အဖေတိုင်းက သူတို့ရဲ့ သားကို သင်ပေးသင့်သော အကြောင်းအရာ (၆)ခု

0
296
- Advertisement -

အချို့မိခင်တွေဟာ ကလေးငယ်တွေရဲ့ ဘဝ ကြီးပြင်းလာခြင်းမှာ အရေးအပါဆုံးသော အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ဒါဟာ အားလုံးနားလည်လက်ခံထားပြီးသားကိစ္စပါ။ သို့ပေမယ့် ဒီကနေ့မှာတော့ အဖေတွေရဲ့ အခန်းကဏ္ဍကို မျှဝေပေးမှာပါ။ အဖေတွေမှာလည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်တဲ့အရာတွေများစွာရှိပါတယ်။

၁။ အနိုင်ယူခြင်း၊ ကျရှုံးခြင်းကို ဘယ်လိုရယူမယ်၊ ဘယ်လိုလက်ခံရမယ်ဆိုတာ ရှင်းပြပါ

သူငယ်ချင်းတွေကလွဲပြီးတော့ ပြိုင်ပွဲအမျိုးမျိုးနှင့် ဂိမ်းတွေမှာ ကလေးတစ်ဦးအတွက် အကောင်းဆုံးအဖော်က ဘယ်သူဖြစ်နိုင်မလဲ။ အဖေကလွဲလို့ တစ်ခြားလူတစ်ယောက်ဖြစ်နိုင်ပါဦးမလား။ ဒီဂိမ်းတွေကတစ်ဆင့် ကလေးသူငယ်တွေက အောင်ပွဲရဲ့အရသာကို ခံစားရပြီးတော့ ၎င်းထံရောက်ရှိဖို့ ဘယ်လောက်ကြိုးစားအားထုတ်ရတယ်ဆိုတာ နားလည်ပါလိမ့်မယ်။ ဖခင်အတွက်ထိုကဲ့သို့သော ဂိမ်းတွေက သင့်သားကိုရှုံးနိမ့်မှုတွေကိုရှောင်ရှားနိုင်ကြောင်း ရှင်းပြဖို့ အလွန်ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပါလိမ့်မယ်။ ”သင်လဲကျလျှင် သင်ကိုယ်တိုင်ပြန်ထပြီးတော့ သွားနိုင်တယ်။ တစ်ကြိမ်လောက်လဲကျရုံနဲ့ ရှက်စရာမကောင်းဘူး”ဆိုတာရော တစ်ခါတည်းသင်ပေးသင့်ပါတယ်။

- Advertisement -

၂။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ မှန်ကန်သော သဘောထားရှိဖို့ သင်ပေးပါ

မိခင်တစ်ဦးက သူမရဲ့သားကို အမျိုးသမီးတစ်ဦးကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ပြောပြနိုင်သော်လည်း ဖခင်တစ်ဦးတည်းကသာ သူ့ဘဝတစ်သက်တာကို မြင်အောင် ပြသနိုင်ပါလိမ့်မယ်။ သင့်သားက အမျိုးသမီးတွေအတွက် အရေးကြီးသောအရာများစွာကို သင့်ထံမှ သင်ခန်းစာယူကောင်းယူပါလိမ့်မယ်။ သူငယ်ချင်းတွေ၊ အင်တာနက်တွေက မဟုတ်ဘဲ ဖခင်ထံမှဖြစ်ပါတယ်။ သင့်ဇနီးအတွက်ပန်းတွေဝယ်ဖို့ သွားတဲ့အခါ သင့်သားကိုခေါ်သွားပါ။ စတိုးဆိုင်ထဲကို အတူသွားပြီးငွေရှင်းကောင်တာနဲ့ ယဥ်ကျေးစွာစကားပြောပါ။ ကလေးက အကျွမ်းတဝင်မရှိတဲ့ အမျိုးသမီးတွေနဲ့ ယဥ်ယဥ်ကျေးကျေးစကားပြောဖို့ တွန့်ဆုတ်တော့မှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေအပေါ်မှာ ကြင်နာမှု၊ နားလည်ပေးမှု၊ သည်းခံခွင့်လွှတ်မှု နောက်ပြီး အမျိုးသမီးတွေအပေါ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းဟာ ယောင်္ကျားမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း နားလည်စေပါ။

၃။ ဘယ်လိုတန်ပြန်တိုက်ခိုက်ရမလဲဆိုတာ သင်ပေးပါ

ဖခင်တစ်ဦးတည်းသာလျှင် သားဖြစ်သူအား ခိုင်မာပြတ်သားဖို့၊ မိမိကိုယ်တိုင်နှင့် မှန်ကန်ရာကို ရပ်တည်ဖို့ သင်ကြားပေးနိုင်ပါတယ်။ အေးဆေးတည်ငြိမ်စွာ စွန့်ခွာဖို့ ၊ ကျိုးကြောင်းဆီလျော်စွာစဥ်းစားတွေးခေါ်တတ်ဖို့ သူ့ကိုသင်ပေးနိုင်ပါတယ်။ သင်က သင့်သားကို ကြင်နာမှုဟာ အားနည်းချက်မဟုတ်ဘူးဆိုတာ သူ့ကိုယ်တိုင်ဥပမာပြပြီးတော့ ကိုရှင်းပြသင့်ပါတယ်။

၄။ ကမ္ဘာကြီးကို သူ့ကိုယ်ပိုင်အမြင်ဖြင့် ကြည့်တတ်အောင် ကူညီပါ။

ဒီ့အတွက် သင့်အနေနဲ့အထူးတလည်ပြဖို့ မလိုပါဘူး။ အခါအားလျော်စွာ သူနဲ့အတူရှိနေပြီးတော့ စကားပြောပါ။ သူက သူ့ရဲ့လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေနှင့်အတူ ကွဲပြားခြားနားသော ချဥ်းကပ်မှုနှင့်အတူ အခြားသူတစ်ဦးလည်းအခွင့်အရေးတွေရှိသင့်ကြောင်းနားလည်ဖို့လိုအပ်ပါတယ်။

ကြီးပြင်းလာတဲ့အခါ မိဘတွေက တူညီသောဘက်မှာ ရှိသင့်ပါတယ်။ သို့သော် ကမ္ဘာရဲ့အမြင်တွေအရ သူတို့ရဲ့အတွေးအခေါ်က အလွန်ကွဲပြားနိုင်ပါတယ်။ ဒါက လုံးဝပုံမှန်ပါပဲ။ ဖခင်ရဲ့အကူအညီဖြင့် ကလေးငယ်က တူညီသောဖြစ်ရပ်များအပေါ် ရှုထောင့်မျိုးစုံရှိကြောင်း တွေ့မြင်နိုင်ပြီး ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနှင့် အကြောင်းအရာအပေါ် သူ့ရဲ့ကိုယ်ပိုင်ရှုမြင်ပုံကို ဖော်ထုတ်နိုင်ပါတယ်။

၅။ အသစ်အသစ်သော ခံစားမှုနှင့်အတူ ကလေးရဲ့အတွေ့အကြုံကို ကြွယ်ဝစေပါ

သူဟာ ကလေးဘဝတုန်းက အရာအားလုံးကို အစပြုတယ်။ သို့တိုင်အောင် သူဟာ ၆လသားအရွယ်မှာကတည်းက သူက ယောင်္ကျားနှင့်မိန်းမတို့ရဲ့ ကွဲပြားမှုကို ခံစားနိုင်ပါတယ်။ များသောအားဖြင့် မိခင်တွေဟာ ဒီအရာအားလုံးကို တိတ်ဆိတ်သော ထိတ်လန့်မှုဖြင့် ကြည့်ရှုကြတယ်။ သို့ပေမယ့် ကလေးငယ်တွေဟာ အမြင်အာရုံ၊ အာရုံထိတွေ့နိုင်သော အသိအာရုံများနှင့် သူတို့ကိုယ်ပိုင်နေရာဒေသနှင့်ပတ်သက်ပြီးတော့ အတွေ့အကြုံအသစ်တွေကိုကောင်းကောင်း ခံစားနိုင်ပါတယ်။

၆။ အိမ်တွင်းတာဝန်တွေကို ကျွမ်းကျင်အောင် ကူညီပါ

ဟုတ်ပါတယ်။ ဒါကလည်း ကြိုးချည်ခြင်း၊ အသားငါးကူလှီးပေးခြင်း၊ အဝတ်တွေ မီးပူတိုက်ပေးခြင်းေ ယခုဘယ်လိုမေးခွန်းရဲ့အဖြေကိုမဆို အင်တာနက်ပေါ်မှာ တွေ့ရှိနိုင်မှာ ဖြစ်ပေမယ့်လည်း သူက သူ့အဖေဆီက သင်ခန်းစာယူမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ နောက်ပြီး ယောင်္ကျားတစ်ယောက်က ချက်ပြုတ်နိုင်တယ်ဆိုတာ သားတစ်ယောက်ကို ပြသနိုင်သူက ဖခင်ကလွဲလို့ တစ်ခြားတစ်ယောက်မဖြစ်နိုင်ပါဘူး။

Chit_May_May

Nyein_Thu\

Ref-brightme

LEAVE A REPLY

Please enter your comment!
Please enter your name here