အရမ်းအလိုလိုက်ခံရတဲ့ ကလေးတွေဟာ ပျော့ညံ့တဲ့ လူကြီးတွေ ဖြစ်လာတတ်ကြတာ ဘာ့ကြောင့်လဲ?

0
21
- Advertisement -

ကလေးတွေကို အရမ်းအလိုလိုက်တာက မှန်သလား/မှားသလားဆိုတာကို လောလောဆယ်မှာ ငြင်းခုံမှုတွေ ရှိနေနိုင်ပါတယ်။ အချို့သော ကျွမ်းကျင်သူတွေက အရမ်းအလိုလိုက်ခံရတဲ့ ကလေးတွေဟာ ပျော့ညံ့တဲ့လူကြီးတွေ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြပြီး အချို့က ယနေ့လူ့အဖွဲ့အစည်းရဲ့ သာမန်ပုံစံတစ်ခုလို့ ဆိုကြပါတယ်။

ဆုံးဖြတ်ချက်မချနိုင်တဲ့ ၊ ဖိအားတွေကို ရင်ဆိုင်ရာမှာ ကျရှုံးတဲ့ လူကြီးတစ်ယောက်ဟာ ငယ်စဉ်ကလေးဘဝမှာ အရမ်းအလိုလိုက်ခံရနိုင်ခြေ အများဆုံးဖြစ်ပါတယ်။ တာဝန်ဝတ္တရားတွေ ထမ်းဆောင်နိုင်စွမ်းက ကာရိုက်တာနှင့် ဆက်စပ်နေတတ်ပါတယ်။ အချို့မိဘတွေက သားသမီးတွေ အကျပ်ရိုက်စေမှာကို ရှောင်ဖို့ ကြိုးစားကြပါတယ်။ အဲဒါကြောင့် သူတို့ဟာ ကလေးတွေရဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ ကလေးဘဝ ခက်ခဲခဲ့ကြသူတွေဟာ သားသမီးတွေကို အလွန်အကျွံ ကာကွယ်တတ်ကြပါတယ်။ ကလေးဘဝတုန်းက သူတို့မရရှိခဲ့တဲ့အရာအားလုံးကို သားသမီးတွေအား ပေးဖို့ကြိုးပမ်းလေ့ရှိကြပါတယ်။

အရမ်းအလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ စရိုက်လက္ခဏာများ

- Advertisement -

အလိုလိုက်ခံရတဲ့ ကလေးတွေဟာ များသောအားဖြင့် ကန့်သတ်ချက်တွေကို မလေးစားကြပါဘူး။ ဘာမှပြန်မပေးဘဲ ရယူတတ်ကြပါတယ်။ ရလဒ်အနေနဲ့ သူတို့စိတ်ကျေနပ်စေဖို့ မိဘတွေ အမြဲရှိနေသင့်တယ်လို့ ယုံကြည်တာကြောင့် သူတို့ရဲ့မိဘတွေကို တန်ဖိုးမထားကြတော့ပါဘူး။

အလိုလိုက်ခံရတဲ့ ကလေးတွေရဲ့ နောက်ထပ်တူညီတဲ့ စရိုက်တစ်ခုကတော့ လုပ်ဆောင်နိုင်စွမ်းမရှိခြင်းပါပဲ။ကျောင်းမှာ ပြဿနာတတ်တဲ့အခါ ဒါမှမဟုတ် လူမှုရေးဖိအားတွေနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိကြပါဘူး။။ သူတို့မှာ ပြဿနာရှိမှန်း သိပေမယ့် ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်ကြပါဘူး။

တရားမျှတမှုမရှိဘူးလို့ ယူဆတဲ့ အခြေအနေမျိုးမှာ အကူအညီမဲ့သလို ခံစားရတဲ့အခါ စိတ်ပျက်သွားနိုင်ကြပါတယ်။
အလိုလိုက်ခံရတဲ့ ကလေးတွေဟာ သူတို့မကြိုက်တဲ့ အရာတွေကို ဖော်ထုတ်နိုင်ပေမယ့် ပြောင်းလဲဖို့ အခက်အခဲရှိနေတတ်ပါတယ်။ အလိုလိုက်ခံရတဲ့ ကလေးတွေမှာ စိတ်အလိုမကျခြင်းက ကြီးပြင်းလာတဲ့အခါ စိတ်ကျရောဂါကို ဖြစ်စေနိုင်ပါတယ်။

ရန်လိုခြင်းက ဒီကလေးတွေရဲ့ နောက်ထပ်စရိုက်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ စိတ်အလိုမျက်တဲ့အခါမှာ ရန်လိုစိတ်ဖြင့် ပြုမှုတတ်ကြပါတယ်။ မိဘတွေအပေါ် သားသမီးတွေရဲ့ ကိုယ်ထိလက်ရောက် ရန်လိုမှု အခြေအနေ ဖြစ်ပေါ်လာပါတယ်။

နောက်ဆုံးအနေနဲ့ သူတို့ဟာ သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်မယူတဲ့ သည်းမခံနိုင်သော ကလေးတွေ ဖြစ်လေ့ရှိပါတယ်။ နောင်တလည်း ကင်းမဲ့ကြပါတယ်။ အချို့သောကိစ္စတွေမှာ သူတို့ဟာ စိုးရိမ်ပူပန်မှု၊ စိတ်အပြောင်းလဲတွေနဲ့ SELF-ESTEEM နိမ့်တာမျိုးကို ခံစားရနိုင်ပါတယ်။

အလိုလိုက်ခံရတဲ့ ကလေးတွေကို ဘယ်လိုပျိုးထောင်သင့်လဲ?

ကလေးတွေဟာ အသက် ၄နှစ်နောက်ပိုင်းမှာ အမှီအခိုကင်းကင်းဖြစ်ဖို့ အရေးကြီးပါတယ်။ ရိုးရှင်းသော တာဝန်တွေ ပေးခြင်းဖြင့် သူတို့ရဲ့ စရိုက်လက္ခဏာတွေကို ပုံဖော်ပေးနိုင်ပါတယ်။ ဒါ့အပြင် အလုပ်တစ်ခု ကောင်းကောင်းပြီးရင် ဆုလာဘ်တွေကို တန်ဖိုးထားတတ်ဖို့ သင်ယူပါလိမ့်မယ်။

“အကြောင်းနဲ့ အကျိုး” သီအိုရီက စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရာမှာ အရေးပါပါတယ်။ လုပ်ရပ်တိုင်းက တုံ့ပြန်မှုကို ဖြစ်ပေါ်စေတယ်လို့ ကလေးတွေကို သင်ပေးရပါမယ်။ ဒါကလည်း သူတို့ရဲ့ စိတ်ပျက်မှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးပါလိမ့်မယ်။

ကလေးတွေဟာ သူတို့လိုချင်တာကို အမြဲတမ်းမရဘူးဆိုတာ သင်ယူသင့်ပါတယ်။ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရတဲ့ နည်းလမ်းက လူကြီးတွေအဖြစ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ခံယူထားတဲ့ သဘောထား ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြု လေးစားပေးဖို့ အရေးကြီးပါတယ်။

မိဘတွေအတွက် အခက်ခဲဆုံး အလုပ်တစ်ခုက ဝုန်းဒိုင်းကြဲခြင်းကို လျစ်လျူရှုခြင်းပင်ဖြစ်ပါတယ်။ အလိုလိုက်ခံရတဲ့ ကလေးတွေဟာ သူတို့လိုချင်တာကို ရဖို့အတွက် မတော်တရော်တွေကို ဖန်တီးလေ့ရှိကြပါတယ်။ ဒီအခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မိဘတွေအနေနဲ့ စိတ်ငြိမ်ငြိမ်ထားပြီး abuse အားလုံးကို ရှောင်သင့်ပါတယ်။ ကလေးက ဝုန်းဒိုင်းကြဲပြီးမှ သူတို့လိုချင်တဲ့အရာကို ပေးရင် အကြောင်းတရားနဲ့ အကျိုးဆက် ဆက်ဆံရေးကို ထူထောင်လာမှာဖြစ်ပါတယ်။

အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်ကို “မရဘူး”ဆိုတာ ဘယ်လိုပြောမလဲ?

ပထမအချက်က မိဘတွေဟာ team တစ်ခုတည်းမှာ အမြဲတမ်းဖြစ်နေသင့်ပါတယ်။ တစ်ယောက်ရဲ့ ဗျူဟာကို တစ်ယောက်က သဘောတူသင့်ပြီး ဆန့်ကျင်ဘက်မလုပ်သင့်ပါဘူး။ ဒါ့အပြင် အပြောနဲ့ အလုပ်က ကိုက်ညီနေသင့်ပါတယ်။

No လို့ပြောခြင်းကို အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ဖြင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ အားပေးခြင်းဖြင့် စတင်ပြီး သူတို့မှန်ကန်သင့်တာတွေကို ညွှန်ပြပါ။ မရဘူးလို့ ဘာ့ကြောင့်ပြောရလဲဆိုတာကို ရှင်းပြတဲ့အခါ နူးညံ့သိမ်မွေတဲ့ အသံနဲ့ အေးအေးဆေးဆေးပြောပြသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနဲ့ ကြမ်းတမ်းသော အမူအရာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီအပြုအမှုဟာ ပဋိပက္ခတွေကို ပိုဖြစ်စေပါတယ်။ သင့်ဆုံးဖြတ်ချက်ရဲ့ အကြောင်းရင်းတွေနဲ့ အကျိုးဆက်တွေကို ရှင်းပြသင့်ပါတယ်။ မရဘူးလို့ ပြောပြီးရင် မိဘတွေအနေနဲ့ မယိမ်းယိုင်ဖို့ အရေးကြီးပါတယ်။

နိဂုံးချုပ်အနေဖြင့် သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ အစွန်းမရောက်သင့်ပါဘူး။ သူတို့ကို အလွန်အကျွံ အလိုလိုက်ခြင်း(သို့) တင်းကျပ်လွန်းခြင်းက ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ အခြေခံတန်ဖိုးတွေနဲ့ ချစ်ခင်မှုကို အခြေခံပြီဂ အမူအကျင့်တွေအကြောင်း သင်ပေးသင့်ပါတယ်။

Chit_MayMay

Nandar

Source-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here