အဘိုးအဘွားနှင့် မြေးအကြားက သံယောဇဉ်နှောင်ကြိုးဟာ နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရရှိစေ

0
9

မိဘနှစ်ပါးစလုံး အချိန်ပြည့် အလုပ်လုပ်နေရတဲ့ ခေတ်ကြီးထဲမှာ၊ ပရော်ရှင်နယ်အောင်မြင်မှုတွေကို လိုက်နေရတဲ့ ခေတ်ကြီးထဲမှာ မြေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ အဘိုးအဘွား အရေအတွက်ဟာ လျင်မြန်စွာ တိုးပွားလာပါတယ်။ သားအချစ်၊ မြေးအနှစ်ဆိုသလိုပါပဲ။ မြေးတွေကို မဆူရက်၊ မပြောရက် အရမ်းချစ်ကြတာဟာ အဘိုးအဘွားတွေပါ။ မြေးတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကနေ အဘိုးအဘွားတွေအတွက် အကျိုးကျေးဇူးကောင်းတွေ ရရှိစေသလို ဒီလိုအဘိုးအဘွားတွေနဲ့ ကြီးပြင်းရတဲ့ ကလေးတွေမှာလည်း ကောင်းကျိုးတွေ အများကြီး ရရှိစေပါတယ်။

ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းပါတယ်

ယနေ့ဖြစ်ပေါ်နေတဲ့ ယဉ်ကျေးမှုနှင့် လူမှုရေးအခြေအနေများမှာ မိဘနှစ်ပါးစလုံးက အချိန်ပြည့်အလုပ်လုပ်နေရတာကြောင့် အဘိုးအဘွားနဲ့ မြေးတွေအကြားက relationship ကို ခိုင်မြဲစေပါတယ်။ ဒါ့အပြင် မိသားစုပြိုကွဲမှုနှုန်းကလည်း ပိုမိုမြင့်မားလာတာကြောင့် ကလေးတွေဟာ အဘိုးအဘွားတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းကြရပါတယ်။ လေ့လာမှုအတော်များများက မြေးတွေနှင့်အတူ နေရတဲ့ အဘိုးအဘွားတွေကြားက သံယောဇဉ်နှောင်ကြိုး ဆက်သွယ်မှုကို လေ့လာခဲ့ကြပါတယ်။

အောက်စ်ဖို့တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အဘိုးအဘွားနှင့် သူတို့မြေးတွေအကြားက ချစ်ခြင်းမေတ္တာ ဆက်သွယ်မှုများက လူငယ်နှင့် ကလေးတွေမှာ လူမူရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာကို ဖြစ်ပေါ်စေတယ်လို့ ပြသခဲ့ပါတယ်၊ ဒီသံယောဇဉ်က မြေးတွေကို သူတို့ရဲ့ လူမှုရေးနှင့် သိမြင်မှု စွမ်းရည်များကို မြှင့်တင်ပေးပြီး သူတို့ရင်ဆိုင်ရနိုင်တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကနေ ကာကွယ်ပေးပါတယ်၊ ဒါ့အပြင် အဘိုးအဘွားနှင့် မြေးကြားက အနီးကပ်ဆက်ဆံရေးဟာ မိဘနှစ်ပါးခွဲခွာနေတာမျိုးမှာ ကလေးအတွက် ထိခိုက်မှု သက်သာစေတယ်လို့ လေ့လာမှုရဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Dr. Eirini Flouri ကပြောပါတယ်။

အင်္ဂလန်နှင့် ဝေလပြည်နယ်မှ အသက်အရွယ်မတူတဲ့ ကလေး ၁၅၉၆ယောက်ကို analysis လုပ်ထားတဲ့ သုံးသပ်ချက်များနှင့် ရလဒ်များကို ဖော်ပြခဲ့ပါတယ်။ လူမှုစီးပွားရေးအခြေအနေ၊ အဘိုးအဘွားတွေရဲ့ အသက်နှင့် အဘိုးအဘွားနဲ့ မြေးရဲ့ ရင်းနှီးမှုအတိုင်းအတာ ကဲ့သို့သော ကွဲပြားခြားတဲ့ ရှုထောင့်များကို အကဲဖြတ်ခဲ့ကြပါတယ်။ လေ့လာမှုမှာ ဒီသံယောဇဉ်က ဆောင်ကြဉ်းပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ထုတ်ဖော်ခဲ့တဲ့အပြင် ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ဒီ relationships ရဲ့အရေးပါမှုကိုလည်း ခြုံငုံသုံးသပ်ပေးခဲ့ပါတယ်။ အမေဘက်က အဖွားဟာ ကလေးထိန်းခြင်းနှင့်အတူ မြေးတွေအတွက် ပုံမှန်စောက်ရှောက်မှုတွေ သုံးပုံတစ်ပုံနီးပါးလောက် ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။
လေ့လာမှုက အဓိကအားဖြင့် အဘိုးအဘွားတွေနှင့်အတူ နေရတာ စိတ်ကျေနပ်မှု ရှိမရှိကို ဆယ်ကျော်သက်ဖြစ်လာမယ့် ကလေးတွေအပေါ်မှာ focused လုပ်ခဲ့ပါတယ်။ ယနေ့အဘိုးအဘွားတွေဟာ ကလေးတွေ တွေ့ကြုံရတဲ့ ပြဿနာတွေနှင့် ပတ်သတ်ပြီး မြေးတွေနှင့်အတူ စကားပြောဖို့ ယုံကြည်မှုပေးတဲ့ အနေအထားဖြစ်တဲ့အပြင် သူတို့ရဲ့ လှုပ်ရှားမှုများမှာ လူငယ်တွေကို ကူညီဖို့ မိဘတွေထက် အချိန်ပိုရတယ်လို့ အဆိုပါစစ်တမ်းက ဖော်ပြခဲ့ပါတယ်။

အဘိုးအဘွားများဆီကို မြေးတွေယူဆောင်လာတဲ့ အကျိုးကျေးဇူးများ

အဘိုးအဘွားနဲ့ မြေးရဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်က အသက်ကြီးသူတွေရဲ့ ကောင်းကျိုးချမ်းသာကိုလည်း တိုးတတ်စေနိုင်ပါတယ်။ အဘိုးအဘွားနဲ့ မြေးရဲ့ ချစ်ခြင်းမေတ္တာက သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးနှင့် ခိုင်မာစွာ ဆက်စပ်နေကြောင်း လန်ဒန်က လူမူရေးနှင့် ပြည့်သူပေါ်လစီကျောင်းရဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။ မြေးတွေကို စောင့်ရှောက်မှုပေးသူ အဖိုးအဖွားတွေဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုကောင်းယုံသာမက စိုးရိမ်ပူပန်မှုမရှိဘဲ ဘဝကို ဖြတ်သန်းနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ သုတေသလေ့လာမှုက သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ဂရိ၊ နယ်သာလန်နှင့် ဆွီဒင်မှာ နေထိုင်ပြီး မြေးရှိသူ အသက် (၅၀) ဝန်းကျင် အမျိုးသမီး ၈၉၇၂ယောက်နဲ့ အမျိုးသား ၆၅၆၇ယောက်ရဲ့ တရားဝင် ဒေတာတွေပေါ်မှာ အခြေခံထားခဲ့ပါတယ်။

Chit_MayMay

LM_Nandar

ZawGyi

အဘိုးအဘြားႏွင့္ ေျမးအၾကားက သံေယာဇဥ္ေႏွာင္ႀကိဳးဟာ ႏွစ္ဦးစလုံးရဲ႕ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ား ရရွိေစ
မိဘႏွစ္ပါးစလုံး အခ်ိန္ျပည့္ အလုပ္လုပ္ေနရတဲ့ ေခတ္ႀကီးထဲမွာ၊ ပေရာ္ရွင္နယ္ေအာင္ျမင္မႈေတြကို လိုက္ေနရတဲ့ ေခတ္ႀကီးထဲမွာ ေျမးေတြကို ျပဳစုေစာင့္ေရွာက္ရတဲ့ အဘိုးအဘြား အေရအတြက္ဟာ လ်င္ျမန္စြာ တိုးပြားလာပါတယ္။ သားအခ်စ္၊ ေျမးအႏွစ္ဆိုသလိုပါပဲ။ ေျမးေတြကို မဆူရက္၊ မေျပာရက္ အရမ္းခ်စ္ၾကတာဟာ အဘိုးအဘြားေတြပါ။ ေျမးေတြနဲ႔ ထိေတြ႕ဆက္ဆံျခင္းကေန အဘိုးအဘြားေတြအတြက္ အက်ိဳးေက်းဇူးေကာင္းေတြ ရရွိေစသလို ဒီလိုအဘိုးအဘြားေတြနဲ႔ ႀကီးျပင္းရတဲ့ ကေလးေတြမွာလည္း ေကာင္းက်ိဳးေတြ အမ်ားႀကီး ရရွိေစပါတယ္။

ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ ေကာင္းပါတယ္

ယေန႔ျဖစ္ေပၚေနတဲ့ ယဥ္ေက်းမႈႏွင့္ လူမႈေရးအေျခအေနမ်ားမွာ မိဘႏွစ္ပါးစလုံးက အခ်ိန္ျပည့္အလုပ္လုပ္ေနရတာေၾကာင့္ အဘိုးအဘြားနဲ႔ ေျမးေတြအၾကားက relationship ကို ခိုင္ၿမဲေစပါတယ္။ ဒါ့အျပင္ မိသားစုၿပိဳကြဲမႈႏႈန္းကလည္း ပိုမိုျမင့္မားလာတာေၾကာင့္ ကေလးေတြဟာ အဘိုးအဘြားေတြရဲ႕ ထိန္းသိမ္းေစာင့္ေရွာက္မႈေအာက္မွာ ႀကီးျပင္းၾကရပါတယ္။ ေလ့လာမႈအေတာ္မ်ားမ်ားက ေျမးေတြႏွင့္အတူ ေနရတဲ့ အဘိုးအဘြားေတြၾကားက သံေယာဇဥ္ေႏွာင္ႀကိဳး ဆက္သြယ္မႈကို ေလ့လာခဲ့ၾကပါတယ္။
ေအာက္စ္ဖို႔တကၠသိုလ္က ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုမွာ အဘိုးအဘြားႏွင့္ သူတို႔ေျမးေတြအၾကားက ခ်စ္ျခင္းေမတၱာ ဆက္သြယ္မႈမ်ားက လူငယ္ႏွင့္ ကေလးေတြမွာ လူမူေရးႏွင့္ စိတ္ပိုင္းဆိုင္ရာ ေကာင္းက်ိဳးခ်မ္းသာကို ျဖစ္ေပၚေစတယ္လို႔ ျပသခဲ့ပါတယ္၊ ဒီသံေယာဇဥ္က ေျမးေတြကို သူတို႔ရဲ႕ လူမႈေရးႏွင့္ သိျမင္မႈ စြမ္းရည္မ်ားကို ျမႇင့္တင္ေပးၿပီး သူတို႔ရင္ဆိုင္ရႏိုင္တဲ့ ဖြံ႕ၿဖိဳးမႈဆိုင္ရာ ျပႆနာမ်ားကေန ကာကြယ္ေပးပါတယ္၊ ဒါ့အျပင္ အဘိုးအဘြားႏွင့္ ေျမးၾကားက အနီးကပ္ဆက္ဆံေရးဟာ မိဘႏွစ္ပါးခြဲခြာေနတာမ်ိဳးမွာ ကေလးအတြက္ ထိခိုက္မႈ သက္သာေစတယ္လို႔ ေလ့လာမႈရဲ႕ စာေရးဆရာတစ္ေယာက္ျဖစ္တဲ့ Dr. Eirini Flouri ကေျပာပါတယ္။

အဂၤလန္ႏွင့္ ေဝလျပည္နယ္မွ အသက္အ႐ြယ္မတူတဲ့ ကေလး ၁၅၉၆ေယာက္ကို analysis လုပ္ထားတဲ့ သုံးသပ္ခ်က္မ်ားႏွင့္ ရလဒ္မ်ားကို ေဖာ္ျပခဲ့ပါတယ္။ လူမႈစီးပြားေရးအေျခအေန၊ အဘိုးအဘြားေတြရဲ႕ အသက္ႏွင့္ အဘိုးအဘြားနဲ႔ ေျမးရဲ႕ ရင္းႏွီးမႈအတိုင္းအတာ ကဲ့သို႔ေသာ ကြဲျပားျခားတဲ့ ရႈေထာင့္မ်ားကို အကဲျဖတ္ခဲ့ၾကပါတယ္။ ေလ့လာမႈမွာ ဒီသံေယာဇဥ္က ေဆာင္ၾကဥ္းေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကို ထုတ္ေဖာ္ခဲ့တဲ့အျပင္ ကြၽန္မတို႔လူ႔အဖြဲ႕အစည္းမွာ ဒီ relationships ရဲ႕အေရးပါမႈကိုလည္း ၿခဳံငုံသုံးသပ္ေပးခဲ့ပါတယ္။ အေမဘက္က အဖြားဟာ ကေလးထိန္းျခင္းႏွင့္အတူ ေျမးေတြအတြက္ ပုံမွန္ေစာက္ေရွာက္မႈေတြ သုံးပုံတစ္ပုံနီးပါးေလာက္ ေထာက္ပံ့ေပးတယ္လို႔ ဆိုပါတယ္။
ေလ့လာမႈက အဓိကအားျဖင့္ အဘိုးအဘြားေတြႏွင့္အတူ ေနရတာ စိတ္ေက်နပ္မႈ ရွိမရွိကို ဆယ္ေက်ာ္သက္ျဖစ္လာမယ့္ ကေလးေတြအေပၚမွာ focused လုပ္ခဲ့ပါတယ္။ ယေန႔အဘိုးအဘြားေတြဟာ ကေလးေတြ ေတြ႕ႀကဳံရတဲ့ ျပႆနာေတြႏွင့္ ပတ္သတ္ၿပီး ေျမးေတြႏွင့္အတူ စကားေျပာဖို႔ ယုံၾကည္မႈေပးတဲ့ အေနအထားျဖစ္တဲ့အျပင္ သူတို႔ရဲ႕ လႈပ္ရွားမႈမ်ားမွာ လူငယ္ေတြကို ကူညီဖို႔ မိဘေတြထက္ အခ်ိန္ပိုရတယ္လို႔ အဆိုပါစစ္တမ္းက ေဖာ္ျပခဲ့ပါတယ္။

အဘိုးအဘြားမ်ားဆီကို ေျမးေတြယူေဆာင္လာတဲ့ အက်ိဳးေက်းဇူးမ်ား

အဘိုးအဘြားနဲ႔ ေျမးရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ သံေယာဇဥ္က အသက္ႀကီးသူေတြရဲ႕ ေကာင္းက်ိဳးခ်မ္းသာကိုလည္း တိုးတတ္ေစႏိုင္ပါတယ္။ အဘိုးအဘြားနဲ႔ ေျမးရဲ႕ ခ်စ္ျခင္းေမတၱာက သက္ႀကီး႐ြယ္အိုေတြရဲ႕ က်န္းမာေရးႏွင့္ ခိုင္မာစြာ ဆက္စပ္ေနေၾကာင္း လန္ဒန္က လူမူေရးႏွင့္ ျပည့္သူေပၚလစီေက်ာင္းရဲ႕ ေလ့လာမႈတစ္ခုမွာ ေတြ႕ရွိခဲ့ရပါတယ္။ ေျမးေတြကို ေစာင့္ေရွာက္မႈေပးသူ အဖိုးအဖြားေတြဟာ ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရး ပိုေကာင္းယုံသာမက စိုးရိမ္ပူပန္မႈမရွိဘဲ ဘဝကို ျဖတ္သန္းႏိုင္တယ္လို႔ ဆိုပါတယ္။

အဆိုပါ သုေတသေလ့လာမႈက ၾသစေၾတးလ်၊ ဘယ္လ္ဂ်ီယံ၊ ဆြစ္ဇာလန္၊ ဂ်ာမနီ၊ ဒိန္းမတ္၊ စပိန္၊ ျပင္သစ္၊ အီတလီ၊ ဂရိ၊ နယ္သာလန္ႏွင့္ ဆြီဒင္မွာ ေနထိုင္ၿပီး ေျမးရွိသူ အသက္ (၅၀) ဝန္းက်င္ အမ်ိဳးသမီး ၈၉၇၂ေယာက္နဲ႔ အမ်ိဳးသား ၆၅၆၇ေယာက္ရဲ႕ တရားဝင္ ေဒတာေတြေပၚမွာ အေျခခံထားခဲ့ပါတယ္။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here