အသက်အရွယ်အလိုက် ကလေးတွေ စိုးရိမ်ပူပန်တတ် ထိတ်လန့်တတ်သောအရာများ

0
1360
- Advertisement -

ကလေးတွေမှာ သူ့အသက်အရွယ် အပိုင်းအခြားအလိုက် ကြောက်လန့်မှုတွေ စိုးရိမ်ပူပန်မှုတွေရှိတတ်ကြပါတယ်။ အဲ့ဒီလို ကြောက်လန့်စိုးရိမ်မှုတွေ ရှိတာ ပြဿနာမဟုတ်ပေမယ့် အသက်အရွယ် အခြေအနေနဲ့မလိုက်အောင် ကြောက်ရွံထိတ်လန့်မှုတွေကြီးစိုးနေတာမျိုးဆိုရင်တော့ ကလေးစိတ်ပညာရှင် ဒါမှမဟုတ် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကဲဒီတော့ အသက်အရွယ်အလိုက် ကလေးတွေဘယ်လိုအရာတွေက ကြောက်ရွံထိတ်လန့်ကြလဲဆိုတာဖတ်ကြည့်လိုက်ရအောင်

ကလေးငယ်များ( အသက်၀ မှ ၂နှစ်)

-မိဘတွေနဲ့ခနလေးခွဲရမှာကိုကြောက်တယ်

- Advertisement -

၈လကနေ ၁၀လအရွယ်တွေက သူတို့စိတ်ထဲမှာ သူ့အမေက အခန်းထဲက ခနလေးထွက်သွားတာကို ထာဝရသူ့ဆီပြန်မလာတော့ဘူးဆိုပြီး ထိတ်လန့်ကြောက်ရွံတတ်ပါတယ်။ အဲ့ဒီကနေ နဲနဲလေးကြာလာရင် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတတ်ပါတယ်။

-ကျယ်လောင်တဲ့အသံတွေ

ငယ်ရွယ်တဲ့ကလေးတွေဦးနှောက်က ပါးလွှာနူးညံတတ်ကြတဲ့အတွက် အရမ်းကျယ်လောင်တဲ့ မြင့်မားတဲ့ သတိပေးချက်တွေ အသံတွေကို လက်မခံနိုင်ပါဘူး။ အသံအရမ်းကျယ်လောင်သွားရင် သူတို့ထိတ်လန့်ကြောက်ရွံတတ်ပါတယ်။ ပြောရရင် မိုးခြိမ်းတဲ့အသံတွေ အော်ငေါက်သံတွေဆို သူတို့ အရမ်းထိတ်လန့် ကြောက်ရွံတတ်ကြပါတယ်။

မူလတန်းကြို/သူငယ်တန်း (၃_၅နှစ်)
-အမှောင်ကိုကြောက်.ညဘက်မှာတစ်ယောက်တည်းနေရမှာကိုကြောက်

ဒီအရွယ်တွေက စိတ်ကူးယဉ််ထားတာတွနဲ့လက်တွေ့ဘဝကို ခွဲခြားဖို့ ခက်ခဲပါတယ်။ သူတို့တီဗီတွေထဲက ဇာတ်ကောင်တွေကို စွဲလမ်းနေတတ်ပြီး အပြင်မှာတစ်ကယ်ရှိနေသလိုထင်တတ်ပါတယ်။ သူရဲကောင်းတွေကိုစွဲလမ်းတာ ပြဿနာမရှိပေမယ့် ကြောက်စရာကောင်းတဲ့အရာတွေကို စွဲလမ်းတာက သူတို့ကို တစ်ယောက်တည်းနေတာ ကြောက်ရွံအောင်လုပ်နိုင်ပါတယ်။ အဲ့ဒီလိုထိတ်လန့်ကြောက်ရွံတာက သဘာဝမို့ အလွန်အကျွံကြီးမကြောက်ရင် ပြဿနာမရှိပါဘူး။

ကျောင်းနေအရွယ်( ၆_၁၁နှစ်)

သူတို့ကျောင်းနေအရွယ်မှာဆို လူစိမ်းတွေကို ထိတ်လန့်ကြောက်ရွံတတ်ပါတယ်။ အဲ့ဒီလိုပဲ တစ်ယောက်တည်းနေရမှာနဲ့ပြင်ပက သူတို့မသိတဲ့အရာတွေကို ကြောက်နေတတ်ကြပါတယ်။ အသက် ၁၁နှစ်နဲ့၁၂နှစ်အရွယ်တွေကတော့ အောက်က အရာတွေကို ထိတ်လန့်ကြောက်ရွံတတ်ပါတယ်။

အိမ်မှာတစ်ယောက်တည်းနေရခြင်း

ဒီအရွယ်တွေထိ သူတို့က သူတို့မိဘတွေမပါပဲ မရေရာတဲ့ ကမ္ဘာကြီးထဲက သူတို့မသိ မမြင်ရတဲ့အရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြောက်ရွံတတ်ကြပါတယ်။ သူတို့ကစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အဲ့ဒီလို ကလေးတွေသဘာဝအရ ကြောက်ရွံစိတ်က ဖွံဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပေးနိုင်လို့ နိုင်ငံခြားတိုင်းပြည်တွေမှာဆို ငယ်ငယ်တည်းက မိဘနဲ့ခွဲအိပ်တဲ့အလေ့အကျင့်ကို ပျိုးထောင်ပေးပါတယ်။

ဒီလို အလေ့အကျင့်ကနေတစ်ဆင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု စိတ်ချမှု နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းတိုးတက်စေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက မိဘတွေအနေနဲ့လည်း အဲ့ဒီလို ခွဲသိပ်တဲ့အကျင့်ကို လေ့ကျင့်ပျိုးထောင်ပေးရင် တော်တော်ကောင်းမယ်လို့ အကြံပေးလိုပါတယ်။

-ငြင်းပယ်ခံရခြင်း

ဒီလိုအသက်၁၁နှစ် ၁၂နှစ် အရွယ်တွေထိတ်လန့်ကြောက်ရွံတာကတော့ငြင်းပယ်ခံရတာကိုပါပဲ။ သူတို့ကို လူတွေက ငြင်းပယ်မှာ အချစ်မခံရမှာ အကြင်နာမခံရမှာကို ကြောက်လာကြပါတယ်။ ပြီးတော့ သူတို့တောင်းတဲ့အခွင့်အရေးတွေ ပြောစကားတွေကို ရောပေါ့။ ဒါကြောင့် ဒီလို အရွယ်တွေမှာ နွေးထွေးတဲ့ဆက်ဆံမှုကို ပိုလိုအပ်ပါတယ်။ သူတို့ကို အကြမ်းနည်းနဲ့ အာဏာရှင်ဆန်ဆန် ပြုမူရင် သူတို့လွတ်ထွက်တဲ့အချိန်ပိုတောင် ဆိုးရွားသွားတတ်ပါတယ်။

သူတို့ဂရုစိုက်သူတွေတစ်ခုခုဖြစ်မှာ

ဒီအချိန်မှာ သေခြင်းတရားနဲ့ခွဲခွာမှုတွေအကြောင်းကို နားလည်စပြုလာပါပြီ။ သူတို့ချစ်ရခင်ရသူတွေ လူတွေ တိရစ္ဆာန်လေးတွေနဲ့ခွဲခွာရမှာကို အရမ်းစိုးရိမ်ထိတ်လန့်နေတတ်ကြပါတယ်။ ဒါကြောင့်ကလေးတွေကို ငယ်ငယ်တည်းက သေခြင်းတရားအကြောင်းမိတ်ဆက်ပေးတာ ပုံပြောပြတာ သေခြင်းတရားဆိုတာ ဖြစ်ပျက်အရာတစ်ခုဆိုတာ ပြောပြထားနိုင်ရင်ပိုကောင်းပါတယ်။ ဒီလိုအချိန်မှာ တခုခုများသူတို့ဆုံးရှုံးသွားရရင် သူတို့နုနယ်တဲ့စိတ်မှာ ဒဏ်ရာရသွားနိုင်ပါတယ်။ ဖြေမဆည်နိုင်ဖြစ်ရတတ်ပါတယ်။

ဆယ်ကျော်သက်များ (၁၂နှစ်အထက်)

-သူတို့ပုံရိပ် သူတို့ဖြစ်တည်မှု

ဆယ်ကျော်သက်တွေမှာ မေးခွန်းတွေရှိလာပါပီ။” ငါကဘယ်သူလဲ ငါဒီမှာဘာလုပ်နေတာလဲ”ဆိုတဲ့မေးခွန်းမျိုးတွေပေါ့။ ဒီအရွယ်မှာ မိသားစုအသိုင်းအဝိုင်းထဲက သူတို့ရဲ့အရေးပါမှုတွေ လူမှုဆက်ဆံရေးမှာ သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို အလေးထားလာကြပါပီ။

သူတို့ရဲစွမ်းဆောင်နိုင်မှု

သူတို့က ကျရှုံးမှုတွေ အောင်မြင်မှုတွေကို နားလည်လာကြပါပြီ။ဆိုလိုတာက စာမေးပွဲရဲ့အကျိုးဆက်တွေ အားကစားကွင်းတစ်ခုခုမှာ သူတို့ရဲ့စွမ်းဆောင်နိုင်မှုတွေ၊ ကျရှုံးမှုရဲ့အကျိုးဆက်တွေကို ကြောက်ရွံလာကြပါတယ်။ ဒါကြောင့်ကလေးတွေကို ကျရှုံးရင် ပြန်ထဖို့ဆိုတဲ့ သဘောတရားကို သေချာနားလည်အောင် ပြောပြထားသင့်ပါတယ်။ ဒီလိုအရွယ်မှာ အောင်မြင်တာ ကောင်းပေမယ့် ကျရှုံးသွားရင် စိတ်အကြီးအကျယ်ကျပြီး လမ်းမှားရောက်သွားတတ်ကြပါတယ်။

လွတ်လပ်မှု

ဒီအချိန်မှာ သူတို့အစိုးရိမ်ဆုံး အကြောက်ဆုံးက ထိန်းချုပ်ခံရမှာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လွတ်လပ်မှု အမှီအခို ကင်းမဲ့မှုတွေကို နားလည်စပြုလာတဲ့အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ ထိုက်သင့်တဲ့ လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှု တာဝန်ခံမှုကိုပါ တွဲပြီးပေးဖို့လိုအပ်လာပါတယ်။

ဒီလိုမဟုတ်ပဲ အရမ်းထိန်းချုပ်ထားရင် အကြောက်တရားကတစ်ဆင့် လွတ်ထွက်သွားပြီး မမြင်နိုင်တဲ့ လမ်းမှားကိုတောင် ရောက်သွားနိုင်ပါတယ်။ကဲဒီလောက်ဆို ကလေးတွေသူ့အသက်အရွယ်အရ ကြောက်တတ်တာတွေ စိုးရိမ်တတ်တာတွေကို သိလောက်ပြီထင်ပါတယ်။ ဒီကတစ်ဆင့် သူတို့ကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာလည်း သိလောက်ပြီလို့ထင်ပါတယ်။

#Chit_May_May

#Mg_Htet

REF_Power Of Possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here