
ကလေးတွေကို ပညာပေးတဲ့အခါမှာ သူတို့ရဲ့ Self-esteem နှင့်လုံခြုံမှုကို မပျက်စီးအောင် “အပြုသဘောဆောင်တဲ့ ဆုံးမခြင်း”ကို အသုံးပြုဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ကလေးငယ်တွေ အမှားလုပ်မိတဲ့အခါ သူတို့ဖြေရှင်းဖို့အတွက် အပြုသဘောဆောင်တဲ့ သတိပေးချက်သုံးခုကို တွေ့ရပါလိမ့်မယ်။ ကလေးတွေကို ဆုံးမတဲ့အခါ ကျွန်မတို့ဟာ ကလေးငယ်တွေအပေါ် negative အပြုအမှုနဲ့ treatment တွေ မသုံးရပါဘူး။ ဒါတွေက သူတို့ရဲ့ သဘောထားနဲ့ အပြုအမှုကို ဆိုးကျိုးသက်ရောက်စေတာကြောင့် ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် နည်းကတော့ ကလေးတွေအား အပြုသဘောဆောင်တဲ့ သတိပေးချက်တွေကို ပေးမှာဖြစ်ပြီး အတော်လေးလည်း ထိရောက်ပါတယ်။
အပြုသဘော သတိသုံးခါပေးနည်းစနစ်
သေချာတာပေါ့ ၊ မေမေတို့ကလေးက မေမေတို့စကား နားမထောင်တဲ့အခါ သူတို့ရဲ့ အာရုံစိုက်မှုရဖို့ အကြိမ်တစ်သန်းလောက် ထပ်ခါထပ်ခါပြောရပါတယ်။ ဒါဟာက များသောအားဖြင့် ပြောရတဲ့သူကို ဒေါသထွက်လာအောင်၊ သည်းခံစိတ်တွေကုန်သွားအောင် ဆွပေးသလိုဖြစ်ပြီး သူတို့ကို အော်ဟစ်တာနဲ့ အဆုံးသတ်သွားပါတယ်။ အဲ့လိုဖြစ်ပြီးသွားလို့လဲ သူတို့နာခံလားဆိုတော့… မနာခံသေးပါဘူး။
အော်ဟစ်တာနဲ့ bad techniques တွေက ကလေးငယ်နှင့် သူတို့ရဲ့ self-esteem ပျက်စီးမှုနဲ့ အဆုံးသတ်ပါတယ်၊ ဒါ့ပြင် မိဘတွေအနေနဲ့ ကိုယ်အော်လိုက်ရတယ်၊ မကောင်းတဲ့နည်းနဲ့ ပြောလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတဘ်၊ ဒါ့ကြောင့် ကျွန်မတို့က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှု ထိခိုက်ခြင်းကို ရှောင်ရှားဖို့ ထိုအချက်ကို မရောက်အောင် ကြိုးစားရပါမယ်။ ဒီသတိပေးချက် ၃ခုကတော့ ထိရောက်မှုရှိပြီး ကလေးငယ်တွေ ဒါကို အသုံးချခြင်းဖြင့် အဆုံးသတ်သွားပါလိမ့်မယ်။
အော်လိုက်တာက ခဏတာတော့ ရလဒ်တွေရှိပေမယ့် ရေရှည်မှာတော့ ပိုပြီးဆိုးကျိုးသက်ရောက်နိုင်တာကြောင့် အဲဒါကိုလုပ်ဖို့ မသင့်တော်ပါဘူး။ ယနေ့ဆွေးနွေးမှုရဲ့ နည်းစနစ်က ရလဒ်တွေကို ရရှိဖို့ ပိုကြာသော်လည်း နောက်လာမယ့် ပြဿနာတွေကို တားဆီးပါလိမ့်မယ်။

ဒီနည်းကို ဘယ်လိုသုံးမလဲ?
ကျွန်မတို့ ဒီနည်းစနစ်ကို အသုံးပြုတဲ့အခါ ဖြည်းဖြည်းချင်းအသုံးပြုပြီး အသံသုံးမျိုးလုံးရဲ့ tone ကိုထိန်းချုပ်ရမယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ဒါအရမ်းအရေးကြီးပါတယ်။
၁။ ပထမဆုံး သတိပေးချက်
ဒီပထမဆုံး သတိပေးချက်မှာ အေးဆေးတည်ငြိမ်တဲ့အသံကို သုံးသင့်ပါတယ်။ “သားရေ,,,သားကစားစရာတွေကို ပြန်ကောက်သိမ်းလို့ရမလား”ဆိုတဲ့ ချစ်ခင်သံလေးနဲ့ ပြောနိုင်ပါတယ်။
၂။ ဒုတိယ သတိပေးချက်
တကယ်လို့ ပထမဆုံးသတိပေးချက်အပြီးမှာ ကလေးက နားမထောင်ဘူးဆိုရင် ဒုတိယသတိပေးချက်ကို သွားရပါမယ်။ ဒီနေရာမှာ စကားသံရဲ့ လေသံဟာ ပိုပြီးလေးနက်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကလေးက အတည်ပြောနေတယ်ဆိုတာ သိလာပြီး မေမေတို့လုပ်ခိုင်းတာကို လုပ်ပါလိမ့်မယ်။
၃။ တတိယ သတိပေးချက်
တကယ်လို့ ပထမသတိပေးချက်နဲ့ ဒုတိယသတိပေးချက်က အလုပ်မဖြစ်ဘူးဆိုရင် တတိယသတိပေးချက်ကို သုံးရပါမယ်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီးstrong ဖြစ်တဲ့အသံ (လေသံမာ)နဲ့ ပြောရပါမယ်။ လုံးဝအမှန်အကန်ဖြစ်ကြောင်း ပြရပါမယ်။ သူတို့မလုပ်ဘူးဆိုရင် အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်ဆိုတာ သူတို့ကို ပြောပြပြီး လုပ်ဖို့ တောင်းဆိုရပါလိမ့်မယ်။အခွင့်ထူးများ ဆုံးရှုံးခြင်းကို အမြဲအသုံးပြုသင့်ပါတယ် (ဥပမာ- သားအရုပ်တွေ မကောက်သိမ်းဘူးဆိုရင် ကာတွန်းကားမကြည့်ရဘူးဆိုတာမျိုးပါ) ။ ကလေးက ပြောတဲ့အတိုင်းလုပ်ရင် သူတို့လိုချင်တဲ့အရာနှင့် ရုပ်ပစ္စည်းမဟုတ်တဲ့အရာတစ်ခုဖြင့် ဆုချနိုင်ပါတယ်။ ဥပမာအားဖြင့် ရုပ်ရှင်ကြည့်ခြင်း၊ သူတို့နဲ့ ကစားခြင်း၊ သူတို့အကြိုက်ဆုံးအစားအစာကျွေးခြင်း စသဖြင့် ဖြစ်နိုင်ပါတယ်။
တကယ်လို့ ပြောတဲ့အတိုင်း မလုပ်သေးဘူး ပေကပ်ကပ်နေမယ်ဆိုရင် ( မိဘပြောစကားကို လျစ်လျူရှုတာ မှားကြောင်း) လုံးဝအလေးနက်ထားတဲ့ လေသံနဲ့ သူတို့ကို ပြောပြရပါလိမ့်မယ်။ အရေးကြီးဆုံးက အမိန့်ပေးနေတာဖြစ်ရင်တောင် သင်တောင်းဆိုတဲ့အရာကို သူတို့လုပ်ဖို့လိုပါတယ်။

“ဒီအပြုသဘောဆောင်တဲ့ နည်းစနစ်ကို သုံးတဲ့အခါ ဘာတွေထည့်တွက်ရမလဲ?”
- လုပ်စရာတွေအများကြီးကို ချက်ချင်း လုပ်ဖို့ မတောင်းဆိုသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက သူတို့ကို ရှုပ်ထွေးစေနိုင်ပြီး ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ကို အများဆုံး အလုပ်နှစ်ခုလောက်သာ လုပ်ဖို့ တောင်းဆိုသင့်ပါတယ်။
- မနာခံမှုရဲ့ အကျိုးဆက်တွေကို ဖော်ပြရပါမယ်။ ဒါမှသာ ဒီနည်းကို သုံးတဲ့အခါ ပထမ(သို့) ဒုတိယသတိပေးချက်ကို လိုက်နာဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူတို့ သဘောပေါက်လာမှာပါ။
- ကျွန်မတို့ အသုံးပြုတဲ့ စကားလုံးတွေကို အထူးဂရုစိုက်ရပါမယ်။ သူတို့ကို နာကျင်စေမယ့်၊ မှားယွင်းစေမယ့် စကားလုံးမျိုး ဘယ်တော့မှ မပြောပါနဲ့။ မေမေတို့ခိုင်းတဲ့အတိုင်း လုပ်ဆောင်တဲ့အခါ သူတို့လုပ်ဆောင်ပေးခဲ့တဲ့ အလုပ်ကို ချစ်ခင်စွာ ချီးမွမ်းပေးပါ။
- လုပ်ဆောင်မှု တစ်ခုခုလုပ်ဖို့ တောင်းဆိုတဲ့အခါ ဒါကို ဘာ့ကြောင့်လုပ်သင့်ကြောင်းလည်း ရှင်းပြပေးဖို့ လိုအပ်ပါတယ်။
မှန်မှန်ကန်ကန်ကျင့်သုံးမယ်ဆိုရင် ဒီနည်းစနစ်က အရမ်းထိရောက်နိုင်ပါတယ်။ ကျွန်မတို့ စိတ်ဆိုးနေရင်(သို့) ဒေါသထွက်နေရင် ဒါကိုမကျင့်သုံးမီ မိနစ်အနည်းငယ်လောက် စိတ်တည်ငြိမ်အောင် အချိန်ယူတာက ပိုကေုာင်းပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့ဟာ မမှန်ကန်တဲ့အရာတွေကို ပြောမိနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-youaremom
Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။