Home Parenting Child Teaching အမှီအခိုကင်းတဲ့ ကလေးတွေ ဖြစ်လာအောင် လိမ္မာပါးနပ်စွာ သင်ကြားနည်း

အမှီအခိုကင်းတဲ့ ကလေးတွေ ဖြစ်လာအောင် လိမ္မာပါးနပ်စွာ သင်ကြားနည်း

0
57

မိဘတွေက သားသမီးတွေကို သင်ပေးသင့်တဲ့ အဖိုးတန်သင်ခန်းစာတွေ အများကြီးရှိပေမယ့် အမှီအခိုကင်းခြင်းရဲ့စွမ်းအားက တန်ဖိုးအရှိဆုံးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကလေးတစ်ဦးအား အမှီအခိုကင်းအောင် သင်ကြားပေးခြင်းရဲ့ ကလေးရဲ့ ကောင်းကျိုးချမ်းသာနှင့် အနာဂတ်အတွက် အလွန်အကျိုးရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကလေးတွေ ရှေရှည်မှာ ပိုပြီးအမှီအခိုကင်းလာစေဖို့ မေမေတို့ အသုံးပြုနိုင်တဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးထားပါတယ်။

၁။ ကား (သို့) အိမ်သို့ ပြန်တဲ့အခါ ကလေးကို ဦးဆောင်ခိုင်းပါ

တစ်နေရာရာသွားတဲ့အချိန်တိုင်း ကားရှိရာ (သို့) အိမ်ရှိရာသို့ ကလေးအား ဦးဆောင်သွားခိုင်းခြင်းက လမ်းကြောင်းပြခြင်းနဲ့ မှတ်ဉာဏ်စွမ်းရည်တွေ တိုးတက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့ အမှီအခိုကင်းမှုနဲ့ ယုံကြည်မှုကို တည်ဆောက်ရာမှာလည်း အကူအညီပေးနိုင်ပါတယ်။ ဒါကို စျေးဝယ်ထွက်တဲ့အခါမှာတောင် လုပ်ဆောင်နိုင်ပါတယ်။

၂။ ကလေးက သူတို့ရဲ့ နာမည်အပြည့်အစုံကို သိရှိထားရပါမယ်

ကျောင်းမှာ ကိုယ့်ရဲ့နာမည်အပြည့်အစုံကို မသိတဲ့ ကလေးတွေ အများကြီးရှိပါတယ်။ တစ်ချို့က အိမ်မှာ နာမည်ပြောင်နဲ့ ခေါ်ကြတာကြောင့် ကျောင်းတတ်တဲ့အခါ ကိုယ့်နာမည်အရင်းနဲ့ စိမ်းနေတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နေရပ်လိပ်စာ၊ အိမ်ဖုန်းနံပါတ်၊ မေမေ,ဖေဖေတို့ရဲ့ နာမည်အပြည့်အစုံတို့ကို သင်ထားပေးခြင်းဖြင့် ကလေးရဲ့ ကျောင်းအတွက် ပြင်ဆင်ပေးနိုင်ပါတယ်။

၃။ အရာအားလုံးကို ကလေးလက်လှမ်းမီတဲ့နေရာမှာ ဖန်တီးပေးထားပါ

အိမ်နဲ့ ကလေးရဲ့အခန်းကို စနစ်တကျ ဖွဲ့စည်းထားပုံက သူတို့ ဘယ်လောက် အမှီအခိုကင်းလာနိုင်သလဲဆိုတဲ့အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကလေးအား အလုပ်တာဝန်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်စေလိုပါက လက်သုတ်ပုဝါတွေ၊ ခက်ရင်းတွေ၊ ရေ (သို့) အဝတ်အစားတွေကို သူတို့လက်လှမ်းမီနိုင်တဲ့ နေရာမှာ ထားပေးတာက စမတ်ကျနိုင်ပါတယ်။ အဝတ်စင်ကို နည်းနည်းနိမ့်အောင် ထားလို့ရပါတယ်။ ကျောပိုးအိတ်ချိတ်ဖို့ ချိတ်ကို သူတို့လက်လှမ်းမှီတဲ့နေရာမှာ တပ်ဆင်ပေးထားနိုင်ပါတယ်။

၄။ လုပ်ဆောင်ဖို့ မကြာခဏ သတိပေးတာမျိုး မလုပ်ပါနဲ့

သူတို့ကို မကြာခဏ ကြိမ်းမောင်းရင် သူတို့အနေနဲ့ မေမေတို့ အပေါ်မှာ ပိုပြီးမှီခိုလာနိုင်ပါတယ်။ ” ကစားချိန် ပိုရချင်ရင် ပန်းကန်ဆေးဖို့မမေ့နဲ့” ကဲ့သို့သော စကားတွေ မပြောမိအောင် ကြိုးစားပါ။ ဒီလိုပြောခြင်းအားဖြင့် ကလေးက သူတို့ကိုယ်သူတို့ သတိပေးတဲ့နည်းလမ်းကို ဖန်တီးမယ့်အစား မေမေတို့ သတိပေးနေတဲ့အပေါ်မှာပဲ မှီခိုလာပါလိမ့်မယ်။ တစ်ကြိမ်လမ်းညွှန်ပေးပါ။ ပြီးရင် သူတို့ အမှီအခိုကင်းနိုင်ကြောင်း သက်သေပြဖို့ ကလေးအား အခွင့်အရေးပေးပါ။

၅။ အမှီအခိုကင်းသော ကစားခြင်းကို အားပေးပါ

ကလေးကို အသက် ၁နှစ်လောက်ကတည်းက အမှီအခိုကင်းစွာ ကစားဖို့ တွန်းအားပေးနိုင်ပါတယ်။ ပထမဆုံး မိနစ်အနည်းငယ်လောက် တစ်ယောက်တည်း ပေးကစားခြင်းဖြင့် စတင်ကာ အချိန်တဖြည်းဖြည်းချင်းတိုးပါ။ အသက် ၃- ၄နှစ်အရွယ်မှာ သူတို့နံနက်စောစော နိုးနေရင် မေမေတို့ကို နှိုးမယ့်အစား ခဏလောက် ကစားနေတတ်အောင် သင်ပေးပါ။ အချိန်တန်ရင် ကလေးက ဒီလုပ်ဆောင်ချက်ကို နှစ်သက်လာပြီး သူတို့ဆက်လုပ်ဆောင်နိုင်ပါတယ်။

Chit_MayMay

Nandar

Source-brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here