဲ့ အသိဥာဏ္ကို တိုးပြားေစမွာျဖစ္ပါတယ္။

၉။ လူႀကီးလူငယ္ က်ား/မ ေလးစားရပါမယ္။

ေလးစားမႈဆိုတာ လူႀကီးလူငယ္ က်ား/မ မေရြးရွိသင့္တဲ့ အရာတစ္ခုပါ။ ဒါကို မိန္းကေလးျဖစ္လို႕ အႏိုင္မက်င့္ရဘူး ေလးစားရမယ္၊ ေယာက်္ားေလးျဖစ္လို႔ အႏိုင္မက်င့္ရဘူး ေလးစားရမယ္ ဆိုတာမရွိပါဘူး။ သင္ကိုယ္တိုင္လည္း ကေလးကို ဆုံးမတဲ့အခါမွာလဲ ေယာက်္ားမိန္းမ ခြဲျခားၿပီး မဆုံးမသင့္ပါဘူး။

Thar_Nage

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here