အပျို/ လူပျိုဖော်ဝင်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်(၄) ချက်

0
65

အပျိုဖော်ဝင်ခြင်းဆိုတာ ကလေးဘဝနှင့် အရွယ်ရောက်စလူငယ်တစ်ယောက်အကြား ပြောင်းလဲခြင်းရဲ့ ဖွံ့ဖြိုးမှုအဆင့်ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၀ နှစ်ကနေ ၁၅ ကြားဖြစ်လေ့ရှိပြီး ရုပ်ပိုင်းဆိုင်ပြောင်းလဲမှုတွေကိုလည်း တွေ့ကြုံရလေ့ရှိပါတယ်။ ၎င်းကို အသွင်ပြောင်းချိန်လို့လည်း ခေါ်ကြပါသေးတယ်။ ဒီကနေ့မှာတော့ အပျိုဖော်ဝင်ခြင်းနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာအကျိုးဆက်လေးခုကို မျှဝေချင်ပါတယ်။

၁။ လွတ်လပ်ရေးနှင့် မှီခိုမှုတို့အကြား ရုန်းကန်ခြင်း

အရွယ်ရောက်လာချိန်မှာ မိဘတွေနဲ့ သားသမီးအကြား ဆက်ဆံရေးတွေဟာလည်း ရှုပ်ထွေးလာကြပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုတွေ ပိုလိုအပ်လာတာကြောင့်ပါ။ ဒီလိုအရွယ်ရောက်လာအစအချိန်မှာတော့ မိဘတွေနဲ့ သံသယတွေပိုမိုများပြားလာပြီး ဆယ်ကျော်သက်တွေရဲ့ စိတ်နေစိတ်ထားတွေဟာ ပြောင်းလဲပြီး မတည်မငြိမ်ဖြစ်လာကြပါတယ်။

၂။ ရုပ်ပိုင်းဆိုင်ရာအသွင်ပြောင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်း

အရွယ်ရောက်လာခြင်းရဲ့ ပထမအစပိုင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို အများဆုံးကြုံတွေ့ရလေ့ရှိပါတယ်။ ၎င်းက လူငယ်များအကြား ကြီးစွာသော စိုးရိမ်ပူပန်မှုတွေကို ဖန်တီးပေးပါတယ်။ ၎င်းက သူတို့ရဲ့ ကိုယ်ခန္ဓာရဲ့ တစ်ချို့ပြောင်းလဲမှုတွေကို လက်မခံနိုင်ဖြစ်တတ်ကြပါတယ်။ လူတစ်ဦးရဲ့ အသွင်အပြင်နှင့်ပတ်သက်ပြီး မလုံခြုံမှုတွေဟာ သိသာထင်ရှားတဲ့ ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်။

၃။ ခင်မင်ရင်းနှီးမှုနှင့် အုပ်စုလိုက်ပေါင်းစည်းခြင်း

အရွယ်ရောက်ကာစလူငယ်တွေဟာ သူငယ်ချင်းတွေအချိန်ကုန်ဆုံးဖို့က မိဘတွေနဲ့အတူရှိနေရတာထက် ပိုအရေးကြီးပါတယ်။ လူငယ်ဘဝက ပိုအရေးကြီးနေတဲ့အချိန်မျိုးပါ။ သူငယ်ချင်းများအကြားလူမှုဆက်ဆံရေးဟာ အလွန်ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဖြစ်လာနိုင်ပါတယ်။ ရင်းနှီးသော မိတ်ဆွေတွေဟာ ဒီအချိန်မှာဖြစ်ပွားနေတဲ့ စွန့်စားမှုတွေကြောင့် ယုံကြည်စိတ်ချရတဲ့ အဖော်တွေဖြစ်လာနိုင်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းအုပ်စုလေးတွေ ပေါ်ပေါက်လာနိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက်လည်း ကောင်းကောင်းမျှဝေလာကြပါတယ်။

၄။ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ထင်ရှားသော ကိုယ်ပိုင်လက္ခဏာများ

အရွယ်ရောက်ကာစလူငယ်တွေဟာ မိမိတို့ကိုယ်ကို ကမ္ဘာကြီးရဲ့ အလယ်ဗဟိုအဖြစ် မှတ်ယူကြပြီး ထင်သလိုဖြစ်မလာတဲ့အခါ သံသယတွေကို စတင်ခံစားလာကြရပါတယ်။ ရလဒ်အနေနဲ့ ၎င်းတို့က ကိုယ်ပိုင်အသွင်အပြင်လက္ခဏာတွေကို ဖော်ထုတ်ဖို့ (ကိုယ်ဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာ ချပြဖို့)၊ ပိုမိုလုံခြုံမှုရှိစေဖို့နှင့် မိဘတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ငြင်းပယ်ဖို့ ကြိုးစားကြပါတယ်။

ဒါ့အပြင် ကလေးတွေဟာ စိတ်ရှုပ်ထွေးမှုကို ထိန်းချုပ်နိုင်စွမ်းဟာလည်း အင်မတန်အားနည်းကြပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here