အမေနှင့် သမီးတွေကြားထဲက ပြောဆိုဆက်ဆံမှုအတွက် သိကောင်းစရာများ

0
644
- Advertisement -

သမီးနှင့် အမေကြားက ဆက်ဆံရေးဟာ အရမ်းနီးစပ်နိုင်သလို တစ်ခါတစ်ရံမှာ မွန်းကျပ်စေနိုင်ပါတယ်။ နှစ်ဦးစလုံးကြားရှိ သံယောဇဉ်နှောင်ကြိုးဟာ ကလေးဘဝမှစပြီး မြီးကောင်ပေါက်အရွယ်နှင့် လူကြီးဘဝအထိ ဆက်လက်တည်ရှိပါတယ်။ အမေနှင့် သမီးရဲ့ သံယောဇဉ်နှောင်ကြိုးမှာ အဆင့်သုံးဆင့်ရှိပါတယ်။

၁။ mother-girl relationship

ဒီပထမဦးဆုံးအဆင့်မှာ မိခင်ဟာ သမီးလေးရဲ့ confidant ကိုသာ ကိုယ်စားပြုပါလိမ့်မယ်။ သမီးလေးဟာ သူမရဲ့ကျောင်းမှ ပထမဆုံးလျို့ဝှက်ချက်တွေ၊ သူမ သူငယ်ချင်းအသစ်တွေ အကြောင်းကို မျှဝေပါလိမ့်မယ်။ သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ပြခွင့်ပေးထားတာကြောင့် အမေနှင့် သမီးကြားက ယုံကြည်မှုဟာ ပြီးပြည့်စုံပါတယ်။

ဒီတုံ့ပြန်မှုအားလုံးဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက လှပသော နှောင်ကြိုးအဖြစ် ပြောင်းလဲပေးပါတယ်။ သို့သော် နှစ်တွေကျော်လွန်လာတာနှင့်အမျှ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပြီး ဆက်ဆံရေးဟာ ပိုမိုရှုပ်ထွေးလာပါတယ်။

၂။ mother-adolescent relationship

စကားနည်းနည်းများလာတဲ့ သမီးလေးဟာ စိတ်ခံစားမှုရှိသော လူတစ်ယောက်အဖြစ် ကြီးထွားလာပြီး ထိန်းချုပ်ရခက်လာပါတယ်။ ဒီအချိန်အတောအတွင်းမှာ သမီးဟာ မိခင်ကို ယုံကြည်ရမှာလား၊ မယုံကြည်ရဘူးလားဆိုတဲ့ ခံစားချက်တွေ ပိုရှုပ်ထွေးလာပါတယ်။ မြီးကောင်ပေါက်အရွယ်မှာ မိန်းကလေးတွေဟာ မိသားစုဆီမှ ပိုပြီးလွတ်လပ်မှုကို ရှာဖွေလာကြပါတယ်။ သူမသူငယ်ချင်းတွေနဲ့ သံယောဇဉ်ခိုင်မာတဲ့ ဆက်ဆံရေးရှိလာပါတယ်။ ရလဒ်ကတော့ သူမဟာ သူမရဲ့လျှို့ဝှက်ချက်တွေ၊ စိတ်ခံစားမှုတွေကို သူငယ်ချင်းတွေအား မျှဝေလိုပါတယ်။ မိဘကိုအပြစ်မတင်ဖူး၊ အတင်းမပြောဖူးသော သားသမီး မရှိသလောက် ရှားပါသည်။ အထူးသဖြင့် မြီးကောင်ပေါက်အရွယ်မှာ မိမိလိုချင်တာ မရသည့်အခါမျိုး၊ မိဘနှင့်အတွေး ချင်းမတူသည့်အခါမျိုးမှာ စိတ်ညစ်ပြီး သူငယ်ချင်းများဆီမှာ မိဘအကြောင်းအနည်းနှင့်အများတော့ ပြောတတ်ကြပါတယ်။ မိဘကိုအသံမြှင့်ပြီး မပြောဖူးတဲ့ သားသမီးက ရှားပါးပါသည်။

ဒီအတောအတွင်းမှာ မိခင်နှင့် သမီးအကြားက ပဋိပက္ခဟာ တဖြည်းဖြည်း ကြီးထွားလာနိုင်ပါတယ်။ လွတ်လပ်မှုရဖို့ ပုန်ကန်တာတွေ ရှိလာပါတယ်။ အခြားအရာများအပြင် သမီးတွေဟာ ဆန့်ကျင့်ဘက်အတွေးအမြင်များရှိဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်စရိုက်တွေကို ဖော်ဆောင်ဖို့ သင်ယူလာကြပါတယ်။

၃။ mother-adult daughter relationship

ကျွန်မတို့ လူကြီးလောကထဲကို ဝင်လာတဲ့အခါ အရာအားလုံးဟာ သဘာဝကျကျ ဖြစ်ပျက်လာပါတယ်။ သမီးတွေ ရင့်ကျက်လာတဲ့အခါ သူမရဲ့ပုန်ကန်မှုလေးတွေကို သေချာအောင် ထပ်လုပ်တတ်ပါတယ်။ မိခင်အနေနဲ့ သမီးရဲ့နေထိုင်မှုပုံစံကို ကန့်သတ်ခြင်း(သို့) လွှမ်းမိုးခြင်း မပြုလုပ်နိုင်ပါဘူး။

ထို့ကြောင့် မိခင်ဖြစ်သူဟာ သမီးကို အုပ်ထိန်းဖို့အချိန် ကျော်သွားပြီဖြစ်ကြောင်းနှင့် ဒီအချိန်ဟာ သူမနှင့်အတူ သံယောဇဉ်ကောင်းရှိခြင်းအပေါ် အာရုံစိုက်ရမယ့် အချိန်ကောင်းဖြစ်ကြောင်း နားလည်ရပါမယ်။

မိခင်နှင့် သမီးအကြားက ဆက်ဆံရေးကို အားပေးခြင်းအတွက် အကြံပြုချက် ၆ချက်

မိခင်တစ်ယောက်အဖြစ် သင့်သမီးငယ်လေးရဲ့ ဘဝမှာ အနှောက်အယှက်ဖြစ်စေခြင်း မရှိဘဲ ဆက်လက်ရှိနေရပါမယ်။ သူမကို အကဲဖြတ်နေတယ်လို့ ခံစားရရင် သူမရဲ့သိချင်စိတ်တွေ(သို့) လျှို့ဝှက်ချက်တွေအားလုံးနှင့်အတူ သင့်ကို မယုံကြည်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ထိုအကြောင်းကြောင့် ခပ်လှမ်းလှမ်းကနေ စောင့်ရှောက်ပေးတာ အကောင်းဆုံးပါပဲ။

၁။ ငယ်ရွယ်စဉ်မှာ သမီးနှင့်အတူ စတင်စကားပြောပေးပါ

သမီးလေးနှင့်အတူ အရေးကြီးသော ကိစ္စတွေ ပြောဆိုခြင်းကို ဆယ်ကျော်သက်အရွယ်မဝင်ခင်မှာ စတင်လုပ်ဆောင်သင့်ပါတယ်။ သူမရင့်ကျက်လာတာနှင့်အမျှ တိုးတတ်လာပြီး အသက်အရွယ်နှင့် သင့်လျော်တဲ့ အငြင်းအခုန်တွေ ရှိလာပါမယ်။ အထူးသဖြင့် ၁၁နှစ် နဲ့ ၁၄နှစ်အကြားမှာ ဖြစ်ပါတယ်။

၂။ ပွင့်လင်းသောစိတ်ရှိခြင်းက မိခင်ကို ပြောပြဖို့ ကူညီပေးပါလိမ့်မယ်

သင်ဟာ အနည်းငယ် ဝေဖန်တတ်ပြီး ပွင့်လင်းမြင်သာတဲ့ မိခင်တစ်ယောက်ဖြစ်ပါက သမီးသည်လည်း သင့်အားပိုမိုရင်ဖွင့်လိုစိတ် ရှိလာပါလိမ့်မယ်။ သင်မေးခွန်းတွေ မေးတဲ့အခါ သတင်းအချက်အလက်တွေ ပိုမျှဝေတာ (သို့) တခါတရံ တုံ့ပြန်ဖို့ ငြင်းဆန်နိုင်ပါတယ်။ သူမ ဆန္ဒမရှိတဲ့ အသေးစိတ်အချက်အလက်တွေကို မျှဝေဖို့ ဖိအားပေးတာတွေ ရှောင်ရှားပါ။

၃။ မိခင်တစ်ယောက်နှင့် သူငယ်ချင်းတစ်ယောက်ဖြစ်ခြင်းအကြား ဟန်ချက်ညီမှုကို ရှာပါ

အဓိကသော့ချက်တစ်ခုက မိခင်နှင့် သမီးကြားဆက်ဆံရေးဟာ ငယ်ရွယ်စဉ်ကတည်းက ဟန်ချက်ညီစေဖို့ ဖြစ်ပါတယ်။ သမီးနှင့် နီးနီးကပ်ကပ်နေပေးမယ်ဆိုရင် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ တစ်ချို့မိခင်တွေက သမီးနဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်ချင်ကြတာကြောင့် မလိုအပ်တာတွေကော၊ လိုအပ်တာတွေပါ အသေးစိတ်ပြောဖို့ ကြိုးစားတတ်ကြပါတယ်။ မိခင်တစ်ယောက်ဟာ confidant ရှိသူတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ဖြစ်နိုင်ပေမယ့် သူမဟာ မိခင်တစ်ယောက်အဖြစ် အမြဲရှိနေရပါမယ်။

၄။ မိသားစုဓလေ့တွေကို ဝေမျှပါ

မိသားစု ရိုးရာဓလေ့တွေဟာ မိခင်နှင့် သမီးအတူတူ ပျော်ရွင်စေမယ့်ပွဲတွေ၊ နေ့ထူးနေ့မြတ်တွေ ဖြစ်နိုင်ပါတယ်။ ဒီအခိုက်အတန့်တွေဟာ သမီးအတွက် ဇာတ်လမ်းလေးတွေ၊ အတွေ့အကြုံလေးတွေ မျှဝေဖို့ အခွင့်အရေးကောင်းဖြစ််ပါတယ်။ ဥပမာ- ကဆုန်လပြည့်နေမှာ သမီးနှင့်အတူတူ ဘုရားသွားပြီး ညောင်ရေသွန်းတာတို့၊ ဒီညောင်ရေသွန်းပွဲ ဘာ့ကြောင့်လုပ်ရတယ်ဆိုတဲ့အကြောင်းလေးတွေ မျှဝေပေးတာတို့ လုပ်ပါ။ ဒီ activities ကိုစောစောစတင်ပါက မြီးကောင်ပေါက်အရွယ်နှင့် လူကြီးဘဝမှာ ဒီအလေ့အထတွေကို ထိန်းသိမ်းထားပါလိမ့်မယ်။

၅။ သမီးဖြစ်သူနှင့်အတူ အဖြေရှာပါ

သမီးမှာ ပြဿနာတစ်ခုရှိတယ်ဆိုပါစို့။ အမေက သမီးရဲ့ ပြဿနာ အကြောင်းကို ပြောတဲ့အခါ သူမရဲ့ဖြေရှင်းနည်းကိုလည်း ပြောခွင့်ပြုပါ။ သူမနှင့်အတူ ဖြေရှင်းဖို့ ကြိုးစားပါ။ မိန်းကလေးတွေဟာ အကြံဉာဏ်လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့က အဖြေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ချင်ကြပါတယ်။ ဒီနည်းလမ်းက သူမမှာ ပြဿနာရှိရင် အမေ့ကို ပြောပြဖို့ အားပေးပါလိမ့်မယ်။

၆။ သမီးနဲ့ အာလာပသလ္လာပစကားပြောဖို့ ဆိုရှယ်မီဒီယာကိုသုံးပါ

သမီးနှင့်အတူ ပြောဆိုဆက်ဆံခြင်းကို သင့်ဘဝရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်စေပါ။ communication ကိရိယာအသစ်တွေဟာ ချည်နှောင်မှုကို အားကောင်းစေပါတယ်။ သူမနှင့်အတူ အင်တာနက်ပေါ်က စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို မျှဝေပါ။ ဒါ့ပြင် အကြောင်းအရာကိစ္စတွေကို ဆွေးနွေးဖို့နှင့် ထင်မြင်ချက်တွေကို ဖလှယ်ဖို့ မတွန့်ဆုတ်ပါနဲ့။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here