
ထိရှလွယ်တဲ့ကလေးတွေဟာ အခြားသူတွေထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းခံစားတတ်ပါတယ်။ ဒါကြောင့် သူတို့ကို ဆုံးမတာက စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်။
ကလေးတွေကို ဆုံးမဖို့ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ သို့ပေမယ့် အလွန်အကျွံစိတ်ထိခိုက်လွယ်တဲ့ ကလေးတွေရဲ့ မိဘတွေက ဒီအချက် အထူးသဖြင့် စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့ ထိလွယ်ရှလွယ်ကလေးတစ်ယောက်ကို အောင်မြင်စွာဆုံးမနိုင်ဖို့အတွက် အကြံပေးချက်တွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။
မိဘတစ်ဦးဖြစ်ခြင်းက ကမ္ဘာပေါ်က အကျိုးအရှိဆုံးအလုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိဘဖြစ်ခြင်းရဲ့ အခွင့်ထူးကို ရရှိထားသူတိုင်းက အမှန်တကယ်ကံကောင်းသူတွေပါ။ ဒါ့ကြောင့် အကျိုးအရှိဆုံးအလုပ်ကို ကြိုးစားအားထုတ်ခြင်းက မကြာခဏဆိုသလိုအခက်အခဲတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။

ထိရှလွယ်သော ကလေးတစ်ယောက်ရဲ့ လက္ခဏာများ
အလွန်အမင်းထိခိုက်လွယ်တဲ့ ကလေးတွေဟာ အလွန်အကျွံသတိထားတတ်ပြီးတော့ အခြေအနေတွေကို အလျင်အမြန်တုံ့ပြန်တတ်သူဖြစ်ပါတယ်။ သူတို့က အရာရာကို အခြားသူတွေထက် ပိုမိုနက်ရှိုင်းတဲ့အဆင့်တွေမှာ ခံစားတတ်ပါတယ်။ သူတို့က ပတ်ဝန်းကျင်နှင့် သူတို့ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုရှင်သန်ကြီးပြင်းနေတယ်ဆိုတာ မယုံနိုင်လောက်အောင် စာနာတတ်ပြီးတော့ သိနားလည်တတ်ကြပါတယ်။
အလွန်အမင်းခံစားတတ်တဲ့ ကလေးငယ်တွေဟာ သူတို့လုပ်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီးတော့ မကျေနပ်တဲ့အခါမှာ ဒီလိုခံစားရတယ်ဆိုတာ ပုံမှန်အခြေအနေဖြစ်ကြောင်း သိထားဖို့ လိုအပ်ပါတယ်။ သူတို့ကို အားပေးပြီးတော့ နည်းနည်းပိုကောင်းတဲ့အချိန်မှာ ပြန်ကြိုးစားကြည့်ဖို့ ပြောပါ။ အခုကျွန်တော်တိုက အလွန်အထိအခိုက်မခံတဲ့ ကလေးရဲ့ အပြုအမူပုံစံကို နားလည်သဘောပေါက်လာတဲ့အခါ မိဘတွေဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

ဘယ်လိုပြုစုပျိုးထောင်မလဲ
ပထမအချက်အနေနဲ့ အလွန်အမင်းထိခိုက်လွယ်တာက မသန်စွမ်းမှု (သို့) ရောဂါတစ်ခုခုမဟုတ်ဘဲ ကိုယ်ရည်ကိုယ်သွေးရဲ့ လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အလွန်အမင်းအထိအခိုက်မခံခြင်းက အမှန်တကယ်မှာတော့ ထူးကဲတဲ့ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ကလေးတစ်ဦးနှင့် မိဘတွေက ကိစ္စရပ်တွေကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ပြီးတော့ သူတို့ရဲ့ နက်ရှိုင်းတဲ့ စိတ်ခံစားမှုတွေနှင့် ခံစားချက်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အရေးကြီးပါတယ်။

စာနာမှုကို ပြပါ
သင့်ကလေးက စိတ်အနှောင့်အယှက်ဖြစ်လာတဲအခါ စိတ်အေးအေးထားဖို့ စကားလုံးတွေနဲ့ စာနာမှုနှင့်နားလည်မှုကို ပြသဖို့ အရေးကြီးပါတယ်။ ဒါက အဝေးကို ထွက်သွားတာနှင့် သူတို့ကို လျစ်လျူရှုတာထက် အများကြီးပိုကောင်းပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ ခံစားချက်ကို နွေးထွေးစွာအသိအမှတ်ပြုပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အရေးပေးရပါမယ်။

နွေးထွေးမှု၊ ရိုးသားမှုနဲ့အတူ ”သား အမေ့ကို စိတ်ဆိုးနေတယ်ဆိုတာ အမေသိတယ်။ အမေတကယ်နားထောင်ချင်တယ်။ သားခံစားနေရတဲ့ အရာတွေအကြောင်းကို အမေ့ကို ပြောပြပါ” လို့ ပြောပါ။ သင်စာနာမှုနဲ့ ဒီလိုပြုလုပ်မယ်ဆိုရင် မကြာခင်ရလဒ်ကောင်းတွေကို မြင်ရပါလိမ့်မယ်။
ကျွန်တော်တို့ကလေးတွေအတွက် စိတ်လှုပ်ရှားပိုင်းနှင့် ကာယပိုင်းအရ ကလေးတွေနှင့် ခိုင်မြဲသောနှောင်ကြိုးတွေကို ဖန်တီးပေးရပါမယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ အခက်ခဲဆုံးအချိန်တွေမှာတောင် ကျွန်တော်တို့ကို ယုံကြည်စိတ်ချရဖို့ သင်ယူပါလိမ့်မယ်။
Chit_May_May
Nyein_Thu
Ref-youaremom