အပြုသဘောဆောင်တဲ့ အပြစ်ဒဏ် (Positive Punishment) ဆိုတာ ဘာလဲ?

0
146
- Advertisement -

အပြုသဘော အပြစ်ဒဏ်!!! ဆန့်ကျင်ဘက် စကားအင်္လကာတစ်ခုလို့ ထင်ရပါတယ်။ ဒါပေမယ့် အပြစ်ဒဏ်က အပြုသဘော ဘယ်လိုဖြစ်နိုင်မှာလဲ? ဒီလိုပြစ်ဒဏ်မျိုးကို သင်ဘယ်လိုကျင့်သုံးနိုင်မလဲ? ဒါ ထိရောက်မှုရှိရဲ့လား? ဒီမေးခွန်းတွေ သင့်ခေါင်းထဲမဝင်ခင်မှာ ဒီဆောင်းပါးလေးကနေ ပြောပြချင်တာတွေ ရှိပါတယ်။ အပြုသဘော အပြစ်ပေးခြင်း နဲ့ အပျက်သဘော အပြစ်ပေးခြင်း၊ အပြုသဘောဆောင်တဲ့ ပြစ်ဒဏ်တွေအကြောင်းနဲ့ ၎င်းက ကလေးအပေါ် သက်ရောက်မှုအကြောင်းကို ဆောင်းပါးလေးမှာ မေမေတို့ တွေ့ရပါလိမ့်မယ်။

အပြုသဘောဆောင်တဲ့ အပြစ်ဒဏ် (Positive Punishment) ဆိုတာဘာလဲ?

အပြုသဘောဆောင်တဲ့ အပြစ်ပေးမှုဆိုတာ အပျက်သဘောဆောင်သော အကျိုးဆက်တွေကို သက်ရောက်စေခြင်းဖြင့် ကလေးမှာ မလိုလားအပ်သော အပြုအမှုတွေကို လျှော့ချဖို့ focuse ထားတဲ့ စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဥပမာ- သင့်ရဲ့ခြောက်နှစ်သားကလေးဟာ အိမ်ကို အမြဲတမ်းရှုပ်ပွအောင် လုပ်တဲ့အတွက် ဆေးရောင်ခြယ်စာအုပ် ဝယ်ပေးဖို့ ငြင်းဆန်လိုက်တာမျိုး ဖြစ်ပါတယ်။ negative အပြုအမှုကို negative ရလဒ်ဖြင့် ဖော်ပြတဲ့အခါ ၎င်းက positive အပြုအမှုကို ဖြစ်ပေါ်စေပါတယ်။

အပြုသဘောဆောင်တဲ့ ပြစ်ဒဏ်က ဘယ်လို အလုပ်လုပ်သလဲ?

အပြစ်ပေးတာဟာ အပျက်သဘောဆောင်တဲ့ အပြုအမှုကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။ Positive Punishment ဆိုတာ အပြုအမှုအား ဆုပေး (သို့) ဒဏ်ပေးခြင်း ကဲ့သို့သော အကျိုးဆက်များဖြင့် ထိန်းချုပ်သော သင်ယူမှုနည်းလမ်းဖြစ်ပါတယ်။ ဒါကို အကျိုးဆက်အားဖြင့် သင်ယူခြင်း လို့ခေါ်ပါတယ်။ ကျွန်မတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ကျွန်မတို့တွေ့ရှိပြီး ဒါကို အလားတူအခြေအနေမျိုးမှာ နောက်တစ်ခါ ပြုမှုခြင်းအပေါ် အကျိုးသက်ရောက်ပါတယ်။

Positive Punishment ရဲ့ဥပမာများ

၁။ ကျွန်မရဲ့ကိုးနှစ်ကလေးဟာ အိမ်စာမပြီးဘဲ ကစားဖို့ ထွက်သွားပါတယ်။ ကျွန်မ သူ့ကို အိပ်ရာမဝင်ခင် အလုပ်ပြီးအောင်လုပ်ဖို့ တစ်နာရီလောက် ထိုင်ခိုင်းလိုက်ပါတယ်။ ဒီလိုအချိန်ပို ထိုင်ခိုင်းခြင်းက အပြုသဘောဆောင်တဲ့ ပြစ်ဒဏ် (သို့) ဆန့်ကျင်ဖက် လှုံ့ဆော်မှု (သူမုန်းတဲ့အရာတစ်ခုခု) ဖြစ်ပါတယ်။ ဒါမှသာ သူ ကစားဖို့ အပြင်ထွက်မသွားခင် သူ့စာကို အပြီးသတ်ရတော့မှာပါ။ ဘာလို့လဲဆိုတော့ သူက စာလေ့လာဖို့ အချိန်ပို မထိုင်ချင်ဘူးလေ။

၂။ သင်အလုပ်နောက်ကျနေပြီ ဖြစ်တာကြောင့် မီးနီကို ဖြတ်သွားတဲ့အခါ စည်းကမ်းကို ချိုးဖောက်တဲ့အတွက် ဒဏ်ငွေဆောင်ရပါတယ်။ အဲဒါကို ထပ်မလုပ်မိဖို့ သင်သတိထားပါလိမ့်မယ်။

၃။ ကလေးငယ်တစ်ယောက်ဟာ အိမ်စာမလုပ်ဘဲ ကျောင်းကို သွားပါတယ်။ ဆရာမက သူမကို စာသင်ခန်းပြင်ပမှာ မတ်တပ်ရပ်ခိုင်းပါတယ်။ ဒါက သူမကို နောက်တစ်ကြိမ်မှာ အိမ်စာပြီးအောင် လုပ်ဖို့ သေချာသွားပါလိမ့်မယ်။

၄။ ကလေးနှစ်ယောက်ဟာ အတန်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေကြပါတယ်၊ ဆရာက သူတို့ကို ကျောင်းအုပ်ရုံးခန်းပို့ပြီး နှစ်ပတ်လောက် ဆိုင်းငံ့ပေးလိုက်ပါတယ်။

၅။ ကျွန်မရဲ့ ငါးနှစ်ကလေးဟာ ခွေးရဲ့အမြှီးကို တတ်နင်းတဲ့အတွက် ခွေးက သူ့ကို ကိုက်လိုက်ပါတယ်။ ခွေးကိုက်ခြင်း (punishment) က အနာဂတ်မှာ မလိုလားအပ်သော အပြုအမှုတွေကို ထပ်ခါတလဲလဲ မပြုလုပ်မိဖို့ တားဆီးပါလိမ့်မယ်။

ဒီဥပမာတွေအားလုံးက မလိုလားအပ်သော အပြုအမှုတွေကို ရပ်တန့်ဖို့ မနှစ်မြို့ဖွယ် လှုံ့ဆော်မှုတစ်ခု ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ အပြစ်ပေးခြင်းက အပြုအမှုတစ်ခုရဲ့ သဘာဝအကျိုးဆက်ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

ဥပမာအားဖြင့် ကလေးတစ်ယောက်ဟာ ပူတဲ့အရာတစ်ခုကို ထိမိတဲ့အခါ သူ့တုံ့ပြန်မှုက လက်ကို ချက်ချင်းရုတ်ဖို့ ဖြစ်ပါတယ်။ ဒီသဘာဝအကျိုးဆက်က သူ့ကို ပူတဲ့အရာဝတ္တုကို လက်ဗလာနဲ့ မကိုင်ဖို့၊ မထိဖို့ သင်ပေးပါလိမ့်မယ်။

အပြုသဘောဆောင်တဲ့ ပြစ်ဒဏ် (Positive Punishment) က ထိရောက်မှုရှိသလား?

အချိန်ကာလတစ်ခုအတွင်း မလိုလားအပ်တဲ့ အပြုအမှုတွေကို ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ အပြစ်ပေးခြင်းကို သုံးနိုင်ပါတယ်။ ထိုရည်မှန်းချက် အောင်မြင်ဖို့ သော့ချက်မှာ မြန်ဆန်ပြီး တသမတ်တည်း ဖြစ်ရပါမယ်။

တကယ်လို့ timeouts အပြစ်ပေးနည်းကို သုံးခြင်း၊ တစ်ခုခုကို သိမ်းဆည်းလိုက်ခြင်းကဲ့သို့သော အပြစ်ပေးနည်းက နားထောင်ဖို့ ငြင်းဆန်တဲ့ ကလန်ကဆန် ကလေးငယ်တွေ( toddler) နဲ့ ဆက်ဆံရာမှာ ထိရောက်ကြောင်း သုတေသနမှာ တွေ့ရှိရပါတယ် ။ ထိုကဲ့သို့သော ကိစ္စရပ်တွေမှာ သူ့အား အကျိုးအကြောင်း ရှင်းပြတာက အလုပ်မဖြစ်ပါဘူး။

အပြုသဘောဆောင်တဲ့ အပြစ်ပေးမှုက အခြေအနေအားလုံးမှာ ထိရောက်မှုမရှိနိုင်ပါ

အပြစ်ပေးခြင်းက ဆွေးနွေး၊ ညှိနှိုင်းဖို့ ဆန္ဒရှိတဲ့ ကလေးတွေနဲ့ မထိရောက်ကြောင်း သုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။ အကျိုးအကြောင်းရှင်းပြခြင်းက သူတို့ကို ကိုင်တွယ်ဖို့ အကောင်းဆုံး ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်သူများက အပြစ်ပေးခြင်းဟာ ကလေးအား မလိုလားအပ်သော အပြုအမှုတွေကို တားဆီးဖို့ မရှိမဖြစ် မလိုဘူးလို့ ယုံကြည်ပါတယ်။ ကလေးက လုပ်မြဲဖြစ်ပေမယ့် သင့်ကို ဖုံးကွယ်ထားပါလိမ့်မယ်။ တကယ်တော့ ဒါက သူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဥပမာ- ဖခင်က သူ့ရဲ့ ဆယ်ကျော်သက်သားငယ် ဆေးလိပ်သောက်နေတာကို မြင်တယ်။ ဖခင်က အပြုသဘောဆောင်တဲ့ ပြစ်ဒဏ်ကို အကောင်အထည်ဖော်လိုက်တယ်။ ပြီးတော့ သားဖြစ်သူ ဆေးလိပ်ဖြတ်လိုက်ပြီလို့ ယူဆသွားတယ်။ ဒါပေမယ့် ဆယ်ကျော်သက်က ဖခင်မသိအောင် ဆေးလိပ်ခိုးသောက်ပါလိမ့်မယ်။ သင့်ကလေးကို အပြစ်ပေးစဉ်မှာ သင့်ကလေးအား သူတို့ရဲ့ မနှစ်မြို့ဖွယ် အပြုအမှုအတွက် (အဲ့အချိန်မှာ ဒေါသထွက်နေတာကြောင့်) အပြစ်ပေးမယ်ဆိုရင် သင်စဉ်းစားဖို့ လိုပါတယ်။ မိနစ်အနည်းငယ်လောက် စောင့်ပြီး အဲဒီအကြောင်း စဉ်းစားပါ၊ ပြီးမှ ပြစ်ဒဏ်ကို အကောင်အထည်ဖော်ပါ။ ဒါမှသာ အပြုသဘောပြစ်ဒဏ်ရဲ့ အားသာချက်တွေကို ဖြစ်နိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေမှ ဆန့်ကျင် ချင့်ချိန်ခွင့်ရပါမယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here