Home Parenting Parent Guide အပြုသဘောဆောင်သော နေ့စဉ်ကတိပြုချက်တွေနဲ့ ပျော်ရွှင်နေသော ကလေးများ

အပြုသဘောဆောင်သော နေ့စဉ်ကတိပြုချက်တွေနဲ့ ပျော်ရွှင်နေသော ကလေးများ

0
အပြုသဘောဆောင်သော နေ့စဉ်ကတိပြုချက်တွေနဲ့ ပျော်ရွှင်နေသော ကလေးများ

အပြုသဘောဆောင်သော ကတိပြုချက်တွေက သင့်တစ်နေ့တာအတွက် ပျော်ရွှင်မှုတွေကို တဖြည်းဖြည်းစုဆောင်ပေးပြီး သင့်စိတ်ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ငယ်စဉ်ကတည်းက အကောင်းမြင်စိတ်ထားဖို့ အရေးကြီးပါတယ်။ ဒီလိုအပြုသဘောဆောင်သော သဘောထားတွေက ကလေးအတွက် ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို မြင့်မားစေပြီး ခွန်အားကြီးခြင်းနှင့် ယုံကြည်မှုတို့နဲ့အတူ ကြီးပြင်းလာပါလိမ့်မယ်။ ဒီအတွက် မေမေတို့မှာ တာဝန်အပြည့်အဝရှိပါတယ်။ ဒီတော့ အပြုသဘောဆောင်သော ကလေးတွေမှာ ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိကြသလဲ? ဘယ်လိုကလေးတွေလဲ?

၁။ တံခါးညှပ်မိတာကြောင့် လက်နာသွားပေမယ့် နာကျင်မှုကို အေးအေးတည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်သော ကလေးလေး

https://www.facebook.com/watch/?ref=external&v=3344174265809134

Oklahom, McCloud မှ Shelbee Haderer ဆိုသူသည် သူမရဲ့ ၂ နှစ်အရွယ် သမီးဖြစ်သူ Brilee အား မိမိကိုယ်ကိုယ် နာကျင်မှုသက်သာစေမယ့်နည်းလမ်းကို ဦးတည်သင်ကြားပေးပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ ကတိစကားတွေပြောနေတဲ့ သမီးဖြစ်သူရဲ့ ဗီဒီဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပါတယ်။ Brilee လေးက တံခါးပေါက်တစ်ခုမှာ သူမရဲ့ လက်ချောင်းသေးသေးလေးကို မတော်တဆညှပ်မိတဲ့အခါ သူမဟာ နာကျင်မှုကြောင့် ငိုပါတော့တယ်။

Shelbee သည် အကြပ်အတည်းကာလအတွင်း စိတ်တည်ငြိမ်စေဖို့ သူမရဲ့ သမီးဖြစ်သူကို အသက်ပြင်းပြင်းရှူထူတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အနည်းငယ်စိတ်သက်သာရာရပြီးနောက် မိခင်ဖြစ်သူက သူမရဲ့ သမီးကို ကုသရေးမန္တန်အနည်းငယ် ရွတ်စေပါတယ်။ * ငါ အဆင်ပြေပါတယ်၊ ငါသန်မာတယ်၊ ငါဟာ လှတယ်၊ ငါ့ကိုယ်ငါ ချစ်တယ်၊ ငါဟာ ဘယ်အရာနဲ့မဆို ထိုက်တန်တယ်* စတဲ့ စကားလုံးတွေ ရေရွှတ်စေပြီး ပြဿနာကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ Brilee လေးဟာ သူမရဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်ကြောင်းပြောပြီး ချစ်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့ပါတယ်။

၂။ ကမ္ဘာတစ်ဝှမ်းက လူတွေကို အားပေးစကားတွေပြောကြားခဲ့သော အသက် (၂) အရွယ် Aleksandra

https://www.instagram.com/p/CXO6wa9h3qN/?utm_source=ig_embed&utm_campaign=embed_video_watch_again

သင့်နှလုံးသားကို အရည်ပျော်ကြသွားစေမယ့် ဗီဒီယိုဖိုင်တစ်ခုဖြစ်ကြောင်း ကြိုသတိပေးပါရစေ။ သူမရဲ့ စိတ်အားထက်သန်လွန်းတဲ့ အားပေးစကားတွေက သင့်ရဲ့ တစ်နေ့တာအတွက် တကယ်ကို စိတ်အားထက်သန်မှုတွေဖြစ်စေပါလိမ့်မယ်။ ဩစတြေးလျနိုင်ငံမှ The Dimi Family ဟာ follower သန်းပေါင်းများစွာရရှိထားတဲ့ Tik Tok နှင့် Instagram တွင် ဒီဗီဒီယိုကို တင်ထားခြင်းဖြစ်ပါတယ်။

Aleksandra ရဲ့ မိခင်ဖြစ်သူက လူအများပျော်ရွှင်စေဖို့ ဒီဗီဒီယိုတွေကို ရိုက်ကူးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အမှန်တကယ်ချစ်စရာကောင်းတဲ့ ကလေးလေးပါပဲ။

၃။ ဂျော်ဂျီယာနိုင်ငံက စတုတ္ထတန်းကျောင်းသားတွေရဲ့ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အပြုသဘောဆောင်သော စကားများပြောဆိုခြင်း

ကျောင်းစာသင်ခန်းတွေမှာလည်း ကလေးတွေအပေါ် အကောင်းမြင်စိတ်တွေ ထည့်သွင်းသင်ကြားသင့်သော နေရာတွေဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ မှန်တစ်ချပ်ကိုကိုင်ပြီး အပြုသဘောဆောင်သော မက်ဆေ့ချ်တွေကို ပြောကြားဖို့ ညွှန်ကြားခဲ့ပါတယ်။ ကျောင်းသားတွေက သမီးက ဉာဏ်ကောင်းသူ၊ သားက လူကောင်းပါ၊ သားက သန်မာပြီး အမှီအခိုကင်းသူ စသဖြင့် ရိုးရှင်းလှပသော စကားးလုံးတွေကို ပြောကြားခဲ့ကြပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် အပြုသဘောဆောင်သော စကားများပြောကြားခြင်း မနက်ခင်းကို စတင်နေတဲ့ ၂ နှစ်အရွယ် Ayaan လေး

https://www.instagram.com/p/B3E0hzyAMrf/?utm_source=ig_embed&utm_campaign=embed_video_watch_again

မိခင်ဖြစ်သူက Alissa က ငါဟာ ဉာဏ်ကောင်းတယ်၊ ငါဟာ ဘာမဆိုလုပ်နိုင်တယ် လို့ပြောတတ်အောင် သင်ပေးခဲ့ပါတယ်။ ကျောင်းသွားရာလမ်းတစ်လျှောက် (သို့) စိတ်အားထက်သန်မှုလိုအပ်ချိန်အတိုင်း ပြောလေ့ရှိပါတယ်။ ဒီဗီဒီယိုက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

၅။ ၆ နှစ်အရွယ် ကလေးနှစ်ယောက်ကို ကျောင်းမသွားခင် အပြုသဘောဆောင်စကားများ ရွတ်ခြင်း

မိခင်ဖြစ်သူက ကလေးနှစ်ယောက်ကို ငါဟာ သန်မာတယ်၊ * ငါ့မှာရှိတဲ့အရာတွေက အံ့ဩစရာကောင်းတယ်၊ အဲ့ဒီ့အရာတွေအတွက် ကျေးဇူးတင်တယ်၊ ငါဟာ အံ့ဩစရာကောင်းသူတစ်ယောက် စတဲ့ မန္တန်တွေကို အကြိမ်ကြိမ်သင်ကြားပေးပါတယ်။ သင့်ရဲ့ တစ်နေ့တာအတွက် ကောင်းမွန်တဲ့ စွမ်းအင်တွေကို ပေးဆောင်ဖို့ အပြုသဘောဆောင်တဲ့ ကတိကဝတ်တွေလောက် ပိုကောင်းတဲ့အရာမရှိတော့ပါဘူး။

ဒီလိုအပြုသဘောဆောင်သော ကတိစကားတွေကို ဘယ်လိုလုပ်မလဲ?

သင့်ဘဝထဲကို အပြုသဘောဆောင်တဲ့စွမ်းအင်တွေကို ယူဆောင်လာစေဖို့ စိတ်ဝင်စားပါသလား? အပြုသဘောဆောင်သော ကတိပြုချက်တွေဟာ သင့်အတွေးတွေကို လက်တွေ့အဖြစ်ကို ပြောင်းလဲနိုင်တာကြောင့် ဒီအရာတွေကို သင်လုပ်ဆောင်သင့်ပါတယ်။ ကျွန်မတို့ရဲ့ အတွေးတွေနှင့် လုပ်ဆောင်ချက်တွေအတွက် စက္ကန့်တိုင်းမှာ ကျွန်မတို့ရဲ့ အဖြစ်မှန်တွေကို ဖန်တီးနေကြောင်း သိရနိုင်ပါတယ်။ သင့်ဘဝကို မြှင့်တင်ချင်တယ်ဆိုရင် သင့်ကိုယ်သင် စကားပြောတဲ့အခါ သေသေချာချာ အာရုံစိုက်ပါ။

ပထမဆုံး သင့်ကို စိတ်အားထက်သန်စေသော မန္တန်တွေကို ချရေးပါ (သို့) အသံထွက်ပြောပါ။ အပေါ်မှာ ကလေးတွေပြောတဲ့အခါ အကြောင်းအရာတွေလောက်ပဲဖြစ်ဖြစ် သင်ပြောနိုင်ပါတယ်။ အလုပ်မသွားခင်အတွင်း သုံးမိနစ်ကနေ ၅ မိနစ်ခန့်အထိ သင်ပြောဆိုနိုင်ပါတယ်။ တစ်ချို့လူတွေက မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကတိပေးတာမျိုး (သို့) ကိုယ့်ကိုယ်ကိုယ်တာဝန်ယူဖို့ တစ်ခြားလူတွေရှေ့မှာ ဂါထာတွေကို ပြောရတာမျိုးကို နှစ်သက်ကြပါတယ်။

သင့်ကလေးတွေကိုလည်း ဒီနည်းအတိုင်းပဲ အကောင်းမြင်တတ်တဲ့ ကလေးတွေဖြစ်စေဖို့ တိုက်တွန်းနိုင်ပါတယ်။ ဘဝက နေ့ချင်းညချင်းတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။ သင့်ဦးနှောက်ကို ပြန်လည်ပြုပြင်ဖို့ အချိန်ယူရပါမယ်။ သို့ပေမယ့် အလေ့အကျင့်တစ်ခုက သင့်ကို လူကောင်းတစ်ယောက်ဖြစ်စေမှာပါ။

Chit_May_May

Nyein_Thu

ref-powerofpositivity

LEAVE A REPLY

Please enter your comment!
Please enter your name here