အပြုသဘောဆောင်သော အာရုံစူးစိုက်မှုဆိုတာ ဘာလဲ

အပြုသဘောဆောင်သော အာရုံစူးစိုက်မှုဆိုတာ ဘာလဲ

0
97
- Advertisement -

အပြုသဘောဆောင်သော ဂရုစိုက်မှုဆိုတာ နွေးထွေးပြီး ချစ်ခြင်းမေတ္တာရှိသော ဆက်ဆံရေးမှ တစ်ဆင့် ကလေးတွေကို တန်ဖိုးထားပြီး လုံခြုံမှုကို ခံစားရစေတာမျိုးဖြစ်ပါတယ်။ ဆက်ပြီး လေ့လာဖတ်ကြည့်ရအောင်ပါ။
အထူးသဖြင့် ကလေးတွေရဲ့ ကြီးထွားမှုအဆင့်မှာ အရွယ်ရောက်သူများထံမှ အာရုံစူးစိုက်မှု ၊ ဂရုစိုက်မှုများစွာ လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ လူကြီးတွေက မကောင်းသောအပြုအမူများကို အသုံးပြုပြီးတော့ အာရုံကို ဆွဲဆောင်သောအခါ အနုတ်လက္ခဏာဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်များနှင့် အပြုသဘောဆောင်သော အာရုံစိုက်မှုကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဤနည်းအားဖြင့် အာရုံစူးစိုက်မှု အပြုအမူတွေကို အသုံးမပြုနိုင်ကြောင်း သေချာစေပါတယ်။ ဒါ့အပြင် ကျန်းမာသန်စွမ်းသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပါတယ်။

အပြုသဘောဆောင်သော အာရုံစူးစိုက်များ

ကောင်းမွန်သော စွမ်းဆောင်ရည်အပြီးမှာ ကလေးတစ်ဦးအား ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်း၊ သူတို့ရဲ့ အောင်မြင်မှုများကို စိတ်၀င်စားမှုပြခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ခင်တွယ်တာသော အသုံးအနှုန်းများကို အသုံးပြုခြင်းနှင့် သူတို့ရဲ့ လုပ်ငန်းတာ၀န်များတွင် အားပေးခြင်းတွေက အပြုသဘောဆောင်သော အာရုံစိုက်မှုကို အသုံးပြုနိုင်ပါတယ်။ အဲ့သလို အပြုအမူလေးတွေနဲ့ အတွေ့အကြုံလေးတွေကတစ်ဆင့် သင့်ကလေးကို သူတို့ရဲ့ အရေးကိစ္စဖြစ်ကြောင်း ပြောပြပါ။ သူတို့မွေးဖွားလာသောအချိန်ကနေပြီးတော သူတို့ရဲ့ အဓိကလိုအပ်ချက်တွေထဲက တစ်ခုဖြစ်တယ်ဆိုတဲ့ တန်ဖိုးထားမှုကို ခံစားရစေပါတယ်။ အခြားတစ်ဖက်မှာလည်း သင့်အနေနဲ့ သူတို့ရဲ့ အောင်မြင်မှုကို တန်ဖိုးထားခြင်းနှင့် မကျင်းပဘူးဆိုရင် သင်ဟာ ကလေးအပေါ်မှာ အပြုသဘောဆောင်သော အာရုံစူးစိုက်မှုမရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ ကလေးက သင့်ရဲ့ အာရုံစူးစိုက်မှုကို ရှာဖွေဖို့ တစ်ခြားနည်းလမ်းနဲ့ ကြိုးစားပါလိမ့်မယ်။

- Advertisement -

ဆန့်ကျင်ဘက်အပြုအမူများ

ကလေးများဟာ အပြုသဘောဆောင်သောလုပ်ရပ်တွေအတွက် ဒီအခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးဘူးဆိုရင် သူတို့လေးတွေက အရွယ်ရောက်ပြီးသူတွေရဲ့ အာရုံစူးစိုက်မှုတွေရဲ့ နည်းလမ်းကို ရှာဖွေပါလိမ့်မယ်။ သင်ဟာ သင့်ကလေးတွေကို အော်ဟစ်တာမျိုး၊ ဆူပူကြိမ်းမောင်းတာမျိုးတွေ လုပ်မယ်ဆိုရင် ဒါဟာ အပျက်သဘောဆောင်သော အာရုံကို အသုံးပြုနေခြင်း ဖြစ်ပါတယ်။ ”ကလေးများ အသိအမှတ်ပြုခြင်းနှင့် ထည့်သွင်းစဥ်းစားခံရဖို့ ပိုကြီးမားသော လိုအပ်တစ်ခုဖြစ်တယ်။ အဲ့ဒီ့အတွက် သူတို့ဟာ အပျက်သဘောဆောင်သော အာရုံစိုက်ခံမယ်ဆိုရင်တောင် မည့်သည့်နည်းနှင့်မဆိုအာရုံကို ရယူဖို့ ကြိုးစားပါလိမ့်မယ်။

အပြုသဘောဆောင်သောအာရုံစူးစိုက်မှုကို ဘယ်လိုအသုံးပြုကြမလဲ

သေချာတာကတော့ ဒါဟာ ကလေးများအတွက် အဓိကအပြုအမူဖြစ်ပါတယ်။ သော့ချက်က သင့်ကလေးတွေရဲ့ ကောင်းမွန်သောအပြုအမူမယ်ဆိုလျှင်အပြုသဘောဆောင်သော အာရုံစိုက်ခြင်း နှင့် မှားယွင်းသော အပြုအမူများ အသုံးပြုခြင်းကို ရပ်တန့်ဖို့ဖြစ်ပါတယ်။ သင့်ကလေးအား အပြုသဘောဆောင်သော အာရုံစိုက်မှုကို ရရှိရန် တစ်ခြားနည်းလမ်းတစ်ခုကတော့ သင့်ကလေးရဲ့ အပြုအမူတွေကို သင်ကိုယ်တိုင် သင်ပေးရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ကလေးကို သူတို့ရဲ့ ကောင်းသော အပြုအမူများကို သင်ချီးမွမ်းနေကြောင်း သိဖို့အရေးကြီးပါတယ်။

ဘာကြောင့်အရေးကြီးတာလဲ

ကလေးတွေကို ဆိုးကျိုးပေးသောအရာတွေမှာ ပိုပြီးအာရုံစိုက်လေလေ သူတို့ကို ပိုပြီးတော့ အာရုံစိုက်ခံရဖို့ ကြိုးစားပါလိမ့်မယ်။ အရေးကြီးဆုံးအကျိုးသက်ရောက်မှုက ကလေးတွေအတွက် ကျန်းမာပြီး မိမိကိုယ်ကို အယူအဆနှင့် မိမိကိုယ်ကိုလေးစားမှုကို ဖြစ်ပေါ်စေတယ်။ အပြုသဘောဆောင်သော အာရုံထားခြင်းဖြင့် သင့်ကလေးရဲ့ ကျန်းမာသန်စွမ်းသောပုံကို တည်ဆောက်နိုင်ဖို့ ကူညီပေးပါတယ်။ ဆိုလိုတာကတော့ သူတို့ကို သင့်အနေနဲ့ သူတို့ကိုသူတို့ တန်ဖိုးထားတတ်ဖို့နှင့် လုံခြုံစိတ်ချမှုရှိစေရန် ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here