၂ နှစ် ၃နှစ် ၄နှစ် အရွယ်ကလေးငယ်တွေအရွယ်ဆိုတာ ဖွံဖြိုးမှုများစွာ ရှိဖို့လိုပါတယ်။ ဒီအသက်အရွယ်မှာ စိတ်ခံစားချက်တွေ ၊ ဝုန်းဒိုင်းကြဲပေါက်ကွဲတာတွေ ရိုးရှင်းသောစကားလုံးလေးတွေ၊ ဟန်ဆောင်ကစားတာတွေ၊ စကားပြောတာတွေ၊ နားထောင်ခြင်း ဖတ်ခြင်းစွမ်းရည်တွေ နေ့စဉ်လှုပ်ရှားမှုစွမ်းရည်တွေ စသဖြင့်များစွာသောဖွံဖြိုးမှုတွေရှိလာအောင် သင့်ကလေးကို သင်ကူညီနိုင်ပါတယ်။ ကဲဘယ်လိုတွေကူညီနိုင်တာလဲ ဆိုတာ ကြည့်လိုက်ရအောင်..
ခံစားချက်

ကလေးတွေက ဒီအရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ဖို့လိုပါတယ်။ဒီအရွယ်မှာ ဒေါသတို့ စိတ်ပျက်တာတို့ ကြောက်ရှက်တာတို့က ပုံမှန်ဖြစ်ပါတယ်။ သင့်အပြုအမူတွေအပေါ် သူတို့ကလိုက်ခံစားပြီး သူတို့ကိုယ်တိုင်ကလည်း အဲ့ဒီခံစားမှုကို လိုက်တုန့်ပြန်တတ်ကြပါတယ်။ ဒါကြောင့်သူတို့ကို ရိုက်တာနှက်တာ အော်တာ ငေါက်တာမျိုး မဟုတ်ပဲ နူးနူးညံညံ ညင်ညင်သာသာ နွေးနွေးထွေးထွေး ဆက်ဆံပေးပါ.
စကားပြော

စကားတစ်ခွန်း ကနေစ ၃ခွန်းလောက်အထိ ၂နှစ်အရွယ်မှာ သင်ပေးပါ။ အဲ့ဒီကနေမှ သူဆက်သင်သွားပါလိမ့်မယ်။ ၃နှစ်သားမှာ စကားအရှည်တွေသင်ပေးပါ ထမင်းစားချင်တယ် ရေသောက်ချင်တယ် စျေးဝယ်သွားချင်တယ် စသဖြင့်ပေါ့။ ဒီကနေမှ သူ့ဘာတဖြည်းဖြည်းဆက်သင်ယူသွားပါလိမ့်မယ်။
အတွေး

ဒါကတော့ရှင်းရှင်းလေးတွေပဲသင်ပေးပါ။ သေးတာရှိရင် ကြီးတာရှိတာ နေ့ရှိရင် ညရှိတာ စတာမျိုးတွေပေါ့။ နောက်အရောင်တွေ အကြောင်းတွေသင်ပေးပါ။ ပုံပြင်တွေပြောပြပြီး အတွေးတွေများစွာပေးပါ။ မေးခွန်းထုတ်နိုင်လောက်တဲ့ ပုံပြင်တွေ ပြောပြပါ။
ကစားခြင်းနဲ့သင်ကြားခြင်း

ဆေ့ာကစားတာက သင့်ကလေးရဲ့နောက်ဆက်တွဲသင်ယူခြင်းအတွက် အရေးကြီးပါတယ်။ တခြားကလေးတွေနဲ့ဆော့ကစားရင် ဘယ်လိုအဝတ်အစားတွေဝတ်ရမယ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်ပီး မဆော့ရတာကအစ သင်ပေးပါ။ ပုံပြောတာ သီ ချင်းဆိုတာ စာဖတ်တာ နဲ့ရယ်စရာတွေကို ပြောပြပေးပါ။
နေ့စဉ်စွမ်းရည်များ

သူ့ကိစ္စသေးသေးလေးတွေကအစ လိုက်မလုပ်ပေးပါနဲ့။ ဆိုလိုတာက သူ့လက်ကိုသူဆေးတာ၊ သူကိုယ်တိုင်အစာစားတာ၊ ဝတ်စားဆင်ယင်တတ်တာစတာတွေကို စသင်ပေးပါ။ သူ့အတွက်အကူအညီတော့လိုပါတယ်။
အိမ်မှုကိစ္စတွေမှာ ဝိုင်းကူလုပ်ခိုင်းတာမျိုးတွေက်ုသင်ပေးခြင်းဟာ မိသားစုဆက်ဆံရေးမှာ ယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ်။ နောက်ဆိုသူကိုယ်တိုင် အိမ်သာသွားတဲ့အလေ့အထကိုတောင် သင်လေ့ကျင့်ပေးနိုင်ပါတယ်။ ခုအပေါ်က ပြောတဲ့အရာတွေက သင့်ကလေးစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှုထက် တော်တော်အရေးကြီးပါတယ်နော်.
#Chit_May_May
#Mg_Htet
REF_Risingchildren