Home Parenting Mom and Baby အမွှာပူးတွေကို မွေးထားသော မိဘတွေသာ နားလည်နိုင်သော အရာများ

အမွှာပူးတွေကို မွေးထားသော မိဘတွေသာ နားလည်နိုင်သော အရာများ

0
အမွှာပူးတွေကို မွေးထားသော မိဘတွေသာ နားလည်နိုင်သော အရာများ

အကယ်၍ သင်ဟာ ချစ်စရာကောင်းသော ကလေးနှစ်ယောက်ကို တစ်ပြိုင်နက်မွေးဖွားခဲ့သူဖြစ်တယ်ဆိုရင် တစ်ခြားမိခင်တွေထက် အာရုံစိုက်မှု ပိုခံရပါလိမ့်မယ်။ အမြွှာတွေကို တွေ့လိုက်ရတဲ့အခါမှာလည်း ဆင်တူအဝတ်အစားလေးတွေ၊ ဆင်တူပြင်ဆင်မှုတွေနဲ့ မကြာခဏတွေ့ရတတ်ပါတယ်။ ဒီလိုအပြင်အဆင်တွေက အမှန်တကယ်ချစ်စရာကောင်းပေမယ့် နောက်ကွယ်မှာ ပြင်ဆင်ပေးရတဲ့ မိခင်တွေမှာတော့ ဒီလိုအခြေအနေတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။

၁။ အမွှာရအောင် ဘာတွေလုပ်ခဲ့လဲ အမြဲအမေးခံရတယ်

ကိုယ်ဝန်ရှိခြင်းကို မေးခြင်းက သင့်လျော်သောမေးခွန်းတစ်ခုမဟုတ်ပေမယ့် တစ်ချို့သော အကြောင်းပြချက်ကြောင့် လူတွေက သန္ဓေတည်ပုံကို အလွန်သိချင်ကြပါတယ်။ ဒါပေမယ့် ဒီမေးခွန်းအတွက် သင့်မှာ အဖြေတိတိကျကျရှိမှာမဟုတ်ပါဘူး။ လူတွေအနေနဲ့ ဒီလိုမေးခွန်းမျိုး မေးတာကို ရပ်သင့်ပါတယ်။

၂။ လူတွေက ကလေးနှစ်ယောက်ကို အကြီးအငယ် မှားကြတယ်

ဒီအချက်က မိခင်တွေကိုယ်တိုင်တောင် မှားယွင်းကြတဲ့အရာတွေဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ရဲ့ ကလေးကို အကြီးအငယ်ခွဲခြားဖို့ စနစ်တကျတစ်ခုခုကို မှတ်သားထားတာမျိုး လုပ်တတ်ကြပါတယ်။ ကြီးထွားလာတာနဲ့အမျှ ပိုမိုလွယ်ကူလာပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ နာမည်စဉ်းစားရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါက လုံးဝပုံမှန်ပါပဲ။ သင့်ကလေးကို ဘယ်တစ်ယောက်က ဘယ်သူဖြစ်တယ်ဆိုတာ ချက်ချင်းမသိရုံနဲ့ ဘာမှမဖြစ်ပါဘူး။

၃။ သူတို့ဟာ မေးခွန်းတွေအများကြီး မေးကြပါလိမ့်မယ်

သင့်မှာ အမွှာမျိုးရိုးရှိသလား? တစ်ယောက်နဲ့ တစ်ယောက်က မိနစ်ဘယ်လောက်ကွာသလဲ? တကယ် အမွှာတွေလား? အမွှာတွေနဲ့ ပတ်သက်ပြီး တစ်ခါတလေမှာ သူတို့မိဘတွေကိုယ်တိုင်က အံ့ဩလို့မကုန်နိုင်သေးတဲ့အရာတွေ ရှိပါသေးတယ်။

၄။ ဘာပဲဝယ်ဝယ် နှစ်ယောက်စာ ဝယ်ရတယ်

ကလေးတွေဟာ သူတို့ရဲ့ မွေးချင်းတွေနဲ့ မျှဝေရတာကို သူတို့ရဲ့ သဘာဝအရ မကြိုက်ကြပါဘူး။ ဒါ့ကြောင့် အစစအရာရာလွယ်ကူစေဖို့ ကလေးတွေအတွက် ဘာပဲဝယ်ဝယ် နှစ်စုံဝယ်ရပါတယ်။ အကောင်နှစ်ကောင်၊ အင်္ကျီနှစ်ထည်၊ ရေခဲမုန့်နှစ်ခု စသဖြင့် ဘာမဆိုပေါ့။

၅။ အမွှာတွေမှာ ထူးခြားသောနှောင်ကြိုးတွေရှိကြပါတယ်

အမွှာတွေ၊ နှစ်ယောက်ထက်ပိုသော မွေးချင်းတွေဟာ သားအိမ်တစ်ခုထဲမှာ သန္ဓေတည်လာကြတာဖြစ်တာကြောင့် ပိုပြီး နီးစပ်ကြပါတယ်။ ထူးခြားသော နှောင်ကြိုးတွေလည်း ရှိကြပါတယ်။ မျိုးရိုးအရ ဆက်နွယ်ကြတာကြောင့် ဒီလိုအရာမျိုးက အမွှာတွေမှာ အဖြစ်အများဆုံးကိစ္စဖြစ်ပါတယ်။

၆။ အမွှာတွေဟာ အမြဲအန္တရာယ်အခြေအနေမှာရှိနေပါတယ်

ဆိုလိုတာက ကလေးနှစ်ယောက်အတူရှိတာကြောင့် တစ်ယောက်တည်းရှိနေတာထက် ပိုစူးစမ်းကြသလို ပိုကစားကြပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်းမွေးထားတဲ့ မိခင်ထက် အမွှာမိခင်တွေက ပိုပြီးပင်ပန်းကြတာဖြစ်ပါတယ်။ ငြင်းခုံကြတာတွေ၊ တွန်းလှန်ကန်ကျောက်ကြတာတွေက နှစ်ယောက်မှာ ပိုပြီးအဖြစ်များတာကြောင့်ပါ။ မေမေတွေက အမြဲသတိရှိကြရပြီး သူတို့သားသမီးတွေက ဘယ်နေရာမှာရှိနေတယ်ဆိုတာ အမြဲသိနေဖို့လိုအပ်ပါတယ်။

Chit_May_May

Nyein_Thu

ref-moms

LEAVE A REPLY

Please enter your comment!
Please enter your name here