အရပ်မြင့်ပြီးခန္ဓာကိုယ်ထွားကြိုင်းတဲ့ကလေးတွေဖြစ်အောင်ပုံသွင်းယူနိုင်မယ့်နည်းလမ်းများ

0
6999
- Advertisement -

မိဘတိုင်းက သူတို့ရဲ့ကလေးတွေကို ကျန်းမာသန်စွမ်းစေဖို့နဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုဖြည့်ဆည်းပေးချင်ကြပါတယ်။ မျိုးရိုးဗီဇအရဆို ကျွန်တော်တို့ကလေးတွေရဲ့အရပ်အမြင့်ကို သိသိသာသာထိခိုက်နိုင်တာမှန်ပါတယ်။

ဒါပေမယ့် ကလေးတွေကြီးထွားဖို့နဲ့အရပ်ရှည်ဖို့ကို တိုးတက်အောင်လုပ်နိုင်တဲ့ အရာများစွာရှိပါတယ်။ ဒီတော့ အောက်က အ ချက်အလက်တွေက သင့်ကလေးကို ကြီးထွားမြင့်မားလာအောင် ကူညီပေးပါလိမ့်မယ်..

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာစားတဲ့အလေ့အကျင့်လုပ်ပေးပါ

- Advertisement -

ကလေးတွေကြီးထွားဖွံဖြိုးဖို့ဆိုတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေစားသောက်တဲ့အလေ့အကျင့်ရှိဖို့က အလွန်အရေ းကြီးပါတယ်။ ကောင်းမွန်တဲ့ အာဟာရတွေလိုအပ်ပါတယ်။ ပရိုတိန်းက ကလေးတွေရဲ့ အရပ်မြင့်မားဖို့နဲ့ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် အရေးကြီးတဲ့အရာပါ။

ဒီတော့ ဘယ်လိုအစာတွေက ပရိုတိန်းဓါတ်ရနိုင်မလဲ? ဥတွေနဲ့ပဲအမျိုးမျိုးကနေ ပရိုတိန်းတွေရရှိစေပါတယ်။ ပြီးတော့ကလေးတွေကို လုံလောက်တဲ့ဗီတာမင်နဲ့ဓါတ်သတ္တုဓါတ်တွေရဖို့ ဟင်းနုနွယ်ရွက်၊ မုန်လာဥ၊ သရက်သီး စတာတွေကိုကျွေးပေးပါ။အလေ့အကျင့်တစ်ခုဖြစ်သွားစေတဲ့အထိကျွေးပေးပါနော်.

.ဂျုံ့နဲ့လုပ်ထားတဲ့အစားအစာတွေကလည်း သင့်ကလေးကြီးထွားလာအောင်ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကလေးအလိုလိုက်ပြီး မုန့်ပဲသရေစားတွေ သိပ်မကျွေးပါနဲ့။ ကျန်းမာစေတဲ့အရာတွေကိုကျွေးတဲ့အလေ့အထကို မွေးမြူပေးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းပါ

အ၀လွန်တာက ကာကွယ်တဲ့လေ့ကျင့်ခန်းတွေကလွဲပြီး အခြားလေ့ကျင့်ခန်းတွေက သင့်ကလေးအတွက်အလွန်အရေးကြီးပါတယ်။ ရေကူးတာ၊ ယောဂကျင့်တာ အခြားပျော်စရာကောင်းတဲ့အားကစားလှုပ်ရှားမှုတွေက သင့်ကလေးကိုအရပ်မြင့်မြင့် ကြံကြံခိုင်ခိုင် ကလေးတစ်ယောက်ဖြစ်လာစေမှာပါ။

ရှုပ်ထွေးတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ဖို့မလိုပါဘူးနော်။ ရိုးရိုးလေးနဲ့လွယ်လွယ်လေးနည်းတွေရှိပါတယ်။ မမှီတဲ့အရာတစ်ခုကို ခြေဖျားထောက် ကျောဆန့်ပြီး မှီအောင်လုပ်တဲ့လေ့ကျင့်ခန်းလေးတွေရှိပါတယ်။

ဒါကနေ့တိုင်းပုံမှန်လုပ်သွားမယ်ဆိုရင် ၁၄ရက်လောက်အတွင်းမှာကိုသိသာလာမှာပါ။ ကလေးတွေရဲ့ကျောရိုးနဲ့ကြွက်သားတည် ဆောက်တာကို အထောက်ကူပြုနိုင်ပါတယ်နော်..

လုံလောက်စွာအိပ်စက်ခိုင်းပါ

ကလေးတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမျိုးမျိုးသောဟော်မုန်းတွေဟာ အိပ်စက်နေတဲ့အချိန်တွေမှာ သူတို့ကြီးထွားလာဖို့ထောက်ပံပေးတဲ့လုပ်ငန်းစဥ်တွေလုပ်နေကြပါတယ်။ ဒါကြောင့်ညတိုင်းမှာ သူတို့ လုံလုံလောက်လောက် အိပ်စက်ဖို့လိုပါတယ်နော်။

ကလေးငယ်တွေဟာ တစ်နေ့ကို ၁၁နာရီကနေ၁၃နာရီလောက်အိပ်စက်ရပြီး ကျောင်းနေအရွယ်ကလေးတွေကတော့တစ်နေ့ကို ၁၀ နာရီလောက် အိပ်စက်ဖို့လိုပါတယ်။ ကစားမက်တဲ့ကလေးတွေကို အကောင်ကြီးထွားစေချင်ရင် မေမေတို့အိပ်ရေး၀၀အိပ်အောင်လုပ်ပေးဖို့လိုပါတယ်နော်။ စာတွေပဲဖိလုပ်ခိုင်းမနေပါနဲ့နော်..

ကိုယ်နေဟန်ထားအရေးကြီးတယ်နော်

တချို့ကလေးတွေရှိတယ်မလား? လမ်းလျောက်ရင်း ကုန်းကုန်း ကုန်းကုန်းနဲ့လေ၊ လက်ပျည်ကြီးကုန်းပြီးလျောက်တာ၊ ဒါကအကျင့်ပါသွားရင်ခါးကိုင်းပီး အရပ်ကထပ်မထွက်တော့လောက်အောင်ကိုဖြစ်စေနိုင်ပါတယ်နော်..

.ဒီတော့ မတ်တပ်ရပ်နေတုန်းဖြစ်ဖြစ်၊ ထိုင်နေတုန်းဖြစ်ဖြစ် ကိုယ်နေဟန်ထားတွေကိုအမြဲသတိပေးနေဖို့လိုပါတယ်။ ကောင်းမွန်တဲ့ ခပ်ဆန့်ဆန့် ကိုယ်နေဟန်ထားက သင့်ကလေးတွေကို ပိုပြီ းကြီးထွားမြင့်မားလာစေနိုင်မှာဖြစ်သလို သူတို့ရဲ့ယုံကြည်မှုကို လည်းမြင့်မားစေပါတယ်။

နွားနို့ပုံမှန်တိုက်ပါ

ကယ်ဆီယမ် (Calcium)ဓါတ်ဟာ ကလေးတွေရဲ့ အရိုးတည်ဆောက်ပုံမှာ အရေးပါတဲ့ အခန်းက ပါ၀င်နေပါတယ်။ နို့က Calcium ကြွယ်၀တဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကလေးတွေကိုနေ့တိုင်း သူတို့အရိုးတွေကိုကြံခိုင်ဖွံဖြိုးဖို့ တွေကိုဖြည့်ဆည်းပေးဖို့အတွက် နွားနို့ကိုနေ့တိုင်းတိုက်ပေးပါနော်..ကဲဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ပါ၊ သင့်ကလေး သိသိသာသာ ကြီးထွားဖွံဖြိုးလာမှာပါ။

#Chit_May_May
#Mg_Htet

REF_Chilren.com

LEAVE A REPLY

Please enter your comment!
Please enter your name here