Home Lotaya အမေနဲ့ သမီးဆက်ဆံရေး အမျိုးအစား (၇)မျိုးနှင့် သမီးရဲ့ဘဝကို တစ်မျိုးချင်းစီရဲ့ လွှမ်းမိုးမှုအကြောင်း

အမေနဲ့ သမီးဆက်ဆံရေး အမျိုးအစား (၇)မျိုးနှင့် သမီးရဲ့ဘဝကို တစ်မျိုးချင်းစီရဲ့ လွှမ်းမိုးမှုအကြောင်း

0
410

ကျွန်မတို့မွေးဖွားလာတဲ့ မိသားစုကို ကျွန်မတို့ ရွေးချယ်လို့ မရပါဘူး။ ဒီအချက်က ကျွန်မတို့ရဲ့ အနာဂတ်ကို အခြေခံပြီး ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံသွင်းပေးပါတယ်။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြတာကြောင့် မေမေတွေလည်း တူမှာမဟုတ်ပါဘူး။ အချို့က သားသမီးတွေနဲ့ အဆီအငေါ် မတည့်ပါဘူး။ အချို့ကတော့ သားသမီးတွေနဲ့ ပြီးပြည့်စုံတဲ့ အသင်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ မိဘနဲ့သားသမီးအချစ်က အတိုင်းအဆမရှိအချစ် ဖြစ်တာကြောင့် ကျွန်မတို့က ကျွန်မတို့မေမေတွေကို အမြဲချစ်ကြမှာပါ။

မိခင်နဲ့ သမီးအကြားက ဆက်ဆံရေးဟာ ဘယ်လောက် ကွဲပြားခြားနားမှုရှိတယ်ဆိုတာ ကျွန်မတို့ နားလည်ထားပါတယ်။ အမေတွေကလည်း မတူသလို ခံယူပုံတွေကလည်း တူမှမတူပဲကိုး။ ပြောရမယ်ဆိုရင် အမေနဲ့ သမီးဆက်ဆံရေး အမျိုးအစားမှာ (၇)မျိုးတောင်ရှိပါတယ်တဲ့။ ကိုယ်ကရော ဘယ်အမျိုးအစားထဲမှာ ပါနေသလဲဆိုတာ ဆက်ဖတ်ကြည့်ပါနော်။

၁။ ညီအစ်မ

ဒီအမျိုးအစားမှာ မိခင်နဲ့ သမီးဟာ တန်းတူညီမျှရှိပြီး ညီအစ်မတွေကို ပြုမှုကြတာပဲ ဖြစ်ပါတဘ်။ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်နိုင်ကြပြီး မိခင်အနေနဲ့ ဒီနည်းလမ်းကို လိုလားတာကြောင့် သူမဟာ တကယ့်မိခင်ဘဝကို ရှောင်ရှားပါတယ်။ တာဝန်ယူခြင်း၊ ဂရုစိုက်ခြင်းနဲ့ အခြားမိဘတွေရဲ့ အပြုအမှုတွေကို ပေးစွမ်းခြင်းဖြင့် အမေတစ်ယောက် ဖြစ်လာပါတယ်။

သမီးအပေါ် အကျိုးသက်ရောက်ပုံ- ဒီမိခင်တွေကနေ ကြီးပြင်းလာတဲ့ မိန်းကလေးတွေဟာ များသောအားဖြင့် ပိုတာဝန်ယူတတ်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာလေ့ရှိပါတယ်။ သူတို့ဟာ လူတွေကြားက နယ်နိမိတ်တွေကို တန်ဖိုးထားကြပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့က မချစ်တတ်ဘူးလို့ ခံစားနိုင်ပါတယ်။ စိတ်ခံစားမှုကို လျစ်လျူရှုထားတတ်ပြီး ငြင်းပယ်ခံရမှာ ကြောက်တဲ့ ကြောက်ရွံ့မှုတစ်ခု ရှိနိုင်ပါတယ်။

၂။ သူငယ်ချင်းကောင်း

ဒီဆက်ဆံရေးဟာ ယုံကြည်မှုအပေါ် တည်ဆောက်ထားတာဖြစ်ပြီး မိခင်က မိန်းကလေးတစ်ယောက်ရဲ့အတွေးတွေ၊ ပြဿနာတွေကို သိခွင့်ရတဲ့ ပထမပုဂ္ဂိုလ်ဖြစ်ပါတယ်။
ဒီမိခင်ဟာ သမီးရဲ့ဘဝမှာ အတော်များများပါဝင်ပြီး သူမကို ထောက်ပံ့ပေးပါတယ်။ သူငယ်ချင်းကောင်းတစ်ယောက်၊ အချစ်အကြောင်း ကျွမ်းကျင်သူတစ်ယောက်၊ စျေးဝယ်ဖော်တစ်ယောက် ဖြစ်ပေးပါတယ်။ သမီးဘာလိုအပ်လဲ၊ သမီးဘာပြောတာလဲဆိုတာကို အမြဲသိနေပါတယ်။

သမီးအပေါ် အကျိုးသက်ရောက်ပုံ- ထိုမိခင်နဲ့ အတူရှိတဲ့ မိန်းကလေးတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့ စွန့်စားဖို့ မကြောက်ကြပါဘူး။ သူတို့ဟာ ချစ်ခြင်းမေတ္တာခံစားရပြီး နားလည်သဘောပေါက်တာကြောင့် ငြင်းပယ်ခံရတဲ့ ကြောက်ရွံ့မှုမျိုး မရှိကြပါဘူး။

၃။ သူစိမ်းတွေ

သင့်အမေကို သင့်ဘဝထဲကနေ ထွက်သွားစေချင်တယ်၊ သူမက သမီးဖြစ်သူ ဘာတွေဖြစ်နေလဲဆိုတာကို ကြားရတဲ့ နောက်ဆုံးတစ်ယောက် ဖြစ်တယ်ဆိုရင် သင့်ရဲ့ ဆက်ဆံရေးဟာ ဒီအမျိုးအစားနဲ့ သက်ဆိုင်နိုင်ပါတယ်။ ဒီကိစ္စမှာ မိခင်နဲ့ သမီးဟာ တစ်ယောက်ရဲ့ ဘဝမှာ တစ်ယောက်က ပါဝင်ပတ်သတ်ခြင်းမရှိဘဲ မဖြစ်မနေ မဟုတ်ရင် အနည်းဆုံးတော့ တကယ့်အရေးကြီးတဲ့အရာတွေ၊ အတွေးတွေ (သို့) ဘာပြဿနာကိုမှ မမျှဝေကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မသိကြသူတွေလို သူစိမ်းဆန်ကြပါတယ်။

သမီးဖြစ်သူကို ဘယ်လိုအကျိုးသက်ရောက်လဲ- မိဘတွေနဲ့ သီးခြားဆန်တဲ့ ဆက်ဆံရေးရှိသော ကလေးတွေဟာ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် self-esteem နိမ့်ကျခြင်းကိုတောင် တွေ့ကြုံရနိုင်ချေ များပါတယ်။ ဒါ့အပြင် ဘဝလက်တွဲဖော်တွေ့လာတဲ့အခါ စိတ်ရှုပ်စရာကောင်းတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိန်းကလေးဟာ သူမရဲ့ ပြဿနာကို သူမဘာသာ အမြဲတမ်းဖြေရှင်းရတာကြောင့် အရမ်းတာဝန်ယူတတ်တဲ့ ၊ လွတ်လပ်တဲ့ သူတွေအဖြစ် ကြီးပြင်းလာကြပါတယ်။

၄။ တန်ဖိုးမထားခြင်း

ဒီအမျိုးအစားက နံပါတ်၃ အမျိုးအစားနဲ့ ဆင်တူသော်လည်း ဒါက တစ်ဖက်သက်အခြေအနေဖြစ်ပြီး ဒီအမျိုးအစားမှာ narcissist (အတ္တကြီးလွန်းသူ) တစ်ယောက် ပါဝင်ပါတယ်။ တစ်ယောက်သောသူက သူမကိုယ် သူမသာ အာရုံစိုက်ပြီး သူမရဲ့ image ကို ပိုဂရုစိုက်ပါတယ်။ တကယ့်ဆက်ဆံရေး (သို့) လူတစ်ယောက် အကြောင်းထက် လူတွေရဲ့ ထင်မြင်ချက်ကိုသာ ပိုဂရုစိုက်ပါတယ်။ သူမက အပြင်ဘက်မှာတော့ ပြည့်စုံတဲ့ ပုံဖမ်းဖို့ ကြိုးစားပေမယ့် တကယ့်လက်တွေ့မှာတော့ မိခင်/သမီးဟာ တန်ဖိုးမထားပါဘူး။

သမီးကို ဘယ်လိုသက်ရောက်သလဲ- မိခင်ဟာ အတ္တကြီးသူတစ်ယောက်နေရာမှာဆိုရင် သမီးဖြစ်သူဟာ အမှန်တကယ် ချစ်ခြင်းမေတ္တာ အစစ်အမှန်ကို ခံစားရမယ့်အစား စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ နေရပြီး တခြားလူတွေရဲ့ ခံစားချက်တွေကို အဆက်မပြတ် reassurance လုပ်ဖို့ လိုအပ်နေတတ်ပါတယ်။ ကောင်းတဲ့အရာက သူမဟာ တခြားသူတွေကို ကောင်းကောင်းပံ့ပိုးပေးပြီး အရမ်းသစ္စာစောင့်သိပါတယ်။ လူတွေရဲ့အတွင်းသဘောကိုလည်း သိတဲ့အမြင်ရှိပါတယ်။

သမီးဖြစ်သူက narcissist ဝါဒီသမားတစ်ယောက်ဖြစ်ပြီး မိခင်က သူမရဲ့သဘောထားကို ပြောင်းလဲဖို့ မကြိုးစားဘူးဆိုရင် မိန်းကလေးဟာ တစ်ကိုယ်ကောင်းဆန်ပြီး အခြားသူတွေအပေါ် မသိတတ်ဘဲ ကြီးပြင်းလာနိုင်ပါတယ်။

၅။ အထင်အမြင်သေးခြင်း

ဒါက တဖက်သက် ငြင်းပယ်ခြင်းရဲ့ နောက်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်၊ ပုံမှန်အားဖြင့် မိခင်တွေဟာ အထင်အမြင်သေးတဲ့ သူနေရာကနေ ပါဝင်ပါတယ်။ ဒါက သူမဘာပဲလုပ်လုပ် သူမကို လျစ်လျူရှုတဲ့အခါ (သို့) သမီးရဲ့ အောင်မြင်မှုကို အရေးမထားတဲ့အခါ ဖြစ်ပျက်ပါတယ်။ ဒါက မိခင်အနေနဲ့ သမီးကို ဂုဏ်ယူကြောင်း ဘယ်တော့မှ မပြောသလို သမီးကို အထင်ကြီးဖို့ ခဲယဉ်းတဲ့ ကိစ္စပါပဲ။

သမီးကို ဘယ်လိုသက်ရောက်သလဲ- ဒီမိခင်တွေနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတွေဟာ ကြင်နာမှု (သို့) အာစုံစိုက်ခံရဖို့ မထိုက်တန်တဲ့ ခံစားချက်တွေ၊ မိမိကိုယ်ကို သံသယတွေ များစွာဖြင့် ကြီးပြင်းလာကြရပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ချစ်ခြင်းမေတ္တာနှင့် အသိအမှတ်ပြုမှုကို အလွန်တရာ တောင့်တတတ်ကြပါတယ်။

၆။ Cheerleader

ဒီမိခင်ဟာ သမီးရဲ့ ဘဝမှာ အရမ်းပါဝင်ပတ်သတ်ပြီး အစိတ်အပိုင်းတစ်ခု ဖြစ်လိုပါတယ်။ သမီးရဲ့ဘေးကနေ ဘယ်တော့မှ မထွက်ခွာသလို သူတို့ကြားက ဘယ်နယ်နိမိတ်မဆို အသိအမှတ်ပြုဖို့ ငြင်းဆန်တတ်ပါတယ်။ မိခင်ဟာ ထောက်ခံပေးသူ၊ မှီခိုသူတစ်ယောက်ဖြစ်ပြီး သမီးရဲ့ အောင်မြင်မှုတွေပေါ်မှာ တောက်လျောက် နေထိုင်ပါတယ်။ ဒါက မိခင်အနေနဲ့ သူမ မတွေ့ကြုံ မခံစားခဲ့ရတဲ့ အရာတွေ၊ သူမကိုယ်တိုင် နားမလည်ခဲ့တဲ့ အိမ်မက်တွေကနေ အရင်းခံပါတယ်။

သမီးအပေါ် အကျိုးသက်ရောက်ပုံ- ဒီလိုမိခင်မျိုးနဲ့ ကြီးပြင်းရတဲ့ မိန်းကလေးတစ်ယောက်ဟာ မိမိကိုယ်ကို မြင်တဲ့အမြင် ပျောက်ဆုံးပြီး လူတွေအပေါ် မှီခိုလာနိုင်ပါတယ်။ သူမဘေးမှာ တစ်စုံတစ်ယောက် အမြဲတမ်းလိုအပ်နေပြီး သူမဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မချနိုင်တော့ပါဘူး။

၇။ အာဏာရှင်ဆန်

သူမရဲ့လမ်းညွှန်ချက်မပါဘဲ ကျရှုံးလိမ့်မယ်လို့ အသေအချာပြောပြီး သမီးဖြစ်သူကို အဆက်မပြတ် စီမန်ခန့်ခွဲတတ်တဲ့ ၊အလွန်အမင်း ထိန်းချုပ်တတ်တဲ့ မိခင်ပါဝင်သော အမျိုးအစားဖြစ်ပါတယ်။ သမီးဖြစ်သူအား ရွေးချယ်ခွင့် ဘယ်တော့မှ မပေးပါဘူး၊ သမီးရဲ့ စကားနဲ့ ထင်မြင်ယူဆချက်တွေေကိုလည်း တန်ဖိုးမထားပါဘူး၊ တစ်ချိန်တည်းမှာပဲ သူမဟာ “သမီးကောင်းစားဖို့ အမေလုပ်ပေးနေရတာ”ဆိုပြီး အရမ်းတောင်းဆိုမှုတွေ ရှိတတ်ပါတယ်။

သမီးအပေါ် အကျိုးသက်ရောက်ပုံ- ဒီလိုမိခင်နဲ့ ကြီးပြင်းရတဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို အလွန်အမင်း ဝေဖန်ပြောဆိုတာမျိုး၊ မိမိကိုယ်ကို လေးစားမှုနိမ့်ကျတာမျိုး၊ ကိုယ့်ထင်မြင်ယူဆချက်တွေကို တန်ဖိုးမထားတာမျိုး ရှိတတ်ပါတယ်။ အပြုသဘောဆောင်တဲ့ မှတ်ချက်တစ်ခုက ဒီမိန်းကလေးတွေဟာ အရမ်းတာဝန်ယူတတ်သူတွေဖြစ်ပြီး သူတို့ရဲ့ relationships မှာ ကတိတည်တဲ့သူတွေဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here