မေမေတို့နားမှာ ကလေးရဲ့ ဘိုးဘိုးဘွားဘွားတွေရှိတာက အရမ်းကောင်းပါတယ်။ လိုအပ်တဲ့အခါ ကလေးထိန်းပေးခြင်းနှင့်အတူ သူတို့ရဲ့ အကူအညီပေါ်မှာ မှီခိုနိုင်ပါတယ်။ အဘိုး၊ အဘွားတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေမှာ ကောင်းကျိုးတွေ ရှိနိုင်ပေမယ့် ကလေးတွေကို လှည့်မကြည့်နိုင်ပဲ သူတို့ရဲ့ အဘိုးအဘွားတွေနဲ့အတူ အမြဲတမ်းထားခဲ့ခြင်းဟာ ကလေးရဲ့ လူမှုရေး၊ အမူအကျင့်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအတွက် ဆိုးကျိုးသက်ရောက်မှု တစ်ချို့ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘိုးဘိုးဘွားဘွားတွေ မြေးထိန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တစ်ချို့ကို သတိပြုမိစေဖို့ မျှဝေပေးလိုက်ပါတယ်။
၁။ ကလေးတွေက စကားနားမထောင်တာ ဖြစ်လာနိုင်ပါတယ်
သားအချစ်၊ မြေးအနှစ် ဆိုသလိုပဲ အဘိုးအဘွားတွေဟာ မြေးတွေကို ပိုပြီးအလိုလိုက်လေ့ရှိပါတယ်။ မဆူရက် ၊ မရိုက်ရက်နဲ့ ကလေးမိဘတွေ ဆူရင်တောင် အရှေ့က ကာဆီးကာဆီး လုပ်တတ်ကြပါတယ်။ ဒီလိုအလိုလိုက်ခြင်းက ကလေးတွေကို သွန်သင်ထားတဲ့ စည်းကမ်းတွေ ပျက်ဆီးစေနိုင်သလို ကလေးတွေဟာ စကားနားမထောင်သူတွေ ဖြစ်လာနိုင်ပါတယ်။

၂။ ကလေးတွေဟာ မိဘတွေဆီကနေ စိုးရိမ်ပူပန်မှု ခံစားရနိုင်ပါတယ်
တကယ်လို့ အဘိုးအဘွားတွေက ကလေးတွေ လိုချင်တဲ့ အရာအများစုကို လုပ်ခွင့်ပြုပါက မိဘတွေအတွက်တော့ မကောင်းတဲ့လူတွေ ဖြစ်သွားပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဘဝမှာ အဓိကနေရာကို ပြန်လည်ရယူဖို့ ကြိုးစားရင်း မလိုလားအပ်သော ခံစားမှုတွေ ခံစားကြရပါတယ်။ ဒါက စိုးရိမ်ပူပန်မှု ခံစားနေရတဲ့ မိဘတွေရဲ့ ကလေးတွေအတွက် အရမ်းကို စိတ်သောကရောက်စေပြီး စိတ်ရှုပ်စေနိုင်ပါတယ်။

၃။ ကလေးတွေမှာ ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်မရနိုင်ပါဘူး
ကလေးတွေမှာ ခွန်အားတွေပြည့်နှက်နေပြီး ခန္ဂာကိုယ်ကျန်းမာသန်စွမ်းနေစေဖို့ ပြေး၊ခုန်၊ ကစားရန် လိုအပ်ပါတယ်။ များသောအားဖြင့် အဘိုးအဘွားတွေဟာ ကလေးတွေရဲ့ ပြင်ပလှုပ်ရှားမှုအများစုနောက်ကို မလိုက်နိုင်ကြပါဘူး။ အိမ်ထဲက အိပ်ပြင် သိပ်မထွက်ရတာကြောင့် ကလေးတွေဟာ ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်မရကြပါဘူး။

၄။ ကလေးတွေ အစားအသောက် အလွန်အမင်း စားလာနိုင်ပါတယ်
များသောအားဖြင့် အဘိုးအဘွားတွေဟာ သူတို့မြေးတွေကို အစားများများကျွေးလေ့ရှိကြပါတယ်။ မကြာသေးမီက လေ့လာမှုအရ ကလေးတွေဟာ အဝလွန်ခြင်း၊ သွားဘက်ဆိုင်ရာ သန့်ရှင်းမှု (သို့မဟုတ်) ဆီးချိုရောဂါကိုတောင် ခံစားနေရကြောင်း တွေ့ရှိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဘိုးအဘွားတွေဟာ အချိုတွေ၊ သကြားလုံးတွေ၊ အဆီအဆိမ့် အစားအစာတွေ ကျွေးကြတာကြောင့် ဖြစ်ပါတယ်။ သူတို့က မြေးကို ပျော်ရွင်စေဖို့ ကြိုးစားကြပေမယ့်လည်း ကလေးရဲ့ကျန်းမာရေးကို ပျက်စီးစေနိုင်ပါတယ်။

၅။ ကလေးတွေဟာ လူမှုရေးဆိုင်ရာ စွမ်းရည်ညံ့ဖျင်းလာနိုင်ပါတယ်
ကလေးတွေဟာ သူတို့အချိန်အများစုကို အဘိုးအဘွားတွေနဲ့သာ အချိန်ဖြုန်းရတာကြောင့် အခြားကလေးတွေနဲ့ သူငယ်ချင်း မဖွဲ့ဖြစ်ကြပါဘူး။ သူတို့ဟာ သူတို့နဲ့ ရင်းနှီးတဲ့ Relationship အတွင်းမှာပဲ အဆင်ပြေပြေနေလေ့ရှိပြီး ရွယ်တူချင်းကို ရှောင်လေ့ရှိပါတယ်။ မူကြိုကျောင်းတတ်တဲ့ ကလေးတွေ (သို့) မူလတန်းတတ်တဲ့ ကလေးတွေတဟာ လူမှုရေးဆိုင်ရာ စွမ်းရည်တွေတ ပိုတိုးတတ်လာခြင်းကြောင့် အမူအကျင့်ဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ခြေ နည်းပါတယ်။

Chit_MayMay
LM_Nandar
Source-brightside