အဘိုးအဘွားနဲ့ နေတာများတဲ့ကလေးငယ်တွေအပေါ်သက်ရောက်လာတတ်တဲ့ ဆိုးကျိုး (၅) ချက်

0
754
- Advertisement -

သင့်ပတ်ဝန်းကျင် အနီးအနားမှာ ကလေးတွေရဲ့ အဘိုးအဘွားရှိနေတာက အလွန်ကောင်းပါတယ်။ သင် မအားမလပ်တဲ့အခါမျိုးတွေမှာ သင့်ကလေးတွေကို သူတို့နဲ့ ထားခဲ့လို့ရတာမျိုးကြောင့် သူစိမ်းတစ်ယောက်ကို စောင့်ကြည့်စေတာမျိုးထက် အဆများစွာ စိတ်ချယုံကြည်လို့ရပါတယ်။ ဒါပေမယ့် အဘိုးအဘွားတွေနဲ့ အမြဲတမ်းထားခဲ့မယ်ဆိုရင်တော့ ဆိုးကျိုးသက်ရောက်မှုအနည်းငယ်ရှိလာနိုင်ပါတယ်။

မိဘစကားကို အလေးထားမှုလျော့ကျစေလာနိုင်ပါတယ်

အဘိုးအဘွားတွေဟာ ကလေးငယ်တွေကို အလွန်အလိုလိုက်တတ်ကြတဲ့အတွက် မိဘတွေက တားမြစ်ထားတာမျိုးကို အဘိုးအဘွား အားကိုးနဲ့ မနာခံတာမျိုးတွေလုပ်လာတတ်ကြပါတယ်။ ဒီအချက်က ကလေးငယ်တွေကို ဆုံးမပဲ့ပြင်ဖို့ ခက်ခဲသွားစေနိုင်ပါတယ်။

မိဘတွေဟာ ချုပ်ခြယ်တယ်လို့ အတွေးဝင်သွားတတ်စေပါတယ်

ကလေးငယ်တွေဟာ လက်သာရာနေချင်ကြပါတယ်။ မဟုတ်တာလုပ်တဲ့အခါ ဆူပူမာန်မဲတတ်တဲ့ မိဘတွေထက် အလိုလိုက်တတ်တဲ့ အဘိုးအဘွားတွေကို ပိုသဘောကျတတ်ပါတယ်။ အဲ့ဒါဟာ ကလေးငယ်တွေကို ဆိုးသွမ်း သွားစေတတ်ပြီး မိဘတွေကိုလည်း အလွန်ချုပ်ခြယ်တယ်လို့ မြင်သွားစေတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်မရနိုင်တော့ခြင်း

ကလေးငယ်တွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးအတွက် ပြေးလွှား ခုန်ပေါက် ကစားဖို့လိုအပ်ပါတယ်။ အဘိုးအဘွားတွေကျ အသက်အရွယ်ကြီးပြင်းနေတာမို့ ကလေးငယ်တွေ ကစားတဲ့နောက် တောက်လျောက်လိုက်မကြည့်နိုင်ကြပါဘူး။ တစ်ခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်ပူပန်တတ်ကြတာမို့ သူတို့မျက်စိအောက်မှာသာ ထားတတ်ကြပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေအတွက် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးမရနိုင်ကြတော့ပါဘူး။

အစားအစာကို ချင့်ချိန်မစားတတ်တော့ခြင်း

အဘိုးအဘွားတွေဟာ သူတို့ရဲ့မြေးများပူဆာသမျှစားစရာများကို ကျွေးဖို့ရာအဆင်သင့်ဖြစ်နေတတ်ပါတယ်။ ကလေးငယ်တွေ လွန်ကျူးစွာ မစားသင့်သော အချိုမုန့်များ၊ ကလေးငယ်တွေအတွက်မသင့်တော်တဲ့ မုန့်များကို ကလေးငယ်များပျော်ရွှင်စေဖို့အလို့ငှာ ထိန်းချုပ်ခြင်းမရှိဘဲ ကျွေးတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တွေအပေါ် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများစွာ ဖြစ်လာစေပါတယ်။

သူငယ်ချင်းအပေါင်းအသင်းနည်းလာချင်း

ကလေးငယ်တွေဟာ အဘိုးအဘွားနဲ့သာ အနေများလာတဲ့အခါမှာတော့ ကစားဖော်ကစားဖက် သူငယ်ချင်းများကို မရှာလိုကြတော့ဘဲ သူတို့ရင်းနီးတဲ့ အသိုင်းအဝိုင်းထဲမှာသာနေလိုတတ်လာကြပြီး ရွယ်တူတွေကို နားမလည်နိုင်ကြတော့အတွက် ရှောင်ကြဉ်လာကြပါတယ်။ ဒါဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက် ဖြစ်လာစေတတ်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here