အပြုသဘောဆောင်သော မိဘအုပ်ထိန်းခြင်းရဲ့ အကျိုးကျေးဇူးများ

0
190
- Advertisement -

စာနာမှု၊ လေးစားမှုနှင့် ချစ်ခင်တွယ်တာမှုအပေါ် အခြေခံထားတဲ့ မိဘအုပ်ထိန်းမှု ပုံစံကို ယနေ့ပြောပြချင်ပါတယ်၊ အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုဟာ ဆယ်ကျော်သက်အရွယ်နှင့် ကလေးတွေအားလုံးအတွက် အကျိုးရှိပါတယ်။ အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်း နှင့် အကြမ်းဖက်ခြင်းတွေဟာ လက်ရှိနဲ့ အနာဂတ်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုက ကလေးတွေကို လွတ်လပ်စေပြီး သူတို့အတွက် လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ပါတယ်။

အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုဆိုတာ ဘာလဲ?

အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ၊ မတရားစနစ်နှင့် တင်းကြပ်တဲ့ စနစ်တွေ၊ စွန့်ခွာခြင်းတွေမပါတဲ့ မိဘအုပ်ထိန်းမှုပုံစံဖြစ်ပါတယ်။ လက်တွေ့မှာ ကလေးဘဝကို နားလည်ဖို့၊ စာနာပေးဖို့ လိုပါတယ်။ အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ဆုံးဖြတ်ချက်၊ စကားလုံးနှင့် လုပ်ရပ်တိုင်းဟာ ကလေးကို ဗဟိုပြုရပါမယ်။

- Advertisement -

မရှိမဖြစ် လိုအပ်သော အချက်တစ်ချို့

ကလေးရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ negative ဆန်တဲ့ လွှမ်းမိုးမှု ဖြစ်စေတာကြောင့် ပြစ်ဒဏ်ပေးတာ၊ ခြိမ်းခြောက်တာ၊ အော်တာတွေ ရှောင်ပါ။

စာနာခြင်း – ကလေးကို သူတို့ဘယ်လိုခံစားရလဲ? ဘာတွေတွေးနေလဲ?သူတို့ပတ်ဝန်းကျင်ကို သူတို့ဘယ်လိုမြင်သလဲ? ဆိုတာကို နားလည်ဖို့ မေးမြန်းပါ။

သူတို့ကို ကာကွယ်မှု ခံစားရပါစေ – ကလေးတွေဟာ အကာအကွယ်နဲ့ တန်ဖိုးထားခံရဖို့ လိုအပ်ပါတယ်။ မိဘကရှေ့မှာ မားမားမတ်မတ်ရှိနေတယ်ဆိုရင် သူတို့ဘဝတွေ လုံခြုံမှုကို ခံစားရစေပါတယ်။ သားယောကျ်ားလေးတွေအတွက်ကတော့ နှစ်သိမ့်မှု မဟုတ်တဲ့ ကာကွယ်စောင့်ရှောက်ခံရမှု လိုအပ်ပါတယ်၊ ဒါကိုလျစ်လျူရှုရင် အမျိုးသားနှင့် အမျိုးသမီးအကြား မညီမျှမှုကို တွန်းအားပေးစေပါတယ်။

ပွင့်ပွင့်လင်းလင်း ချစ်ခင်ပြပါ – နမ်းခြင်းနှင့် ပွေ့ဖက်ခြင်းသာမကဘဲ မိဘတွေဟာ ကလေးတွေနှင့်အတူ အချိန်ကောင်းတွေ မျှဝေတဲ့အခါ၊ သူတို့ရဲ့ ကိုယ်ပိုင်နေရာလေးကို ပေးထားတဲ့အခါ ကလေးတွေအတွက် ချစ်ခြင်းမေတ္တာကို ခံစားရစေပါတယ်။

ဒီမိုကရေစီတည်ရှိမှုကို ဖန်တီးပါ – အိမ်နှင့် ကျောင်းဘဝဟာ ချစ်ခြင်းမေတ္တာ တိုက်တွန်းမှုနှင့် စဉ်ဆက်မပြတ် နားလည်မှုတို့ဖြင့် ရရှိသော သဘောတူညီမှုပေါ်မှာ အခြေခံရပါမယ်။

အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုဟာ အောက်ပါအကျိုးကျေးဇူးတွေ ရရှိပါတယ်။

၁။ မိဘတွေ၊ စောင့်ရှောက်သူတွေနဲ့ relationships ကောင်းရှိတဲ့ သဟဇာတဖြစ်သော ပတ်ဝန်းကျင်မှာ ကလေးတွေရဲ့ development ကို အကောင်းဆုံး မြှင့်တင်ပေးပါတယ်။

၂။ အာဏာရှင်ဆန်တဲ့ မိဘအုပ်ထိန်းမှု ပုံစံတွေနဲ့ မတူဘဲ ဒီပုံစံဟာ ကလေးအား အတူယှဉ်တွဲနေထိုင်ခြင်း စံနှုန်းတွေကို နားလည်စေပါတယ်။

၃။ ဒီလေးစားမှု (respect) ရှိတဲ့ ကလေးပြုစုပျိုးထောင်မှုပုံစံကြောင့် ကလေးတွေဟာ ယုံကြည်မှု ရှိလာပါတယ်။ ကလေးတွေဟာ အခြေအနေတွေနဲ့ နယ်ပယ်အသီးသီးမှာ သူတို့လေ့လာသိရှိခဲ့သမျှကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ သိလာပါတယ်။

၄။ ဒီပုံစံက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ လူမှုရေးဆိုင်ရာ အပြုအမှု ပြဿနာတွေကို လျော့ကျစေပါတယ်။ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု( self-control) ရှိလာပါတယ်။

၅။ မိဘတွေမှာ စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။ သူတို့ရဲ့ သားသမီး ပြုစုပျိုးထောင်ခြင်းက စာနာမှု၊ လေးစားမှု၊ ယုံကြည်မှုနှင့် ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းပေါ်မှာ အခခြေခံတဲ့အခါ မိဘတွေရဲ့ ကျရှုံးမှု (သို့) အပြစ်ရှိမှုဆိုတဲ့ ကြောက်ရွံ့မှုကို ပျောက်ကွယ်စေပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Zawgyi

အျပဳသေဘာေဆာင္ေသာ မိဘအုပ္ထိန္းျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား
စာနာမႈ၊ ေလးစားမႈႏွင့္ ခ်စ္ခင္တြယ္တာမႈအေပၚ အေျခခံထားတဲ့ မိဘအုပ္ထိန္းမႈ ပုံစံကို ယေန႔ေျပာျပခ်င္ပါတယ္၊ အျပဳသေဘာေဆာင္တဲ့ မိဘအုပ္ထိန္းမႈရဲ႕ အက်ိဳးေက်းဇူးေတြဟာဆယ္ေက်ာ္သက္အ႐ြယ္ႏွင့္ ကေလးေတြအားလုံးအတြက္ အက်ိဳးရွိပါတယ္။ ေအာ္ဟစ္ျခင္း၊ ႐ိုက္ႏွက္ျခင္း ႏွင့္ အၾကမ္းဖက္ျခင္းေတြဟာ လက္ရွိနဲ႔ အနာဂတ္အတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစပါတယ္။ အျပဳသေဘာေဆာင္တဲ့ မိဘအုပ္ထိန္းမႈက ကေလးေတြကို လြတ္လပ္ေစၿပီး သူတို႔အတြက္ လမ္းေၾကာင္းေတြ ဖြင့္ေပးႏိုင္ပါတယ္။

အျပဳသေဘာေဆာင္တဲ့ မိဘအုပ္ထိန္းမႈဆိုတာ ဘာလဲ?

အာဏာရွင္ဆန္တဲ့ လုပ္ရပ္ေတြ၊ မတရားစနစ္ႏွင့္ တင္းၾကပ္တဲ့ စနစ္ေတြ၊ စြန္႔ခြာျခင္းေတြမပါတဲ့ မိဘအုပ္ထိန္းမႈပုံစံျဖစ္ပါတယ္။ လက္ေတြ႕မွာ ကေလးဘဝကို နားလည္ဖို႔၊ စာနာေပးဖို႔ လိုပါတယ္။ အိမ္မွာျဖစ္ျဖစ္၊ ေက်ာင္းမွာျဖစ္ျဖစ္ ဆုံးျဖတ္ခ်က္၊ စကားလုံးႏွင့္ လုပ္ရပ္တိုင္းဟာ ကေလးကို ဗဟိုျပဳရပါမယ္။

မရွိမျဖစ္ လိုအပ္ေသာ အခ်က္တစ္ခ်ိဳ႕

ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈအေပၚမွာ negative ဆန္တဲ့ လႊမ္းမိုးမႈ ျဖစ္ေစတာေၾကာင့္ ျပစ္ဒဏ္ေပးတာ၊ ၿခိမ္းေျခာက္တာ၊ ေအာ္တာေတြ ေရွာင္ပါ။

စာနာျခင္း – ကေလးကို သူတို႔ဘယ္လိုခံစားရလဲ? ဘာေတြေတြးေနလဲ?သူတို႔ပတ္ဝန္းက်င္ကို သူတို႔ဘယ္လိုျမင္သလဲ? ဆိုတာကို နားလည္ဖို႔ ေမးျမန္းပါ။

သူတို႔ကို ကာကြယ္မႈ ခံစားရပါေစ – ကေလးေတြဟာ အကာအကြယ္နဲ႔ တန္ဖိုးထားခံရဖို႔ လိုအပ္ပါတယ္။ မိဘကေရွ႕မွာ မားမားမတ္မတ္ရွိေနတယ္ဆိုရင္ သူတို႔ဘဝေတြ လုံၿခဳံမႈကို ခံစားရေစပါတယ္။ သားေယာက်္ားေလးေတြအတြက္ကေတာ့ ႏွစ္သိမ့္မႈ မဟုတ္တဲ့ ကာကြယ္ေစာင့္ေရွာက္ခံရမႈ လိုအပ္ပါတယ္၊ ဒါကိုလ်စ္လ်ဴရႈရင္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးအၾကား မညီမွ်မႈကို တြန္းအားေပးေစပါတယ္။

ပြင့္ပြင့္လင္းလင္း ခ်စ္ခင္ျပပါ – နမ္းျခင္းႏွင့္ ေပြ႕ဖက္ျခင္းသာမကဘဲ မိဘေတြဟာ ကေလးေတြႏွင့္အတူ အခ်ိန္ေကာင္းေတြ မွ်ေဝတဲ့အခါ၊ သူတို႔ရဲ႕ ကိုယ္ပိုင္ေနရာေလးကို ေပးထားတဲ့အခါ ကေလးေတြအတြက္ ခ်စ္ျခင္းေမတၱာကို ခံစားရေစပါတယ္။

ဒီမိုကေရစီတည္ရွိမႈကို ဖန္တီးပါ – အိမ္ႏွင့္ ေက်ာင္းဘဝဟာ ခ်စ္ျခင္းေမတၱာ တိုက္တြန္းမႈႏွင့္ စဥ္ဆက္မျပတ္ နားလည္မႈတို႔ျဖင့္ ရရွိေသာ သေဘာတူညီမႈေပၚမွာ အေျခခံရပါမယ္။

အျပဳသေဘာေဆာင္တဲ့ မိဘအုပ္ထိန္းမႈဟာ ေအာက္ပါအက်ိဳးေက်းဇူးေတြ ရရွိပါတယ္။

၁။ မိဘေတြ၊ ေစာင့္ေရွာက္သူေတြနဲ႔ relationships ေကာင္းရွိတဲ့ သဟဇာတျဖစ္ေသာ ပတ္ဝန္းက်င္မွာ ကေလးေတြရဲ႕ development ကို အေကာင္းဆုံး ျမႇင့္တင္ေပးပါတယ္။

၂။ အာဏာရွင္ဆန္တဲ့ မိဘအုပ္ထိန္းမႈ ပုံစံေတြနဲ႔ မတူဘဲ ဒီပုံစံဟာ ကေလးအား အတူယွဥ္တြဲေနထိုင္ျခင္း စံႏႈန္းေတြကို နားလည္ေစပါတယ္။

၃။ ဒီေလးစားမႈ (respect) ရွိတဲ့ ကေလးျပဳစုပ်ိဳးေထာင္မႈပုံစံေၾကာင့္ ကေလးေတြဟာ ယုံၾကည္မႈ ရွိလာပါတယ္။ ကေလးေတြဟာ အေျခအေနေတြနဲ႔ နယ္ပယ္အသီးသီးမွာ သူတို႔ေလ့လာသိရွိခဲ့သမွ်ကို ဘယ္လိုက်င့္သုံးရမယ္ဆိုတာ သိလာပါတယ္။

၄။ ဒီပုံစံက ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ေတြမွာ လူမႈေရးဆိုင္ရာ အျပဳအမႈ ျပႆနာေတြကို ေလ်ာ့က်ေစပါတယ္။ ကေလးေတြဟာ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္မႈ( self-control) ရွိလာပါတယ္။

၅။ မိဘေတြမွာ စိတ္ဖိစီးမႈ ေလ်ာ့နည္းေစပါတယ္။ သူတို႔ရဲ႕ သားသမီး ျပဳစုပ်ိဳးေထာင္ျခင္းက စာနာမႈ၊ ေလးစားမႈ၊ ယုံၾကည္မႈႏွင့္ ရွင္းလင္းျပတ္သားတဲ့ စည္းမ်ဥ္းေပၚမွာ အခေျခခံတဲ့အခါ မိဘေတြရဲ႕ က်ရႈံးမႈ (သို႔) အျပစ္ရွိမႈဆိုတဲ့ ေၾကာက္႐ြံ႕မႈကို ေပ်ာက္ကြယ္ေစပါတယ္။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here