အပြုအမူပိုင်းဆိုင်ရာဆိုးရွားတဲ့ မိဘတွေနဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဆက်နွယ်ချက်များ

0
250
- Advertisement -

ကလေးငယ်တဦးရဲ့ဘဝမှာ သူတို့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ရဲ့ အကျိုးသက်ရောက်မှုတွေများစွာရှိပါတယ်။ ပြဿနာတခုကို ဒေါသတကြီး အော်ဟစ်ဖြေရှင်းတတ်တဲ့ မိဘတွေရဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ပြဿနာတွေကိုလည်း ဒေါသတကြီးနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဒါကို စိတ်ပညာရှင်များက စိတ်ပိုင်းဆိုင်ရာကူးစက်မှု(သို့) အတုမြင်သင်ယူမှုလို့ အဓိပ္ပါယ်ဖော်ပြကြပါတယ်။

မိဘတွေရဲ့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုသည် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျပါတယ်။ မိဘတဦး(သို့) နှစ်ဦးစလုံးရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဟာ မကောင်းတဲ့အနေအထားမျိုးရှိရင် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုနှစ်ရပ်စလုံးကို အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ကောင်းမွန်စေချင်ရင်တော့ မိဘတွေကိုယ်တိုင်လည်း မကောင်းတဲ့ အကျင့်စရိုက်တွေကို ရှောင်ရှားရပါမယ်။

ဒေါသတကြီး အော်ဟစ်ခြင်း

- Advertisement -

ကလေးငယ်တွေအတွက် ကြီးမားတဲ့ ပြဿနာတခုကတော့ မိဘတွေစိတ်ဓါတ်ကျတဲ့အခါမျိုးမှာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပါ ဆိုးကျိုးသက်ရောက်မှုရှိတာဘဲဖြစ်ပါတယ်။ အဆင်မပြေတဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ရတဲ့မိဘတွေဟာ မိသားစုဝင်တဦးဦး ဒါမှမဟုတ် မိမိတို့ရဲ့ ကလေးငယ်တွေကို ဒေါသရဲ့ ဓါးစာခံတခုအဖြစ် အသုံးချတာမျိုး ပြုလုပ်တတ်ကြပါတယ်။ အဲဒီလိုအခြေအနေတွေဟာ ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ၁နှစ် နဲ့ ၃နှစ်အရွယ်ကလေးတွေမှာ ပိုပြီးထိခိုက်စေတတ်ပါတယ်။

မိဘများသည် မိမိတို့ရဲ့ ကလေးများနဲ့ပတ်သတ်လို့ မိမိတို့ရဲ့ အပြုအမူတွေကို အချိန်တိုင်းသတိပြုမိရန်နဲ့ ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။ ဒါဟာ အရွယ်ရောက်ကြီးပြင်းသည်အထိကို အကျိုးသက်ရောက်မှုရှိပါတယ်။ လူတဦးတယောက်စီတိုင်းမှာ စိတ်ဖိစီးမှုများ၊ ဘဏ္ဏာရေးပြဿနာများနဲ့ အခြားသောပြဿနာများစွာရှိတတ်ကြပါတယ်။ အရေးကြီးတာက အဲဒီပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်းဖြစ်ပြီး မိမိပတ်ဝန်းကျင်မှာရှိတဲ့လူများ၊ မိသားစုဝင်များ၊ အထူးသဖြင့် ကလေးငယ်တွေကို ပြဿနာနဲ့ထွက်ပေါက်၊ ဒေါသရဲ့ ထွက်ပေါက်တခုအဖြစ် အသုံးမချမိဖို့ဘဲဖြစ်ပါတယ်။

စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှု

ကလေးငယ်တွေဟာ မလုံခြုံမှုနဲ့အတူ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ကိုခံစားလာရနိုင်ပြီး အဲဒီလိုစိတ်တွေကို ထပ်ခါတလဲလဲခံစားရတဲ့ကလေးငယ်တွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ပြဿနာတွေကို ကြုံတွေ့လာရတတ်ပါတယ်။ ပညာရေးစွမ်းဆောင်ရည်နဲ့ ရေတိုရေရှည်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ ကြုံတွေ့လာရနိုင်ပါတယ်။ မိဘတွေရဲ့ ဒေါသကိုဖောက်ထွက်တဲ့နည်းစနစ်အမှားတွေကြောင့် ကလေးငယ်တွေရဲ့ စိတ်ထဲမှာ ချစ်ခြင်းမေတ္တာကိုမခံစားရခြင်း၊ အေးဆေးတည်ငြိမ်မှုကိုမခံစားရခြင်းတွေဟာ ကလေးငယ်တွေကိုပါ ရန်လိုတဲ့အပြုအမူများနဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ထင်ရှားရှားပေါ်ပေါက်လာစေနိုင်ပါတယ်။

ဒါကြောင့်မို့ မိဘတွေအနေနဲ့ ဆိုးရွားတဲ့အပြုအမူတွေကို ရှောင်ကြဉ်ဖို့နဲ့ ဒေါသနဲ့စိုးရိမ်ပူပန်မှုတွေကို နည်းစနစ်ကျကျဖောက်ထုတ်နိုင်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here