Home Lotaya အဖေနဲ့သား နှစ်ဦးကြားက ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမယ့် အချက်လေးချက်

အဖေနဲ့သား နှစ်ဦးကြားက ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမယ့် အချက်လေးချက်

0
2995

မိခင်နဲ့ ကလေးတွေကြားက ဆက်ဆံရေးထက် အဖေနဲ့သားကြားက ဆက်ဆံရေးက ထင်တာထက် အများကြီးခက်ခဲနက်နဲနိုင်ပါတယ်။ မတူညီကွဲပြားတဲ့ စိတ်ဝင်စားမှုကိုယ်စီရှိကြတဲ့ ဖခင်တွေနဲ့ သားတွေဟာ တစ်ခါတစ်လေမှာ တခြားသားအဖတွေနဲ့ ယှဥ်ပြိုင်လိုစိတ်ရှိကြပါတယ်။ မိခင်တွေဆီကနေ သမီးတွေက လေ့လာသင်ယူကြသလိုပဲ သားတွေအနေနဲ့ ဖခင်တွေဆီကနေ သင်ယူစရာရှိတာ သင်ယူရတာဖြစ်တာကြောင့် ကိုယ့်ရဲ့သားနဲ့ ဆက်ဆံရေးကို ပိုပြီးခိုင်မာစေဖို့ လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

၁။ သားတွေအပေါ်ဖခင်တွေကလွှမ်းမိုးမှုရှိတယ်ဆိုတာကို သတိပြုပါ

သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်ုပ်တို့ရဲ့သားတွေဟာ ယောကျာ်းကောင်းတစ်ယောက်ဖြစ်လာဖို့ သူတို့ရဲ့အဖေတွေကိုအဓိကကြည့်ပြီး လေ့လာသင်ယူကြတာဖြစ်ပါတယ်။ သားဖြစ်သူရဲ့ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဖခင်ရဲ့သက်ရောက်မှုကို များသောအားဖြင့် မသိမြင်နိုင်ကြပါဘူး။ မိခင်အပေါ်မှာ ဖခင်ရဲ့ပြုမူပြောဆိုပုံတွေကို လေ့လာအကဲခတ်ပြီးတော့ အမျိုးသမီးတွေအပေါ်မှာ ဘယ်လိုလေးလေးစားစားဆက်ဆံရမယ်၊ ကြုံတွေ့လာရတဲ့ ပြဿနာတွေ၊ မတူညီကွဲပြားချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သင်ယူတာဖြစ်ပါတယ်။ တခြားအမျိုးသားတွေနဲ့ တွေ့ဆုံရာမှာလည်း ဘယ်လိုစကားပြောဆိုရမယ်၊ ဘယ်လိုပြုမူရမယ်ဆိုတာကို အာရုံစိုက်ပြီး သင်ယူမှာဖြစ်ပါတယ်။

၂။ တူညီတဲ့စိတ်ပါဝင်စားမှုလေးတွေကို ဖန်တီးပါ

ကိစ္စအားလုံးပေါ်မှာတော့ သားအဖတွေ စိတ်ဝင်စားတာချင်း၊ အကြိုက်ချင်းမတူညီနိုင်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သို့သော်လည်း သားအဖကြားမှာ မတူညီတာ လုံးဝမရှိဘူးဆိုတာထက် တူညီတဲ့အကြိုက်၊ ဝါသနာတစ်ခုလောက်ကို အတူတကွရှာဖွေရင်းနဲ့ အမှတ်တရလေးတွေ ဖန်တီးကြပါ။

၃။ မြူးမြူးထူးထူး ကစားဖို့ကို ဝန်မလေးပါနဲ့

ကလေးတွေဟာ ငယ်ရွယ်သေးချိန်ဆိုရင် ပိုပြီးတော့ကို ပြေးလွှားဆော့ကစားရတာ၊ ကြမ်းကြမ်းတမ်းတမ်းဆော့ကစားရတာကို သဘောကြိုက်ကြပါတယ်။ သားအဖတွေ နပန်းလုံးကစားတာ၊ ဘောလုံးကစားတာ စသဖြင့် ကိုယ်ခန္ဓာကိုပါ အသုံးပြုပြီး ဆော့ကစားပေးခြင်းက မိခင်တွေနဲ့အတူနေချိန်မှာ ဘယ်လိုမှမရနိုင်တဲ့ ခံစားချက်ဖြစ်ပါတယ်။

၄။ သားတွေရဲ့ပြောစကားကိုနားထောင်ပါ

အမျိုးသားတွေဟာ စကားလက်ဆုံကောင်းကောင်းပြောဖို့နဲ့ပတ်သက်လာရင် အတန်ငယ်အခက်တွေ့တတ်ကြပါတယ်။ ကလေးတွေ အင်မတန်ငယ်ရွယ်တဲ့အချိန်ကတည်းက သူတို့ပြောသမျှစကားလေးတွေကို ဘာဝေဖန်ချက်မှမရှိဘဲ၊ အလောတကြီး ပြင်ဆင်ဖို့မကြိုးစားဘဲ နားထောင်ပေးခြင်းက ရေရှည်မှာတည်တံ့ခိုင်မြဲတဲ့သားအဖဆက်ဆံရေးကို ဆောက်တည်နိုင်မှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- verywellfamily

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here