ကလေးငယ်တွေကို ပြုစုပျိုးထောင်တဲ့အလုပ်ဟာမလွယ်ကူပါဘူး။ မိဘအုပ်ထိန်းမှုပုံစံမျိုးစုံရှိပေမယ့် အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုမျိုးကတော့ ပညာရှင်ဆန်ပြီး မိဘနဲ့ကလေးငယ်များအကြား ကောင်းမွန်တဲ့နှောင်ကြိုးတွေဖြစ်ပေါ်စေသလို ကလေးငယ်တွေရဲ့ အကျင့်စရိုက်တွေကို ပြုပြင်နိုင်ဖို့အတွက် အကောင်းဆုံးသော အခြေခံအုတ်မြစ်ဘဲဖြစ်ပါတယ်။
အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုအတွက် လိုအပ်တဲ့ သော့ချက်များ

မိဘနဲ့သားသမီး အပြန်အလှန်လေးစားမှုမျိုး ထားရှိရပါမယ်။ မိဘတွေပြောတဲ့ စကားတွေသာ အမှန်ဆိုပြီး ကလေးငယ်တွေရဲ့ ပြောစကားတွေကို အလေးအနက်ထားခြင်း၊ နားလည်မှုမရှိခြင်းက မိဘနဲ့ သားသမီး ဆက်ဆံရေးကို ဆိုးရွားသွားစေနိုင်ပါတယ်။ ကလေးငယ်တွေကို ကိုယ်ချင်းစာတရား၊ ကြင်နာသနားတတ်ခြင်း၊ တာဝန်ယူမှု/တာဝန်ခံမှု စတာတွေကိုလည်း သင်ကြားပေးရပါမယ်။ အပြစ်ပေးခြင်းထက် ဖြေရှင်းတဲ့ ဆိုဆုံးမနည်းတွေကို အသုံးချတာက ကလေးတွေကို ပိုပြီးထိရောက်စေပါတယ်။ ပြစ်ဒဏ်ပေးခြင်းဟာ မိသားစုဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ကလေးရဲ့ အပြုအမူတွေကို ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။
အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုရဲ့ အကျိုးကျေးဇူးများ

အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုသည် မိဘနဲ့ကလေးများအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ကူညီပေးပါတယ်။ မိဘနဲ့ သားသမီးတွေကြား ခိုင်မာတဲ့ ရင်းနှီးကျွမ်းဝင်မှုများ တည်ရှိနေတာက သားသမီးတွေကို ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းလာဖို့၊ စိတ်ပိုင်းဆိုင်ရာ(သို့) ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကို မြှင့်တင်ပေးဖို့၊ လူမှုပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်နိုင်ဖို့၊ တီထွင်ဖန်တီးမှု၊ ကြိုးစားအားထုတ်မှုများနဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးရရှိနိုင်ဖို့အတွက် မိဘနဲ့သားသမီး စိတ်တူကိုယ်တူအခြေအနေတွေကို ဖန်တီးနိုင်မှုပိုမိုမြှင့်တက်လာစေနိုင်သလို ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးပိုမိုများပြားပါတယ်။
ဒါကြောင့်မို့ မိဘနဲ့သားသမီးတွေကြား အကောင်းမွန်ဆုံးသော အုပ်ထိန်းမှုမျိုးဖြစ်စေဖို့အတွက်ဆို အပြုသဘောဆန်တဲ့ အုပ်ထိန်းမှုမျိုးကိုသာ ရွေးချယ်ပြီး မိမိတို့ရဲ့ ကလေးငယ်တွေအတွက်သာမက သာယာပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref-youaremom