Home Parenting Parent Guide အလွန်အကဲဆတ်ပြီး ထိရှလွယ်သော ကလေးတွေကို ဘယ်လိုစည်းကမ်းသတ်မှတ်မလဲ

အလွန်အကဲဆတ်ပြီး ထိရှလွယ်သော ကလေးတွေကို ဘယ်လိုစည်းကမ်းသတ်မှတ်မလဲ

0
အလွန်အကဲဆတ်ပြီး ထိရှလွယ်သော ကလေးတွေကို ဘယ်လိုစည်းကမ်းသတ်မှတ်မလဲ

ဆုံးမခြင်းက မိဘတိုင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် အကဲဆတ်ပြီး ထိရှလွယ်သောကလေးတွေကို ဆုံးမသွန်သင်တဲ့အခါမှာတော့ ရေရှည်မှာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်တာကြောင့် အထူးသတိထားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကတော့ ထိရှလွယ်သော ကလေးတွေကို အောင်မြင်စွာ ဆုံးမပဲ့ပြင်နိုင်ဖို့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ လက်ခံဖို့ လေ့ကျင့်ပေးခြင်း

စာရေးဆရာ Maureen Healy က သင့်ကလေးကို အလွန်အကဲဆတ်တဲ့ ကလေးတစ်ယောက်အနေနဲ့ ပွေ့ဖက်ခြင်းက အဆင့် တစ်ပါ။ ၂၀၁၉ ခုနှစ်လေ့လာမှုတစ်ခုအရ ကလေးတွေနှင့် ဆယ်ကျော်သက်တွေ ထင်မြင်ယူဆထားတဲ့ မိဘတွေရဲ့ လက်ခံမှု (သို့) ငြင်းပယ်ခြင်းက စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုကို ဖြစ်စေပါတယ်။ သင့်ကလေးက အကဲဆတ်တတ်သော ကိုယ်ရည်ကိုယ်သွေးရှိသူဆိုတာ သိရှိနားလည်လာရုံသာမက သူတို့ကိုလည်း ခြွင်းချက်မရှိ လက်ခံထားဖို့ အရေးကြီးပါတယ်။ မိဘတစ်ဦးအနေနဲ့ ကလေးတွေကို သူတို့ဟာ ဘယ်လိုလူတွေဖြစ်ကြောင်း နားလည်သဘောပေါက်ဖို့ ကူညီပေးသင့်ပါတယ်။ အကဲဆတ်ပြီး ထိရှလွယ်သော သဘောသဘာဝကို သူတို့ကိုယ်တိုင်အပြုသဘောဆောင်သော အသွင်အပြင်ဖြစ်ကြောင်း နားလည်စေဖို့ ကူညီပေးသင့်ပါတယ်။

သင့်ကလေးက စိတ်အားထက်သန်လွန်းနေတဲ့အခါ သူတို့ကို လျစ်လျူရှုမယ့်အစား သူတို့ရဲ့ အတွေးတွေနှင့် ခံစားချက်တွေအကြောင်း မေးမြန်းပါ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အသိအမှတ်ပြုပြီး အာရုံစိုက်ပါ။

၂။ နယ်နိမိတ်စည်းတွေကို သတ်မှတ်ပါ

ထိရှလွယ်ပြီး အကဲဆတ်သော ကလေးတစ်ယောက်ကို ဆုံးမသွန်သင်ဖို့ ကြိုးစားတဲ့အခါမှာ ရှင်းလင်းပြီး ကောင်းမွန်စွာ သတ်မှတ်ထားသော နယ်နိမိတ်တွေကို ချမှတ်ဖို့ အရေးကြီးပါတယ်။ မိဘအချင်းချင်း နယ်နိမိတ်သတ်မှတ်မှု၊ မိဘကနေ သားသမီး၊ သားသမီးကနေ မိဘ စသဖြင့် နယ်နိမိတ်သတ်မှတ်ချက်တွေပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒါ့ကြောင့် ကလေးရဲ့ အသက်အရွယ်အပေါ် မူတည်ပြီး ရှင်းလင်းပြီး အထောက်အကူဖြစ်စေသော နယ်နိမိတ်တွေကို သတ်မှတ်သင့်ပါတယ်။ ကလေးတွေအတွက် ချမှတ်လေ့ရှိသော နယ်နိမိတ်စည်းမျဉ်းများ…

  • သူတို့ရဲ့ အစားအသောက်ကို အလဟဿ မဖြုန်းတီးဘဲ စနစ်တကျစားသောက်ပါ။
  • အိပ်ရာဝင်ချိန် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး ညှိုနှိုင်းခြင်းမပြုရ။
  • ကစားချိန်ပြီးတိုင်း အရုပ်တွေကို ပြန်သိမ်းဖို့နှင့် စာလုပ်ပြီးချိန်မှာ စာအုပ်တွေကို စနစ်တကျသိမ်းဆည်းဖို့
  • တစ်ခြားလူတွေအပေါ် လွဲမှားသော ရိုင်းသော အပြုအမူတွေ မလုပ်မိစေဖို့
    ဒီလိုစည်းမျဉ်းတွေကို မလိုက်နာတဲ့အခါ ဖြစ်လာမယ့်အကျိုးဆက်တွေအကြောင်းကိုလည်း ကလေးတွေကို နားလည်ထာစေသင့်ပါတယ်။

၃။ လက်တွေ့အကျိုးဆက်တွေကို အကောင်အထည်ဖော်ပါ

၂၀၀၀ ခုနှစ်က လေ့လာမှုတစ်ခုအရ ကလေးတွေရဲ့ ရန်လိုတတ်သော အမူအကျင့်တွေဟာ မိဘတွေဆီကနေ ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးခံရခြင်း၊ ပြင်းထန်သော ဆုံးမခြင်းတွေနဲ့ ဆက်နွယ်နေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ပြစ်ဒဏ်ခတ်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ဆုံးမခြင်းတွေကို တွေ့ကြုံခံစားခဲ့ရသော ကလေးတွေဟာ ပြဿနာတွေကြုံတွေ့လာတိုင်း အပျက်သဘောဘက်မြင်တတ်ပြီး ရန်လိုမှုတွေ ပိုများတတ်ပါတယ်။ ဒါ့ကြောင့် သင်သတ်မှတ်ထားသော နယ်နိမိတ်တွေကို မလိုက်နာခြင်းရဲ့ အကျိုးဆက်တွေကို ရေးဆွဲတဲ့အခါ ၎င်းတို့က သဘာဝကျကြောင်းနှင့် ယုတ္တိရှိကြောင်း သေချာပါစေ။

တစ်ဆက်တည်းမှာပဲ အကျိုးဆက်တွေရဲ့ အရေးပါမှုကိုလည်း နားလည်စေဖို့ ကူညီပေးသင့်ပါတယ်။ အကျိုးဆက်တွေဟာ ပြစ်ဒဏ်ဆိုတာထက် စည်းကမ်းကို ပိုအာရုံစိုက်စေမယ့် အရာတွေဖြစ်သင့်ပြီး အကျိုးဆက်တွေကို ညှင်သာစွာ ကိုင်တွယ်ဖြစ်ဖို့ အရေးကြီးပါတယ်။

၄။ လိမ္မာသော အပြုအမူတွေအတွက် တန်ဖိုးထားပြီး ဆုချပါ

သင့်ကလေးကို တန်ဖိုးထားပေးခြင်းနှင့် ချီးမွမ်းခြင်းကလည်း အပြုသဘောဆောင်သော စည်းကမ်းပုံစံတစ်ခုဖြစ်ပါတယ်။ အပြုသဘောဆောင်သော စည်းကမ်းပုံစံတစ်ခုဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ အပြုသဘောဆောင်သော အားဖြည့်မှုဟာ ဆုလာဘ်တွေနှင့်အတူ ပံ့ပိုးပေးတဲ့အခါ အမူအကျင့်တွေကို ပြုပြင်မွမ်းမံရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းခြင်းနှင့် တန်ဖိုးထားပေးခြင်းက ထိရှလွယ်သော ကလေးအတွက် မိမိကိုယ်ကိုယ် တိုးတက်စေဖို့ ပိုမိုကြိုးစားအားထုတ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေကို တည်ဆောက်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။

၅။ သင်ဘယ်လိုတုံ့ပြန်မိသလဲဆိုတာ စစ်ဆေးပါ

သင်စိတ်ဓာတ်ကျနေတဲ့အချိန် (သို့) စိတ်ဆိုးနေချိန်မှာ ပြင်းပြင်းထန်ထန် (သို့) အပျက်သဘောတုံ့ပြန်ခြင်းက ပုံမှန်သဘာဝဖြစ်ပါတယ်။ သို့ပေမယ့် အကဲဆတ်တဲ့ကလေးနှင့် ဆက်ဆံတဲ့အခါ သင့်ရဲ့ အသံကို သတိထားပြီး ဆက်ဆံသင့်ပါတယ်။ သင့်ရဲ့ အပြုအမူတွေက စိတ်ဆိုးနေတယ်ဆိုရင်တောင် ကလေးရဲ့ အပြုအမူကို ထင်ဟပ်သွားစေနိုင်တာမျိုး မဖြစ်သင့်ပါ။ မိခင်တွေရဲ့ စိတ်ခံစားမှုကို ထိန်းညှိနိုင်စွမ်းမရှိခြင်းက ကလေးတွေရဲ့ အပြုအမူတွေအပေါ် များစွာ ထိခိုက်စေပါတယ်။

ဒါ့ကြောင့် သင်ကိုယ်တိုင် စိတ်ခံစားမှုတွေကို စီမံခန့်ခွဲတတ်ဖို့ သင်ယူသင့်ပြီး အပန်းဖြေနည်းတွေကို လေ့ကျင့်ရန်နှင့် သင့်ကလေးကို ကြင်နာပြီး နူးညံ့သိမ်မွေ့သော အပြုသဘောဆောင်သော နည်းလမ်းတွေနဲ့ တုံ့ပြန်နိုင်စေဖို့ မိမိကိုဘ်ကိုယ် ချစ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းတို့ကို လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here