လူအများစုက လူလူချင်းအကဲခတ်တဲ့အခါ ဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူတို့ရဲ့ မိဘတွေနဲ့ ဆက်ဆံရေးကို ကြည့်ပြီး အကဲဖြတ်လေ့ရှိကြပါတယ်။ လက်တွေ့မှာလည်း မိဘတွေနှင့် ဆက်ဆံရေးအဆင်ပြေနေသူအများစုက စိတ်ခံစားမှုဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကောင်းမွန်သူတွေဖြစ်နေတတ်ကြပါတယ်။ အထူးသဖြင့် မိခင်နဲ့ သားရဲ့ ဆက်ဆံရေးတွေဟာ ကလေးရဲ့ နောက်ဆက်တွဲဘဝတွေအထိ အကျိုးသက်ရောက်မှုတွေ၊ လွှမ်းမိုးမှုတွေများစွာရှိပါတယ်။ မိခင်တွေနှင့် ရင်းနှီးတဲ့ အမျိုးသားတွေဟာ ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ အလွန်လိုအပ်နေတဲ့ တည်ငြိမ်ပျော်ရွှင်နေတဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာကြပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရတဲ့ အမျိုးသားတွေက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်သောအမျိုးသားတွေဖြစ်လာကြပါတယ်။ ဘာကြောင့် ဒီလိုအောင်မြင်လာရတာလဲ။

၁။ ကျောင်းမှာ ပိုကောင်းတဲ့ ကျောင်းသားတစ်ယောက်ဖြစ်စေတယ်
သုတေသီတွေအဆိုအရ ပြစုပျိုးထောင်ခြင်းဆိုတာ ကလေးတစ်ဦးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ အကျိုးသက်ရောက်မှုများစွာရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သင်ယူမှု၊ မှတ်ဉာဏ်နှင့် စိတ်ဖိစီးမှုတုံ့ပြန်မှုအတွက် တာဝန်ယူနိုင်သူတွေဖြစ်နေပါလိမ့်မယ်။ ပထမဦးစကျောင်းတက်ရက်တွေကတည်းက သားကို ဂရုစိုက်မှုပေးတဲ့ အမေတစ်ယောက်ရှိတယ်ဆိုရင် ကလေးတစ်ယောက်ရဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်တွေက တိုးတက်လာစေမှာ အမှန်ပါပဲ။ သူမက ကလေးအပေါ်ဂရုစိုက်မှုပိုပေးနိုင်လေလေ ကလေးရဲ့ လေ့လာရေးမှာ ထောက်ပံ့နိုင်လေလေပါပဲ။

၂။ ပြဿနာတွေမှ ကာကွယ်နိုင်ခြင်း
နောက်ထပ်လေ့လာမှုတစ်ခုအရ မိခင်နဲ့ ဆက်ဆံရေးအဆင်ပြေတဲ့ သားတွေဟာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုမှုခြင်းမှ သိသိသာသာလျော့နည်းစေပါတယ်။ ဥပမာ- ဂျစ်ကန်ကန်၊ ခပ်မိုက်မိုက်အပြုအမူတွေကို သူတို့ရဲ့ မိခင်နားမှာ ပြုလုပ်တတ်ကြပေမယ့် တစ်ခြားပတ်ဝန်းကျင်မှာတော့ ဒီလိုအပြုအမူတွေကို ရှောင်ရှားတတ်ကြပါတယ်။ အိမ်တွင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းနှင့် ယောင်္ကျားလေးတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းက အမေနဲ့ သားဆက်ဆံရေးကို ထိန်းသိမ်းဖို့ နှင့် ၎င်းကို နှောင့်ယှက်နိုင်တဲ့ အရာမှန်သမျှ ရှောင်ရှားနိုင်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

၃။ လူမှုရေးစွမ်းရည်ခိုင်မာစေခြင်း
လေ့လာမှုတစ်ခုအရ မိခင်တွေနှင့် အချိန်များစွာကုန်လွန်တဲ့ ကလေးတွေက လူမှုရေးဆက်ဆံရေးတွေမှာ တစ်ခြားလူတွေထက် ၂၀% ကနေ ၄၀ % အထိ တိုးတက်မှုရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ အတူတကွပူးပေါင်းလုပ်ဆောင်မှုတွေမှာ အရေးကြီးတဲ့ ပိုမိုအားကောင်းတဲ့ သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကြောင့်ဖြစ်ပါတယ်။ ယောင်္ကျားလေးတစ်ယောက်က မိခင်နှင့် ဆက်သွယ်နေတဲ့အခါ ကောင်းမွန်တဲ့ စွမ်းရည်တွေရှိလာပါလိမ့်မယ်။ ဒါ့အပြင် ကလေးတစ်ဦးက မိဘရဲ့ ပတ်ဝန်းကျင်မှာ ရှိမယ်ဆိုရင် သင့်လျော်တဲ့ လူမှုဆက်ဆံရေးနည်းလမ်းတွေကို လေ့လာနိုင်ပါတယ်။

၄။ စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးတယ်
မိခင်နဲ့ အတူ ကြီးပြင်းတဲ့ ယောင်္ကျားလေးတွေက အမူအကျင့်ဆိုင်ရာ ပြဿနာတစ်ခုကို ဖြစ်ပေါ်ဖို့ နည်းပါးပါတယ်။ သူတို့က လူ့အသိုက်အဝန်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိတယ်။ သူတို့ဘဝရဲ့ ဧရိယာအားလုံးနီးပါးမှာ အသုံးဝင်တဲ့ အခြားလူတွေနှင့် ဆက်သွယ်မှုပုံစံတွေရှိပါတယ်။ သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင်လူမှုဆက်ဆံရေးနည်းလမ်းတွေ ရှိနေတတ်ကြပါတယ်။

၅။ အမျိုးသမီးတွေကို လေးစားတတ်တဲ့ လူကြီးတစ်ယောက်ဖြစ်လာတယ်
မိခင်ကို ချစ်မြတ်နိုးပြီး ဂရုစိုက်တတ်တဲ့ ယောင်္ကျားတွေက တစ်ခြားအမျိုးသမီးတွေကို ဆိုးဆိုးရွားရွားပြုမူဆက်ဆံလိမ့်မယ်ဆိုတာက စိတ်ကူးကြည့်ရုံနဲ့တောင် လုံးဝမဖြစ်နိုင်တဲ့အရာပါ။ ကောင်လေးတစ်ယောက်က သူ့အမေနှင့် နီးကပ်စွာနေထိုင်ခြင်းဖြင့် အမျိုးသမီးတွေနှင့် ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာ လေ့လာနိုင်ပြီး သူတို့ရဲ့ စိတ်နှင့် ပတ်သက်ပြီးတော့လည်း လေ့လာနိုင်ပါတယ်။ တကယ်လို့ သင်က မိန်းကလေးတွေကို ဂရုစိုက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို လေးစားတဲ့ အမျိုးသားတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုရင် အဲဒီ့အမျိုးသားတွေက သူတို့ရဲ့ မိခင်နှင့် အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ သင်အလောင်းအစားတောင် လုပ်နိုင်ပါတယ်။

၆။ သူတို့အောင်မြင်အောင် ကူညီပေးနိုင်တယ်
ကျွန်တော်တို့က ကျောင်းမှာ ကောင်းတဲ့အရာတွေကို လုပ်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းတွေ ပေါင်းစပ်မယ်ဆိုရင် ဘဝမှာ အောင်မြင်သူတစ်ဦးအဖြစ် ပြီးပြည့်စုံလာပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာ ငွေကြေးပိုင်ဆိုင်မှုသီးသန့်ကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ဘယ်လိုမိခင်မဆို သူရဲ့ ကောင်လေးတွေကို ပျော်ရွှင်စေချင်ပါတယ်။
Chit_May_May
Nyein_Thu
Ref-brightsideme