Home Parenting အမျိုးသားတွေ ဖခင်ဖြစ်လာတဲ့အခါ ဘာတွေပြောင်းလဲသွားလဲ?

အမျိုးသားတွေ ဖခင်ဖြစ်လာတဲ့အခါ ဘာတွေပြောင်းလဲသွားလဲ?

0
အမျိုးသားတွေ ဖခင်ဖြစ်လာတဲ့အခါ ဘာတွေပြောင်းလဲသွားလဲ?

ကလေးယူပြီးတဲ့အချိန်မှာ အမျိုးသမီးတွေချည်း ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့က မိခင်အသစ်ရဲ့ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကို ဆောင်ကြဉ်းပေးသော်လည်း ဖခင်ဖြစ်လာတဲ့အချိန်မှာ အမျိုးသားတွေဟာလည်း ခန္ဓာကိုယ်နှင့် စိတ်ပို်ငးဆိုင်ရာ ပြောင်းလဲမှုများစွာကို တွေ့ကြုံခံစားရနိုင်ပါတယ်။ အမျိုးသားတွေဟာ ဟော်မုန်းပြောင်းလဲမှုတွေအပါအဝင် စိတ်ခံစားမှု အတက်အကျကို ဖြတ်သန်းရနိုင်ပါတယ်။

၁။ Testosterone ပမာဏ ကျဆင်းနိုင်ပါတယ်

အမျိုးသမီးတွေက အီစထရိုဂျင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်သော်လည်း အမျိုးသားတွေက တက်စတိုစတီရုန်းလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ကြောင်း ကျွန်တော်တို့အားလုံးသိကြပါတယ်။


တက်စတိုစတီရုန်း လယ်ဗယ် မြင့်မားခြင်းက ရန်လိုမှု၊ ပြိုင်ဆိုင်မှုနှင့် လက်တွဲဖော်အသစ်ကို ဆွဲဆောင်ခြင်းကဲ့သို့သော အပြုအမှုဆိုင်ရာ စရိုက်လက္ခဏာတွေအတွက် တာဝန်ရှိပါတယ်။ ဒါပေမယ့် ဖခင်တစ်ယောက်ဖြစ်လာတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပေါ်လာပါတယ်။ အမျိုးသားတစ်ဦးရဲ့ တက်စတိုစတီရုန်း လယ်ဗယ်ဟာ လျော့နည်းသွားပုံရပါတယ်။ အမျိုးသားရဲ့စွမ်းအင်ကို အပြင်ပန်းအစား သူ့မိသားစုရဲ့ ကောင်းကျိုးချမ်းသာရေးကို ဦးတည်တဲ့ အတွင်းစိတ်သို့ အာရုံစိုက်သင့်ကြောင်း အကြံပြုပါတယ်။

လေ့လာမှုများအရ အဖော်ရှိပြီးသား အမျိုးသားတွေနဲ့ ကလေးရှိတဲ့အမျိုးသားတွေဟာ ကလေးမရှိတဲ့ အမျိုးသားများနှင့် လက်တွဲဖော်ကို ရှာဖွေဆဲသူတွေနှင့် နှိုင်းယှဉ်ရင် တက်စတိုစတီရုန်းပမာဏ နည်းပါးကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ဒါကတော့ အချိန်ကြာလာတာနှင့်အမျှ အမျိုးသားတစ်ဦးရဲ့ ဦးစားပေးတွေကို ပြောင်းလဲစေတဲ့ ဇီဝဗေဒနည်းလမ်း ဖြစ်နိုင်ပါတယ်။

၂။ Oxytocin နဲ့ Dopamine ပမာဏ မြင့်တက်လာပါတယ်

ဟုတ်ပါတယ်။ သင့်မှာ ဟော်မုန်းတွေ ပိုလာတာပါ။ တက်စတိုစတီရုန်းပမာဏ နည်းပါးခြင်းက အမျိုးသားရဲ့ သွေးစီးကြောင်းသို့ ဟော်မုန်းအသစ်တွေ ဝင်ရောက်ဖို့ လမ်းကြောင်းပေးပါတယ်။ အောက်ဆီတိုစင်နှင့် ဒိုပါမင်း ဓါတုပစ္စည်း ၂မျိုးဟာ မိဘနှင့် ကလေးကြား နှောင်ကြိုးအတွက် တာဝန်ရှိတာကြောင့် အလွန်အရေးကြီးပါတယ်။

အမျိုးသားတစ်ဦးဟာ နောက်ဆုံးမှာ ကလေးရတဲ့အခါ အောက်ဆီတိုစင်နှင့် ဒိုပါမင်းတို့ရဲ့ ကောင်းကျိုးသက်ရောက်မှုတွေ မြင့်တက်လာပြီး ဖခင်အသစ်တစ်ဦးဟာ သူ့ရင်သွေးနှင့် ပွေ့ဖက်ကစားခြင်းကို ပိုနှစ်သက်လာစေပါတယ်။

၃။ ဟော်မုန်းဓါတ် မြင့်မားခြင်းနှင့် လျော့နည်းခြင်းတို့ကြောင့် မီးဖွားပြီးနောက် စိတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်

အမျိုးသမီးတွေမှာသာ မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါ ပိုအဖြစ်များတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် အမျိုးသားတွေလည်း မီးဖွားပြီးနောက် စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါက အံအားသင့်စရာတစ်ခု ဖြစ်နိုင်ပေမယ့် သင်ထင်ထားသလောက် အတိုင်းအတာတစ်ခုအထိတော့ မဟုတ်ပါဘူး။

Testosterone ဟာ သူ့ရဲ့တခြားလုပ်ဆောင်ချက်တွေမှ လွဲပြီး ကျွန်တော်တို့အား ခံစားချက်နိမ့်ကျမှုကနေ ကာကွယ်ပေးရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ၎င်းရဲ့အဆင့်တွေ ကျဆင်းသွားတဲ့အခါမှာ ဖခင်တွေဟာ စိတ်ဓါတ်ကျခြင်းအထိ ဖြစ်လာနိုင်ပါတယ်။ ဖခင်ရဲ့ တာဝန်ဝတ္တရားတွေနှင့်အတူ ဒီဟော်မုန်းပြောင်းလဲမှုတွေက အမျိုးသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်ခြေ များနိုင်တာကြောင့် အမျိုးသားတွေအတွက် လွန်စွာ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် ဖခင်တွေရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းနှင့် အပြုအမှုဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေတာကို သိရှိဖို့ အလွန်အရေးကြီးပါတယ်။

၄။ ဦးနှောက်ပြောင်းလဲမှုအချို့လည်း ဖြစ်ပေါ်လာနိုင်ပါတယ်

ဟော်မုန်းပြောင်းလဲမှုအားလုံးဟာ ဦးနှောက်ကို ပြောင်းလဲစေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက ဖခင်အသစ်အုပ်စုမှာ ဦးနှောက်လုပ်ဆောင်ချက်ကို လေ့လာခဲ့ကြပါတယ်။ ကလေးမွေးပြီး ပထမ ၄လအတွင်း သူတို့ရဲ့ ဦးနှောက်က gray matter မှာ သိသာထင်ရှားသော ပြောင်းလဲမှုအချို့ကို ပြသခဲ့ကြောင်း သတိပြုမိခဲ့ကြပါတယ်။

ဖခင်အသစ်တွေဟာ သူတို့ရဲ့ မိဘအုပ်ထိန်းမှုစွမ်းရည်တွေ တိုးတက်လာစေဖို့နှင့် သူတို့ရဲ့ ရင်သွေးတွေနှင့် ခိုင်မာသော နှောင်ကြိုးကို တည်ဆောက်ဖို့ ကူညီပေးတဲ့အတွက် ဒီအပြောင်းအလဲတွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ သိတဲ့အတိုင်း ဒီအစောပိုင်း ဖခင်နှင့်ကလေး အပြန်အလှန်ဆက်ဆံရေးက အနာဂတ်မိဘနှင့် ကလေးဆက်ဆံရေးအတွက် အခြေခံခိုင်မာမှုကို တည်ဆောက်ရုံသာမက သူတို့ကြီးပြင်းလာတာနှင့်အမျှ ကလေးရဲ့ အသိဉာဏ်နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း အခန်းကဏ္ဍကြီးမှ ပါဝင်ပါတယ်။

ဖခင်အသစ်ရဲ့ ဦးနှောက်က အစီအစဉ်ဆွဲခြင်း၊ ပြဿနာဖြေရှင်းခြင်းနှင့် အန္တရာယ်စူးစမ်းရှာဖွေခြင်း စတဲ့ သီးခြားနယ်ပယ်တွေမှာ ပိုမိုလုပ်ဆောင်မှုကို ပြသနိုင်ပါတယ်။ တစ်နည်းပြောရရင်တော့ ဒီအရာတွေက သူတို့ရဲ့ကလေးငယ်ကို ဘေးကင်းစေဖို့ ဖခင်အား ကူညီပေးတဲ့ နယ်ပယ်တွေ ဖြစ်ပါတယ်။

၅။ အမျိုးသားတွေဟာ စိတ်ခံစားချက်ဖိစီးမှုအဆင့်ကို ခံစားရနိုင်ပါတယ်

ကလေးရောက်လာတာနဲ့ မိခင်တွေပဲ pressure များမှာ မဟုတ်ပါဘူး။ အမေတွေက နို့ချိုတိုက်ကျွေးခြင်း ချော့မြူခြင်းကဲ့သို့သော ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တိုက်ရိုက်တာဝန်ရှိတဲ့သူတွေ ဖြစ်ပေမယ့် မိဘအုပ်ထိန်းမှု တာဝန်တွေက ရှာဖွေကျွေးမွေးရမယ့် ဖခင်အသစ်တွေမှာလည်း စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေ မြင့်မားလာနိုင်ပါတယ်။

ဖခင်အသစ်တွေဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ကြုံတွေ့ရပြီး ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့ လက်တွဲဖော်တွေအတွက် အလွန်အရေးကြီးပါတယ်။ ဒီပထမအရေးကြီးဆုံးလတွေအတွင်းမှာ မိသားစုနှင့် နှောင်ဖွဲ့ပါ။ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီပြီး အကောင်းဆုံးတွေ ယူဆောင်လာပေးပါ။ ပျော်ရွှင်စရာကောင်းတဲ့ parenting လေးဖြစ်ပါစေ….။

Chit_MayMay

Nandar

Ref- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here