အသက်အရွယ်အလိုက် သင့်ကလေးကို အကောင်းဆုံး ဘယ်လိုပြုစုပျိုးထောင်ရမလဲ

0
17774
- Advertisement -

ကလေးတွေဟာ သူတို့မွေးဖွားလာချိန်ကစပြီးတော့ မိသားစုအပေါ် မှီခိုအားထားမှုတွေရှိလာပြီးတော့ ရှင်သန်နေချိန်နှစ်များတစ်လျှောက်မှာ ပိုမိုခိုင်မာလာပါတယ်။ သို့ပေမယ့် ကလေးတစ်ဦးဟာ ပိုမိုလွတ်လပ်မှုရှိပြီး ကမ္ဘာကြီးပေါ်က သူတို့ရဲ့နေရာကို ရှာဖွေဖို့ အားသန်လာတာနဲ့အမျှ မိဘတွေဟာ ရုတ်တရက်ကြီးပြင်းလာတဲ့ကလေးများနှင့် ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မသိဘဲဗျာများနေတတ်ကြပါတယ်။ အသက်အရွယ်တိုင်းမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်လမ်းတွေအတွက် လှပတဲ့စိန်ခေါ်မှုတစ်ရပ်က အမြဲရှိနေတတ်ပါတယ်။ ၎င်းကို အကောင်းဆုံးဖြစ်စေဖို့က မိဘတွေရဲ့အလုပ်ဖြစ်ပါတယ်။

ပျော်ရွှင်သောဆက်ဆံရေးက ကလေးတစ်ဦးရဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီကနေ့မှာ ဘယ်အရွယ်မှာမဆို မိဘတွေအနေနဲ့သူတို့ရဲ့ ကလေးတွေနှင့် အောင်မြင်စွာ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် အထောက်အကူပြုမယ့်အကြံဉာဏ်တွေကို မျှဝေချင်ပါတယ်။

မွေးစမှ- ၂နှစ်အရွယ်အထိ (စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်တစ်ခုကို တည်ဆောက်ပြီး ကမ္ဘာကြီးကို ရှာဖွေတွေ့ရှိဖို့ ကူညီပါ)

ဒီအသက်အရွယ်မှာ ကလေးတွေဟာ အလွန်လျင်မြင်စွာကြီးထွားဖွံ့ဖြိုးလာပြီးတော့ ကျွမ်းကျင်မှုအသစ်တွေမွေးဖွားလာခြင်းကြောင့် ကမ္ဘာကြီးနှင့်လိုက်လျောညီထွေဖြစ်အောင် ကူညီဖို့မိဘတွေကို လိုအပ်ပါတယ်။ ၎င်းတို့ က ၎င်းတို့ရဲ့လိုအပ်ချက်တွေကို အလွန်နည်းပါးသောနည်းလမ်းတွေနဲ့သာ ဆက်သွယ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေက ၂နှစ်အရွယ်မှာ စကားလုံး(၅၀)ခန့်ကို ပြောတတ်နေပြီးတော့ ၎င်းတို့ရဲ့ အဓိကဆက်သွယ်တဲ့နည်းလမ်းကတော့ ငိုခြင်းဖြစ်ပါတယ်။

ဒီအသက်အရွယ်မှာ ကလေးတွေဟာ ၎င်းတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လွယ်ကူချောမွေ့စေပြီး တည်ငြိမ်အေးဆေးစေမယ့် ရုပ်ပိုင်းဆိုင်ရာအဆက်အသွယ်ကို လိုချင်ကြတယ်။ တစ်ခြားလူတွေနဲ့ အပြန်အလှန်ဆက်သွယ်ခြင်း၊ ဂိမ်းကစားခြင်းနှင့် ထိတွေ့ခြင်းတွေကတစ်ဆင့် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို တိုးတက်ဖို့လိုအပ်ပါတယ်။

မိဘတွေဘာလုပ်သင့်သလဲ

ဒီအရွယ်မှာတော့ ကလေးတစ်ဦးဟာ မိဘတွေရဲ့ သူတို့အပေါ်သီးသန့်ခွဲခြားထားသောအာရုံကို လိုအပ်ပါတယ်။ ဒီအရာက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။ မိဘတွေက မိမိတို့ရဲ့ကလေးတွေကို တတ်နိုင်သမျှစကားပြောသင့်ပြီး သူတို့ရဲ့လုပ်ရပ်တွေကို မှတ်ချက်ပေးသင့်ပါတယ်။ သို့မှသာ ကလေးတစ်ဦးက သူ့ရဲ့ စကားပြောစွမ်းရည်ကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေက ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အပြုအမူကို ကူးယူပြီးသူတို့ရဲ့စိတ်ခံစားမှုတွေကို ဟန်ပန်အမူအရာနဲ့တုပနိုင်ပါတယ်။ သင့်ကလေးက သင့်ထံပို့သော အချက်ပြမှုတွေကို တုန့်ပြန်ဖို့နှင့် သင့်ရဲ့ တုန့်ပြန်မှုကလည်း မှန်ကန်ကိုက်ညီဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကလေးတစ်ယောက်ဟာ တစ်ခြားတွေရဲ့ လုပ်ရပ်တွေနှင့် တုံ့ပြန်မှုတွေအကြားဆက်သွယ်မှုကို တည်ဆောက်နိုင်ပါတယ်။

ဒါ့ကြောင့် သတိရပါ။ ကလေးတွေက မိဘတွေရဲ့စိတ်ကို အလွယ်တကူခံစားရနိုင်ပြီး ကူးယူနိုင်တာကို သတိရပါ။ ဒါ့ကြောင့် အေးဆေးတည်ငြိမ်ဖို့၊ ၎င်းက ကလေးတွေကို လုံခြုံမှုရှိစေပြီး ၎င်းတို့နှင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။

၂။ ၃နှစ်မှ -၅နှစ်အထိ (သူတို့ရဲ့ သိချင်စိတ်ပြင်းပြမှုကို အားပေးပါ၊ သူတို့ကိုယ်တိုင်အကြောင်း တစ်ချို့အရာတွေကို သင်ယူစေပါ)

မူကြိုကျောင်းသားတွေဟာ သဘာဝအားဖြင့် အလွန်တစ်ရာမှ သိလိုစိတ်ပြင်းပြကြသူတွေဖြစ်ပါတယ်။ ကမ္ဘာကြီးနှင့် ပတ်သက်ပြီးတော့ သန်းနှင့်ချီသောမေးခွန်းတွေနဲ့ သင့်ကိုထိုးနှက်ပါလိမ့်မယ်။ သူတို့က အခြားလူတွေကို စကားလုံးတွေနှင့် ဘယ်လိုဆက်သွယ်ရမယ်ဆိုတာကို စတင်လေ့လာနေခြင်းဖြစ်ပြီး လူတွေနဲ့ ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာ နားလည်ဖို့ ပြဿနာတွေရှိနေပါသေးတယ်။

၎င်းတို့အနေနဲ့ အနာဂတ်ဖြစ်ရပ်တွေကို အာရုံစူးစိုက်ဖို့ ခက်ခဲတဲ့အတွက် ၎င်းတို့က ကြိုတင်စဥ်းစားတွေသိပ်ပြုလုပ်လေ့မရှိပါဘူး။ ၎င်းတို့က တာဝန်တစ်ခုတည်းကိုအချိန်ကြာမြင့်စွာ အာရုံစိုက်ပြီး ဖြစ်ရပ်တွေအကြား ဆက်နွယ်မှုတစ်ခုတည်ဆောက်ဖို့ ပြဿနာတွေရှိနိုင်ပါတယ်။ ဒီအသက်အရွယ်မှာရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေနဲ့ ရှုပ်ထွေးနေပြီး သူတို့ကိုဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ မသိသေးပါဘူး။

မိဘတွေဘာလုပ်သင့်သလဲ

သင့်ကလေးအနေနဲ့ သင့်ကိုမေးလာနိုင်ချေရှိသောမေးခွန်းတွေကိုဖြေဆိုဖို့နှင့် သူတို့ပြောတဲ့အကြောင်းအရာတွေကို နားထောင်ဖို့ အချိန်အနည်းငယ်ပေးပါ။ သင်အာရုံပျံ့လွှင့်သွားတယ်ဆိုရင် သင့်ကလေးက သတိပြုမိပါလိမ့်မယ်။ သူတို့အတွက် သင်ကရုပ်ပိုင်းဆိုင်ရာအရ သူတို့အရှေ့မှာ ရှိနေပေမယ့် စိတ်ပိုင်းဆိုင်ရာ သူတို့ကိုစွန့်လွှတ်လိုက်ပြီလို့ ခံစားရပါလိမ့်မယ်။

သူတို့ကိုကမ္ဘာကြီးကို လမ်းညွှန်ဖို့သင်ကူညီမှုသက်သက်ပါပဲ။ အာလ္လာပ သလ္လာပစကားပြောဆိုမှုလေးကတစ်ဆင့် သင့်ကလေးဆီကအများကြီးမမျှော်လင့်ပါနှင့်။ တကယ်လို့ သင်က တစ်စုံတစ်ရာအပေါ်မှာ သင့်ကလေးရဲ့ထင်မြင်ချက်တွေ မေးမြန်းတဲ့အခါမှာ သူတို့ရဲ့ကိုယ်ပိုင်အတွေး၊ အဖြေမရှိသေးတဲ့အခါ သူတို့ကို ရွေးချယ်စရာကန့်သတ်ချက်လေးတွေလုပ်ပေးပါ။

စိတ်ခံစားမှုအမျိုးမျိုးကို ခံစားရခြင်းက အဆင်ပြေကြောင်း၊ သင့်ဒေါသ (သို့) စိတ်ပျက်မှုက သင့်ကိုလူဆိုးမဖြစ်စေကြောင်း သင့်ကလေးကိုသင်ပေးပါ။ သို့ပေမယ့် ဒီခံစားချက်တွေကို ခွဲခြားသိမြင်ဖို့နှင့် ၎င်းတို့ကို စီမံခန့်ခွဲရမယ်ဆိုတာကိုတော့ လေ့လာဖို့အရေးကြီးပါတယ်။

၆နှစ်မှ ၈နှစ်အထိ ( သူတို့ရဲ့အစောပိုင်းလွတ်လပ်မှုလက္ခဏာတွေကို တန်ဖိုးထားပါ၊ အရွယ်ရောက်သူတွေရဲ့ မေးတတ်တဲ့ မေးခွန်းတွေဖြေဖို့ ပြင်ဆင်ထားပါ)

ဒီအသက်အရွယ်မှာတော့ ကလေးတွေဟာ ကျောင်းတက်ရမယ့်အရွယ်ကို ရောက်လာပါပြီ။ သူတို့ရဲ့ဘဝမှာ ပထမဦးဆုံးအနေနဲ့ သူတို့ရဲ့မိဘတွေမပါဘဲ သူတို့နဲ့ ရွယ်တူကလေးတွေနဲ့အတူ အချိန်တွေများစွာအပြန်အလှန်ဆက်သွယ်ကြပါတယ်။ သူတို့က လွတ်လပ်မှုကို ပိုခံစားရပြီးတော့ သူတို့ကိုယ်ပိုင်အတွေးအခေါ်တွေနှင့် စရိုက်လက္ခဏာတွေကို စူးစမ်းလ့လာကြယ်။

သို့ပေမယ့် မိသားစုအတွင်းဆက်ဆံရေးက ကလေးအတွက်အရေးအပါဆုံးဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ ကလေးတွေက ဝေဖန်မှုတွေကို အလွန်အကင်းပါးပြီး အလွယ်တကူရှက်ရွှံ့နိုင်ပါတယ်။

မိဘတွေဘာလုပ်သင့်လဲ

သင့်ကလေးတွေကို သူတို့ရဲ့စိတ်ဓာတ်ပြင်းပြမှုကို ရှာဖွေဖို့နှင့် အမှားတစ်ခုခုလုပ်မိခြင်းအတွက် ဝေဖန်ခြင်းထက် သူတို့ရဲ့အောင်မြင်မှုတွေကို အာရုံစိုက်ဖို့ အားပေးပါ။

သူတို့ရဲ့လွတ်လပ်မှုကို အသိအမှတ်ပြုပြီး သင်အမြဲတမ်းပိုကောင်းသောသိကျွမ်းတဲ့အပြုအမူမျိုးမလုပ်ပါနှင့်။ သင်မှားယွင်းနေမယ်ဆိုရင်တောင် အမြဲတမ်းတောင်းပန်ပါ။ အပေးအယူတွေအတွက် အသင့်ရှိပါ။

သင့်ကလေးအတွက် အရေးကြီးသောအတွေးအခေါ်တွေနှင့် အယူအဆတွေကို ဆွေးနွေးပါ။ သူတို့ကို ပွင့်လင်းမြင်သာသော မေးခွန်း(သို့) သူတို့အတွေးအခေါ်ကို လှုံ့ဆော်ပေးနိုင်သော မေးခွန်းတွေကို မေးပါ။ သင့်ကို သူတို့ပြောလာမယ့်စကားကို နားထောင်ပါ။

၉နှစ်မှ ၁၁နှစ်အထိ (သူတို့ကို ရင့်ကျက်သူတွေအဖြစ် ရှုမြင်ပြီးလေးစားမှုကို ပြပါ)


သူတို့မိဘတွေဆီက အကူအညီမလိုအပ်တော့တဲ့အတွက် Preteens က သူတို့ကိုယ်တိုင် ပြုမူလုပ်ဆောင်ကြပါလိမ့်မယ်။ သူတို့က လွတ်လပ်ခွင့်တွေကို ပိုရှာဖွေလာကြပြီးတော့ သူတို့မိဘတွေအစား သူတို့ရွယ်တူချင်းတွေနဲ့ မကြာခဏရင်ဖွင့်လာကြတယ်။ ၎င်းတို့မှာ ကိုယ်ပိုင်နေရာတွေပိုလိုအပ်လာပြီး နယ်နိမိတ်တွေကို စတင်တွန်းအားပေးနိုင်ပါတယ်။ သင့်ကလေးက လွန်ခဲ့သောတစ်နှစ်က ဖြစ်ခဲ့ဖူးသော ချစ်စရာကောင်းသည့်ကောင်းကင်တမန်မလေးဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

သို့ပေမယ့် ရယ်စရာကောင်းတာက ဒီအချိန်မှာ ကလေးတွေက ၎င်းတို့ကိုယ်တိုင် သူတို့ကိုယ်သူတို့ နားလည်သဘောပေါက်ခြင်းမရှိသေးဘူးဆိုရင်တောင် ဒီအရာက အလိုအပ်ဆုံးဖြစ်ပါတယ်။

သူတို့က နှစ်အနည်းငယ်အတွင်းမှာ မြီးကောင်ပေါက်အရွယ်ကို ရောက်သွားပြီး ဒရမ်မာတွေနှင့် အရူးဟော်မုန်းတွေနဲ့ ပြည့်နှက်နေသော ဒီလိုလှိုင်းလေထန်နေသောကာလအတွင်း သင့်ရဲ့ချစ်ခြင်းမေတ္တာနှင့် ထောက်ပံ့မှုအားလုံးကို လိုအပ်ပါလိမ့်မယ်။

မိဘတွေဘာလုပ်သင့်သလဲ

ဆက်သွယ်မှုကို အထောက်အကူဖြစ်စေမယ့် အများစိတ်ဝင်စားမှုကို ရှာဖွေဖို့ ကြိုးစားပါ။ စကားလက်ဆုံပြောဆိုဖို့ အတင်းအကျပ်ခိုင်းစေခြင်းနှင့် သူတို့ကျောင်းနဲ့ပတ်သက်ပြီးတော့ ထိခိုက်စေမယ့်စကားလုံးတွေနဲ့ မထိုးနှက်ပါနှင့်။ သူတို့ကိုအမှန်တကယ်စိတ်ဝင်စားပြီး နားထောင်ခြင်းခေါင်းစဥ်တစ်ခုကို ရွေးချယ်ပါ။

ပျော်ရွှင်စရာလှုပ်ရှားတွေကို အတူတကွလုပ်ဆောင်ဖို့ နည်းလမ်းတွေရှာပါ။ သင်က မိသားစုအဖြစ်လုပ်ဖို့ရှိပေမယ့်လည်း အတူတူအချိန်ဖြုန်းဖို့ အပြင်းအထန်အတင်းအကျပ်မတောင်းပါနှင့်။ အဲဒီ့အစား သင့်ကလေးနှင့်အမှန်တကယ်ဆက်သွယ်ဖို့ ကြိုးစားပါ။ ပြီးတော့ နှစ်ယောက်စလုံးကို ပျော်ရွှင်စေမယ့် အရည်အသွေးရှိတဲ့အချိန်တွေကို အတူတကွသုံးပါ။

သင်ဘာပဲဖြစ်နေပါစေ သင့်အနေနဲ့ သူတို့ကိုချစ်မယ်ဆိုတာ သက်သေပြပါ။ သင့်ကလေးက ၎င်းတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးမှာ အလွတ်လပ်ဆုံးသောလူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ပြုမူလျှင်ပင် သင်ဟာ သူတို့ရဲ့နောက်ကျောဘက်မှာ ရှိနေရပါလိမ့်မယ်။ သို့မှသာ သူတို့ကသင့်ကို ယုံကြည်စိတ်ချနိုင်ပြီး သင့်ရဲ့ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာကို အားကိုးနိုင်တယ်ဆိုတာ သူတို့သိဖို့လိုအပ်ပါတယ်။

၁၂နှစ်မှ ၁၈နှစ်အထိ ( သင့်ယုံကြည်မှုကို ပြသခြင်းနှင့် စကားပြောဆိုမှုတွေမှာ တက်ကြွစွာပါဝင်ခြင်းဖြင့် သူတို့ရဲ့ privacy ကို တန်ဖိုးထားပါ)

ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေနှင့် မိဘတွေအကြားဆက်ဆံရေးဟာစိတ်လှုပ်ရှားဖွယ်အကောင်းဆုံးဖြစ်သော်လည်း ကြောက်စရာအကောင်းဆုံးကာလတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ သူတို့ကြီးပြင်းလာပြီး လွတ်လပ်မှုကို လိုလားတောင့်တလာကြတယ်။ သူတို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချကြပေမယ့်လည်း သူတို့ရဲ့ဆယ်နှစ်တာကာလနှင့် နှိုင်းယှဥ်ရင် ဆုံးဖြတ်ချက်တွေက သူတို့ရဲ့အနာဂတ်ဘဝအပေါ် အမှန်တကယ်အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။

ဆယ်ကျော်သက်တွေဟာ များသောအားဖြင့် သူတို့ရဲ့စိတ်ခံစားမှုတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆို နားမလည်ကြပါဘူး။ သူတို့က အရင်ဦးဆုံး စဥ်းစားခြင်းတွေမပြုလုပ်ဘဲ လုပ်ပြီးသွားမှသာ နောင်တရချင်တဲ့ ဒေါသစိတ်နှင့် ဆုံးဖြတ်ချက်ချတတ်ကြပါတယ်။ ဆယ်ကျော်သက်တွေက သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို လေ့လာခြင်းနှင့် သူတို့ရဲ့လုပ်ရပ်တွေကို အစွန်းရောက်သည်အထိ ခံစားနေဆဲ လုပ်ယူနေဆဲဖြစ်ပါတယ်။

မိဘတွေဘာလုပ်သင့်သလဲ

ပြဿနာက သင့်အတွက် အသေးအဖွဲလို့ ထင်ရရင်တောင် သူတို့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပါ။ သူတို့ကိုသင်နားလည်ကြောင်းပြသခြင်းနှင့် အထက်တန်းကျောင်းသားဘဝ ပြဇာတ်တွေ၊ ဇာတ်လမ်းတွေနဲ့ ပက်သက်ဆက်နွယ်နေခြင်းက စိန်ခေါ်မှုတစ်ခုကဲ့သို့ ခက်ခဲနိုင်ပါတယ်။ သူတို့ရဲ့အောင်မြင်မှုအတွက် သင့်ကလေးကိုချီးမွမ်းမယ်ဆိုရင် ၎င်းတို့ကိုသင်မည်မျှချစ်ကြောင်း ပြောပြပါ။

သင့်ကလေးကို အချိန်မရွေးအချိန်တိုင်းထိန်းချုပ်ဖို့ မကြိုးစားပါနှင့်။ ကလေးတွေက အလျင်အမြန်လိမ်ပြောခြင်းနှင့် သတင်းအချက်အလက်တွေကို ဖုံးကွယ်ခြင်းတွေမှာ တော်တော်တတ်ကျွမ်းလာနိုင်ပါတယ်။ သို့မှသာ သူတို့က သင့်စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့ နည်းလမ်းတစ်ခုရှာတွေ့နိုင်လိမ့်မယ်။ သင့်အလုပ်က လုံခြုံသောနေရာတစ်ခုဖန်တီးဖို့နှင့် သင့်ကလေးကို စည်းမျဥ်းစည်းကမ်းတွေမှာ ”သင်ပြောတာကြောင့် ”မဟုတ်ဘဲ သင့်ကလေးကို သူတို့ရဲ့အကျိုးအတွက်တည်ရှိနေတာကို ပြဖို့ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ သင့်ကလေးရဲ့လုပ်ရပ်တွေနှင့် စကားလုံးတွေကို ဆွဲမသုံးပါနှင့်။ သင့်ကလေးက သင့်ကို လျစ်လျူရှုမယ်ဆိုရင် (သို့) ဝုန်းဒိုင်းကြဲမယ်ဆိုရင် သူတို့က သင့်ကို လွှမ်းမိုးဖို့နှင့် မည်သူက ပိုဦးစီးပိုင်ခွင့်ရှိသူဖြစ်ကြောင်း ကြိုးစားနေခြင်းဖြစ်ပါတယ်။ ဒီလှည့်ကွက်မှာ မကျရှုံးသွားပါစေနှင့်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး သင့်ကလေးနှင့် ပြန်လည်ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။

Chit_May_May

Nyein_Thu

Ref- brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here