အလုပ်လုပ်နေသော မိခင်တစ်ယောက် သင်ယူရမယ့် ဘဝတွက်တာ ကျွမ်းကျင်မှု (၆) ခု

0
51
- Advertisement -

မေမေတို့အနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေနှင့် အသက်မွေးဝမ်းကြောင်းပညာအကြား ရှင်သန်ရတာဟာ တော်တော်လေးမလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီတော့ ဒီအလုပ်နှစ်ခုအကြား ကောင်းကောင်းရှင်သန်နိုင်ဖို့ မေမေတို့အတွက် ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒီ့ကျွမ်းကျင်မှုတွေနှင့် ၎င်းတို့ကို ဘယ်လိုသင်ယူရမယ်ဆိုတာကို မျှဝေပေးပါရစေ။

၁။ အကူအညီအတွက် မေးမြန်းတတ်ဖို့ သင်ယူပါ

ဒီအချက်က မေမေတို့အတွက် တော်တော်လေးလိုအပ်တဲ့ ပထမဆုံးကျွမ်းကျင်မှုဖြစ်ပါတယ်။ ၎င်းက ကလေးတစ်ဦးကို မြှင့်တင်ဖို့ ရွာငယ်လေးတစ်ခုတော့ လိုအပ်ပါတယ်။ ဘယ်တော့မှ မေမေတို့တစ်ယောက်တည်းမလုပ်သင့်ပါဘူး။ ကလေးကို တစ်ယောက်တည်းစောင့်ရှောက်ပြီး အလုပ်မှာပါ မလစ်ဟင်းရအောင်လုပ်ဖို့တော့ တော်တော်လေးပင်ပန်းစေပြီး လုံးဝမလွယ်ကူတဲ့အလုပ်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို အကူညီတောင်းခံတတ်ဖို့ သင်ယူပါ။ သူငယ်ချင်းတွေ၊ မိသားစုတွေနှင့် လုပ်ဖော်ကိုင်ဖက် (သို့) ပါတနာတွေအားလုံးက ကိုယ့်ရဲ့ အကူအညီတောင်းခံနိုင်မယ့် စာရင်းဇယားထဲမှာ ရှိနေသင့်ပါတယ်။

- Advertisement -

၂။ သင့်ကိုယ်သင်ခွင့်လွှတ်တတ်ဖို့ သင်ယူပါ

အလုပ်များလွန်းတဲ့မေမေတို့အတွက် သူတို့ရဲ့ ကလေးတွေနဲ့အတူ အချိန်မဖြုန်းပေးနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလိုခံစားရတတ်ပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်တတ်ဖို့ သင်ယူသင့်ပါတယ်။ ကိုယ်တိုင်က အကောင်းဆုံးလုပ်နေတယ်ဆိုရင် မေမေတို့ကလေးရဲ့ မနက်ခင်းနှိုးထချိန်တွေမှာ အတူရှိနေနိုင်မှာမဟုတ်ပါဘူး။

၃။ အချိန်ဇယားဆွဲတတ်ဖို့ သင်ယူပါ

အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ ကိုယ့်ဘဝရဲ့ အချိန်ဇယားကောင်းကောင်းရှိနေခြင်းက ခက်ခဲတဲ့အချိန်တွေကို ချောချောမောမောဖြတ်သန်းနိုင်ပါလိမ့်မယ်။ သို့ပေမယ့် ဘဝအချိန်ဇယားထဲ ကလေးလေးတစ်ယောက်ကို မိတ်ဆက်ပေးပြီးတဲ့အခါ ဘဝကပိုခက်ခဲလာပါလိမ့်မယ်။ ကိုယ့်ရဲ့ အတောင်ပံတွေကလည်း ပိုလေးလာပြီး ဗြုန်းခနဲပေါ်လာတဲ့ထိတ်လန့်ဖို့ကောင်းတဲ့ ပြဿနာတွေကို ရှောင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ နေရက်တွေနှင့် ရက်သတ္တပတ်တွေကို ကြိုတင်စီစဉ်ထားဖို့ လိုအပ်ပါတယ်။

၄။ တာဝန်တွေခွဲဝေပေးတတ်ဖို့ သင်ယူပါ

မေမေတို့က အရာရာတိုင်းအတွက် အချိန်ပေးနိုင်ပြီး အားလုံးကို ကိုယ်တိုင်လုပ်နိုင်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ မေမေတို့မလုပ်နိုင်ဘူးလို့ မပြောလိုပါဘူး။ အဲ့ဒီ့အရာတွေအားလုံးကို တစ်နေ့လုံးလုပ်နေဖို့ အချိန်မလောက်ပါဘူး။ ဒါ့ကြောင့် အရေးမကြီးတဲ့အလုပ်တစ်ချို့ကို ခွဲဝေပေးတတ်ဖို့ သင်ယူပါ။ မနက်စာအတွက် ကိုယ့်ရဲ့ ပါတနာကို အကူအညီတောင်းနိုင်သလို ကလေးတွေအရွယ်ရောက်နေပြီဆိုရင် အိမ်မှုကိစ္စတစ်ချို့ကိုလည်း ခွဲဝေပေးသင့်ပါတယ်။

၅။ ကိုယ်ပိုင်အချိန်တွေထားတတ်ဖို့ သင်ယူပါ

အချိန်ဇယားက ဘာကြောင့်အရေးကြီးတာလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေဖို့ အချိန်တစ်ချို့လည်း လိုအပ်တာကြောင့်ပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အချိန်ဇယားမှာ အနားယူဖို့၊ ယောဂကျင့်ဖို့၊ တရားထိုင်ဖို့နှင့် Netflix ကြည့်နေရင်း ဝိုင်တစ်ခွက်လောက်သောက်ဖို့ စတဲ့အချက်လေးတွေထည့်ပေးပါ။ မေမေတို့အတွက် ဒီအရာတွေအမှန်တကယ်လိုအပ်ပါတယ်။

၆။ ကောင်းမွန်တဲ့ ဟာသဉာဏ်ရှိပါစေ

တစ်ခါတရံမှာ စီစဉ်ထားတဲ့အတိုင်း မဖြစ်တတ်ပါဘူး။ မေမေတို့ရဲ့ ကလေးတွေဟာ တန်ဖိုးရှိတဲ့တစ်ချို့စည်းမျဉ်းတွေကိုလည်း ချိုးဖောက်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရုံးသွားတာခါနီးမှာ ဝတ်ဖို့စီစဉ်ထားတဲ့ ကိုယ်အကြိုက်ဆုံးဝတ်စုံတွေကိုလည်း စွန်းထင်းစေနိုင်တာကြောင့် ဒီလိုကိစ္စတွေကို ဟာသဉာဏ်နဲ့ ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းကလည်း တစ်ခုတည်းသောအကောင်းဆုံးနည်းလမ်းပါပဲ။

Lifestyle_Myanmar

Nyein_Thu

Ref-herbeauty

LEAVE A REPLY

Please enter your comment!
Please enter your name here