အမိဝမ်းထဲမှာ နေတဲ့ကလေးတွေ ဘယ်အချိန်တွေမှာ ပျော်ရွင်မှုအများစု ခံစားရသလဲ?

0
103
- Advertisement -

သင့်နဲ့ သင့်ကလေးအကြားက သံယောဇဉ်နှောင်ကြိုးဟာ သင်ထင်ထားတာထက် အများကြီးစောပြီး ဖွဲ့တည်ပါတယ်။ စိ
တ်ပိုင်းဆိုင်ရာ သိပ္ပံလေ့လာမှုတစ်ခုအရ သန္ဓေသားတစ်ဦးဟာ အမေရဲ့စိတ်ပိုင်းဆိုင်ရာအဆင့်ကို ခံစားလို့ရနိုင်ပါတယ်။ မမွေးသေးတဲ့ ကလေးတွေဟာ သင့်ရဲ့ခန္ဓာကိုယ်(စိတ်ခံစားမှု)မှတဆင့် အချက်ပြမှုတွေ ရရှိပါတယ်။ မိခင်ကပျော်ရွင်နေလျှင် ကလေးလည်း ပျော်ရွင်မှုရရှိမှာ ဖြစ်ပါတယ်။
၁။ ချိုတဲ့အစားအစာတွေ

ကလေးတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ၁၃-၁၅ပတ်မှာ အမျိုးမျိုးသော အရသာတွေကို ခွဲခြားဖို့ စတင်ပါတယ်။ သင့်ရဲ့ amniotic fluid(ရေမွှာရည်)ကို သင်စားတဲ့အစားအစာလိုပဲ အရသာခံပြီး ကလေးက မျိုချပါတယ်။ ဦးစားပေးအစားအစာများက သန္ဓေသားမှာ အခြေချပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို အနာဂတ်မှာ ကောင်းကောင်းစားတဲ့သူတစ်ယောက်ဖြစ်စေချင်ရင် ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ကျန်းမာတဲ့ အစားအစာများကို စားပေးရပါမယ်။ ကလေးတွေဟာ အထူးသဖြင့် ချိုတဲ့အစားအစာတွေကို အရသာတွေ့ကြပါတယ်။ ဒါ့ကြောင့်လည်း မိခင်နို့ကို နှစ်ခြိုက်ကြတာဖြစ်ပါတယ်။
၂။ ရေနွေးနွေးလေးနဲ့ ရေချိုးတာ

ကလေးတွေဟာ အမေ့ရဲ့ဝမ်းဗိုက်အရေပြားကနေတစ်ဆင့် အပူချိန်အပြောင်းအလဲကို ခံစားနိုင်ပါတယ်။ ရေပူနဲ့ချိုးရင် သူတို့ကို မအီမသာဖြစ်စေပြီး အန္တရာယ်ရှိနိုင်ပါတယ်။ အဲ့ဒီအစား ရေနွေးနွေးလေးနဲ့ချိုးပေးခြင်းက သင်နှင့်ကလေးကို relax ဖြစ်စေပါတယ်။
စီးဆင်းနေတဲ့ ရေရဲ့အသံကလည်း ကလေးရဲ့ကျန်းမာပျော်ရွင်မှုကိုလည်း ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ဗိုက်ပေါ်ကို ရေဖြည်း ဖြည်းလောင်းချပေးပြီး တုံ့ပြန်မှုကို ခံစားပါ။
၃။ ဗိုက်ကိုပွတ်ပေးတာ

- Advertisement -

သင့်ကလေးရဲ့ထိတွေ့မှုreceptors ဟာ ၈ပတ်ဝန်းကျင်မှာ စတင်ဖွံ့ဖြိုးပြီး ကလေးရက်သတ္တပတ် ၂၀ဝန်းကျင်မှာ ပြင်ပကနေ သင့်ရဲ့ထိတွေ့မှုကို ခံစားရနိုင်ပါတယ်။ ဒီကာလအတွင်းမှာ သူတို့ဟာ ဗိုက်သားလေးကို နူးနူးညံ့ညံ့ပွတ်ပေးရင် ပျော်ရွင်ပါ တယ်။
၄။ သင့်ရဲ့အသံကို နားထောင်ခြင်း

ရက်သတ္တပတ် ၂၅-၂၆မှာ ကလေးတွေဟာ အမိဝမ်းအပြင်ဘက်က ဆူညံ့သံတွေကို စတင်တုံ့ပြန်ပါတယ်။ သင့်ရဲ့အသံကို သူတို့ တခြားအသံတွေထက် ရှင်းရှင်းလင်းလင်းပိုကြားတာကြောင့် သူတို့ဟာ အသိအမှတ်ပြု သင်ယူကြပါတယ်။ ဒါက ချစ်သံယောဇဉ်တစ်ခုဖွံ့ဖြိုးဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး အသံကျယ်ကျယ်ဖတ်ပြခြင်း၊ စကားပြောပေးခြင်းဖြင့် သင့် ကလေးက သင့်ရဲ့အသံကို ကျင့်သားရနေပါလိမ့်မယ်။ တခြားဆွေမျိုးတွေရဲ့အသံကိုလည်း ကြားရဖို့ နှစ်သက်ပါတယ်။ အထူးသဖြင့် ဖခင်ရဲ့အသံကို ခွဲခြားသိဖို့ ပိုမိုလွယ်ကူပါတယ်။
၅။ သီချင်းသံကို ကြားခြင်း

ကိုယ်ဝန်ဆောင်စဉ် သီချင်းနားထောင်ခြင်းက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ မိခင်အတွက် serotonin ဟော်မုန်းကို
ထုတ်လုပ်ပေးတဲ့အပြင် ကလေးအတွက်လည်း အကျိုးရှိစေပါတယ်။သီချင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပြီး
သူတို့ရဲ့အာရုံကို လှုံ့ဆော်ပေးပါတယ်။ သီချင်းဖွင့်တဲ့အခါ ကလေးက သင့်ဝမ်းဗိုက်အတွင်းကနေ ကြားနိုင်တာကြောင့်
volume ကိုအနေတော်လေးဖွင့်ပါ။ အသံအမျိုးမျိုးကို ကြားနိုင်တာကြောင့် classical ဂီတဖျော်ဖြေပွဲတွေ သွားပေးနိုင်ပါတယ်။
၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာ

ကိုယ်ဝန်ဆောင်စဉ်အတွင်း မှန်ကန်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်ဖို့ အဓိကသော့ချက်က ဘေးကင်းလုံခြုံပြီး ဆရာဝန်တစ်ဦးက အတည်ပြုပေးထားတဲ့ လေ့ကျင့်ခန်းဖြစ်သင့်ပါတယ်။ Cardio exercise က ကိုယ်ဝန်ဆောင်စဉ်အတွင်း လှုပ်ရှားမှုအကောင်းဆုံးအမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့မိခင်က လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ကလေးတွေရဲ့နှလုံးဟာ ပိုအားကောင်းပြီး ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးပါတယ်။ Cardioက နှလုံးခုန်နှုန်းကိုလည်း နှေးကွေးစေပါတယ်။ နှလုံးခုန်နှုန်းမြင့်ခြင်းက သန္ဓေ သားကို distress ဖြစ်စေတာကြောင့် Cardio exerciseက ကောင်းပါတယ်။
၇။ သင်အနားယူတဲ့အချိန်

သင်အနားယူတဲ့အချိန်က သူတို့ပျော်ရွင်ရတဲ့အချိန်ပါ။ ဒီအချိန်က သင့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ၊ ပုံမှန်လုပ်နေတာတွေကို သူတို့စာရင်းလုပ်ဖို့ ကလေးတွေအလုပ်ရှုပ်ဆုံး အချိန်ပါပဲ။ သူတို့ဟာ မိခင်ဝမ်းထဲမှာ ခြေဆန့်လက်ဆန့် လှုပ်ရှားမှုတွေ စတ
င်လုပ်လာကြပါတယ်။
၈။ မေ့မေ့ရဲ့ရယ်သံ

သူတို့ရဲ့မိခင်က ရယ်မောတဲ့အခါ သန္ဓေသားတွေဟာ အပေါ်နဲ့အောက် ခုန်ပေါက်ခြင်း စတင်ကြတယ်လို့ Ultrasoundsများမှာ ပြသကြပါတယ်။ ဒါက ကြွက်သားတွေကျုံ့ခြင်းကြောင့် တွေ့ကြုံရခြင်း ဖြစ်ပါတယ်။ သင်ပျော်ရွင်မှုခံစားရတဲ့အခါ ပျော်ရွင်မှု ဟော်မုန်းကို ထုတ်လွှင့်ပေးတာကြောင့် ကလေးမှာလည်းပဲ တိုက်ရိုက်အကျိုးရရှိပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ အပြုသဘောအချိန်ကာလလေးတွေ ဖန်တီးပါ။
ကိုယ်ဝန်ဆောင်ချိန်ဟာ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုကို တွေ့ကြုံခံစားပြီး အများဆုံးလုပ်ရမယ့်အချိန်ပါ။ သင်ခံစားမှု ပိုကောင်းမှ ကျန်းမာပြီး ပျော်ရွင်တဲ့ ကလေးတွေ မွေးဖွားနိုင်မှာပါ။ ဒါ့ကြောင့် သင်တတ်နိုင်သမျှ အပေါ်မှာဖော်ပြခဲ့တဲ့အရာ တွေကို သူတို့လေးတွေအတွက် များများပြုလုပ်ပေးပါ။

Lifestyle_Myanmar

LM_Nandar

Zawgyi Font

အမိဝမ္းထဲမွာ ေနတဲ့ကေလးေတြ ဘယ္အခ်ိန္ေတြမွာ ေပ်ာ္ရြင္မႈအမ်ားစု ခံစားရသလဲ?

သင့္နဲ႔ သင့္ကေလးအၾကားက သံေယာဇဥ္ေႏွာင္ႀကိဳးဟာ သင္ထင္ထားတာထက္ အမ်ားႀကီးေစာၿပီး ဖြဲ႕တည္ပါတယ္။ စိ
တ္ပိုင္းဆိုင္ရာ သိပၸံေလ့လာမႈတစ္ခုအရ သေႏၶသားတစ္ဦးဟာ အေမရဲ႕စိတ္ပိုင္းဆိုင္ရာအဆင့္ကို ခံစားလို႔ရႏိုင္ပါတယ္။ မေမြးေသးတဲ့ ကေလးေတြဟာ သင့္ရဲ႕ခႏၶာကိုယ္(စိတ္ခံစားမႈ)မွတဆင့္ အခ်က္ျပမႈေတြ ရရွိပါတယ္။ မိခင္ကေပ်ာ္ရြင္ေနလွ်င္ ကေလးလညး္ ေပ်ာ္ရြင္မႈရရွိမွာ ျဖစ္ပါတယ္။
၁။ ခ်ိဳတဲ့အစားအစာေတြ

ကေလးေတြဟာ ကိုယ္ဝန္ေဆာင္ရဲ႕ ၁၃-၁၅ပတ္မွာ အမ်ိဳးမ်ိဳးေသာ အရသာေတြကို ခြဲျခားဖို႔ စတင္ပါတယ္။ သင့္ရဲ႕ amniotic fluid(ေရမႊာရည္)ကို သင္စားတဲ့အစားအစာလိုပဲ အရသာခံၿပီး ကေလးက မ်ိဳခ်ပါတယ္။ ဦးစားေပးအစားအစာမ်ားက သေႏၶသားမွာ အေျခခ်ပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလးကို အနာဂတ္မွာ ေကာင္းေကာင္းစားတဲ့သူတစ္ေယာက္ျဖစ္ေစခ်င္ရင္ ကိုယ္ဝန္ေဆာင္တစ္ေလွ်ာက္လံုး က်န္းမာတဲ့ အစားအစာမ်ားကို စားေပးရပါမယ္။ ကေလးေတြဟာ အထူးသျဖင့္ ခ်ိဳတဲ့အစားအစာေတြကို အရသာေတြ႕ၾကပါတယ္။ ဒါ့ေၾကာင့္လညး္ မိခင္ႏို႔ကို ႏွစ္ၿခိဳက္ၾကတာျဖစ္ပါတယ္။
၂။ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးတာ

ကေလးေတြဟာ အေမ့ရဲ႕ဝမ္းဗိုက္အေရျပားကေနတစ္ဆင့္ အပူခ်ိန္အေျပာင္းအလဲကို ခံစားႏိုင္ပါတယ္။ ေရပူနဲ႔ခ်ိဳးရင္ သူတို႔ကို မအီမသာျဖစ္ေစၿပီး အႏၱရာယ္ရွိႏိုင္ပါတယ္။ အဲ့ဒီအစား ေရေႏြးေႏြးေလးနဲ႔ခ်ိဳးေပးျခင္းက သင္ႏွင့္ကေလးကို relax ျဖစ္ေစပါတယ္။
စီးဆင္းေနတဲ့ ေရရဲ႕အသံကလည္း ကေလးရဲ႕က်န္းမာေပ်ာ္ရြင္မႈကိုလည္း ကူညီေပးႏိုင္ပါတယ္။ သင့္ရ႕ဲဗိုက္ေပၚကို ေရျဖည္း ျဖည္းေလာင္းခ်ေပးၿပီး တံု႔ျပန္မႈကို ခံစားပါ။
၃။ ဗိုက္ကိုပြတ္ေပးတာ

သင့္ကေလးရဲ႕ထိေတြ႕မႈreceptors ဟာ ၈ပတ္ဝန္းက်င္မွာ စတင္ဖြံ႔ၿဖိဳးၿပီး ကေလးရက္သတၱပတ္ ၂၀ဝန္းက်င္မွာ ျပင္ပကေန သင့္ရဲ႕ထိေတြ႕မႈကို ခံစားရႏိုင္ပါတယ္။ ဒီကာလအတြင္းမွာ သူတို႔ဟာ ဗိုက္သားေလးကို ႏူးႏူးည့ံညံ့ပြတ္ေပးရင္ ေပ်ာ္ရြင္ပါ တယ္။
၄။ သင့္ရဲ႕အသံကို နားေထာင္ျခင္း

ရက္သတၱပတ္ ၂၅-၂၆မွာ ကေလးေတြဟာ အမိဝမ္းအျပင္ဘက္က ဆူညံ့သံေတြကို စတင္တံု႔ျပန္ပါတယ္။ သင့္ရဲ႕အသံကို သူတို႔ တျခားအသံေတြထက္ ရွင္းရွင္းလင္းလင္းပိုၾကားတာေၾကာင့္ သူတို႔ဟာ အသိအမွတ္ျပဳ သင္ယူၾကပါတယ္။ ဒါက ခ်စ္သံေယာဇဥ္တစ္ခုဖြံ႔ၿဖိဳးဖို႔ အထိေရာက္ဆံုးနည္းလမ္းျဖစ္ၿပီး အသံက်ယ္က်ယ္ဖတ္ျပျခင္း၊ စကားေျပာေပးျခင္းျဖင့္ သင့္ ကေလးက သင့္ရဲ႕အသံကို က်င့္သားရေနပါလိမ့္မယ္။ တျခားေဆြမ်ိဳးေတြရဲ႕အသံကိုလည္း ၾကားရဖို႔ ႏွစ္သက္ပါတယ္။ အထူးသျဖင့္ ဖခင္ရဲ႕အသံကို ခြဲျခားသိဖို႔ ပိုမိုလြယ္ကူပါတယ္။
၅။ သီခ်င္းသံကို ၾကားျခင္း

ကိုယ္ဝန္ေဆာင္စဥ္ သီခ်င္းနားေထာင္ျခင္းက အက်ိဳးေက်းဇူးအမ်ားႀကီးရွိပါတယ္။ မိခင္အတြက္ serotonin ေဟာ္မုန္းကို
ထုတ္လုပ္ေပးတဲ့အျပင္ ကေလးအတြက္လည္း အက်ိဳးရွိေစပါတယ္။သီခ်င္းက ကေလးရဲ႕ဦးေႏွာက္ဖြံ႔ၿဖိဳးမႈကို အားေပးၿပီး
သူတို႔ရဲ႕အာရံုကို လံႈ႕ေဆာ္ေပးပါတယ္။ သီခ်င္းဖြင့္တဲ့အခါ ကေလးက သင့္ဝမ္းဗုိက္အတြင္းကေန ၾကားႏိုင္တာေၾကာင့္
volume ကိုအေနေတာ္ေလးဖြင့္ပါ။ အသံအမ်ိဳးမ်ိဳးကို ၾကားႏိိုင္တာေၾကာင့္ classical ဂီတေဖ်ာ္ေျဖပြဲေတြ သြားေပးႏိုင္ပါတယ္။
၆။ ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးတာ

ကိုယ္ဝန္ေဆာင္စဥ္အတြင္း မွန္ကန္တဲ့ေလ့က်င့္ခန္းကို ေ၇ြးခ်ယ္ဖို႔ အဓိကေသာ့ခ်က္က ေဘးကင္းလံုၿခံဳၿပီး ဆရာဝန္တစ္ဦးက အတည္ျပဳေပးထားတဲ့ ေလ့က်င့္ခန္းျဖစ္သင့္ပါတယ္။ Cardio exercise က ကိုယ္ဝန္ေဆာင္စဥ္အတြင္း လႈပ္ရွားမႈအေကာင္းဆံုးအမ်ိဳးအစားျဖစ္ပါတယ္။ သူတို႔ရဲ႕မိခင္က ေလ့က်င့္ခန္းပံုမွန္လုပ္ေပးရင္ ကေလးေတြရဲ႕ႏွလံုးဟာ ပိုအားေကာင္းၿပီး ေကာင္းေကာင္းမြန္မြန္ဖြံ႔ၿဖိဳးပါတယ္။ Cardioက ႏွလံုးခုန္ႏႈန္းကိုလည္း ေႏွးေကြးေစပါတယ္။ ႏွလံုးခုန္ႏႈန္းျမင့္ျခင္းက သေႏၶ သားကို distress ျဖစ္ေစတာေၾကာင့္ Cardio exerciseက ေကာင္းပါတယ္။
၇။ သင္အနားယူတဲ့အခ်ိန္

သင္အနားယူတဲ့အခ်ိန္က သူတို႔ေပ်ာ္ရြင္ရတဲ့အခ်ိန္ပါ။ ဒီအခ်ိန္က သင့္ရဲ႕ေန႔စဥ္လႈပ္ရွားမႈေတြ၊ ပံုမွန္လုပ္ေနတာေတြကို သူတို႔စာရင္းလုပ္ဖို႔ ကေလးေတြအလုပ္ရႈပ္ဆံုး အခ်ိန္ပါပဲ။ သူတို႔ဟာ မိခင္ဝမ္းထဲမွာ ေျခဆန္႔လက္ဆန္႔ လႈပ္ရွားမႈေတြ စတ
င္လုပ္လာၾကပါတယ္။
၈။ ေမ့ေမ့ရဲ႕ရယ္သံ

သူတို႔ရဲ႕မိခင္က ရယ္ေမာတဲ့အခါ သေႏၶသားေတြဟာ အေပၚနဲ႔ေအာက္ ခုန္ေပါက္ျခင္း စတင္ၾကတယ္လို႔ Ultrasoundsမ်ားမွာ ျပသၾကပါတယ္။ ဒါက ၾကြက္သားေတြက်ံဳ႕ျခင္းေၾကာင့္ ေတြ႕ႀကံဳရျခင္း ျဖစ္ပါတယ္။ သင္ေပ်ာ္ရြင္မႈခံစားရတဲ့အခါ ေပ်ာ္ရြင္မႈ ေဟာ္မုန္းကို ထုတ္လႊင့္ေပးတာေၾကာင့္ ကေလးမွာလည္းပဲ တိုက္ရိုက္အက်ိဳးရရွိပါတယ္။ ဒါ့ေၾကာင့္ တတ္ႏိုင္သမွ် အျပဳသေဘာအခ်ိန္ကာလေလးေတြ ဖန္တီးပါ။
ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ အျပဳသေဘာေဆာင္တဲ့ စိတ္ခံစားမႈကို ေတြ႕ႀကံဳခံစားၿပီး အမ်ားဆံုးလုပ္ရမယ့္အခ်ိန္ပါ။ သင္ခံစားမႈ ပိုေကာင္းမွ က်န္းမာၿပီး ေပ်ာ္ရြင္တဲ့ ကေလးေတြ ေမြးဖြားႏိုင္မွာပါ။ ဒါ့ေၾကာင့္ သင္တတ္ႏိုင္သမွ် အေပၚမွာေဖာ္ျပခဲ့တဲ့အရာ ေတြကို သူတို႔ေလးေတြအတြက္ မ်ားမ်ားျပဳလုပ္ေပးပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here