Home Parenting Child Care အသက် မွေးကင်းစမှ ၈ နှစ်အရွယ်ကလေးတစ်ယောက်ကို လိင်ပညာပေးနှင့် လိင်အကြောင်း သင်ကြားခြင်း

အသက် မွေးကင်းစမှ ၈ နှစ်အရွယ်ကလေးတစ်ယောက်ကို လိင်ပညာပေးနှင့် လိင်အကြောင်း သင်ကြားခြင်း

0
အသက် မွေးကင်းစမှ ၈ နှစ်အရွယ်ကလေးတစ်ယောက်ကို လိင်ပညာပေးနှင့် လိင်အကြောင်း သင်ကြားခြင်း

ပထမဆုံးသိထားရမှာက သင့်ကလေးနှင့် လိင်အကြောင်းပြောဖို့အတွက် စောလွန်းတယ်ဆိုတာမရှိပါဘူး။ ကလေးငယ်ကို ငယ်ငယ်ကတည်းက လိင်မှုကိစ္စနှင့် ခန္ဓာကိုယ်အကြောင်းပြောခြင်းက လိင်စိတ်ဆိုတာ ဘဝရဲ့ ကျန်းမာတဲ့အစိတ်အပိုင်းတွေဖြစ်ကြောင်း ကလေးကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ငယ်ရွယ်စဉ်ကတည်းက ပွင့်လင်းရိုးသားစွာ ပြောဆိုမှုတွေက နောက်ပိုင်းမှာ စကားပြောဆိုမှုတွေကို ပိုမိုလွယ်ကူစေပါတယ်။ အသက်ကြီးလာတဲ့အခါ လိင်နဲ့ပတ်သက်သော ကျန်းမာရေးနှင့် ညီညွှတ်တဲ့ရွေးချယ်မှုတွေပြုလုပ်ဖို့ အုတ်မြစ်ချပေးပါလိမ့်မယ်။

အရေးကြီးတာက လိင်အကြောင်းပထမဆုံးပြောတဲ့အချိန်မှာ သင့်ဆီကနေ ကြောက်ရွံ့နေသလိုမျိုး (သို့) ရှက်ရွံ့နေတဲ့ အပြုအမူတွေရှိမနေစေဖို့ပါ။ ဆိုလိုတာကတော့ ကလေးက သင့်ဆီကနေ ပွင့်လင်းမြင်သာစွာ ရိုးသားပြီး ယုံကြည်စိတ်ချရသော အချက်အလက်တွေရရှိစေဖို့ပဲဖြစ်ပါတယ်။

လိင်အကြောင်းပြောဖို့ အဆင့်များ

အဆင့်သုံးဆင့်ရှိပါမယ်။ ပထမတစ်ဆင့်မှာ ကလေးသိပြီးသားကို ရှာဖွေစေပါ။ ဥပမာ * ဘေဘီလေးတွေ ဘယ်ကလာတယ်လို့ သား/သမီးထင်လဲ? ဒါမှမဟုတ် ဘေဘီလေးတွေ ဘယ်ကလာတယ်လို့ ကြားဖူးလဲ*?

ဒုတိယတစ်ဆင့်က အဖြစ်မှန်တွေကို ကလေးနားလည်နိုင်မယ့် စကားလုံးတွေနဲ့ ရှင်းပြပါ။ မိခင်ရဲ့ ဗိုက်ထဲမှာ သားအိမ်ရှိကြောင်းပြောပြပါ။ တတိယအဆင့်အနေနဲ့ သင့်ကိုယ်ပိုင်အတွေးအမြင်များ (သို့) ခံစားချက်တွေကို ပြောဆိုဖိုအခွင့်အရေးတစ်ခုအဖြစ် စကားဝိုင်းတစ်ခု လုပ်ပါ။ လိင်ပိုင်းဆိုင်ရာပညာပေးနဲ့ပတ်သက်ပြီး အသက်အရွယ်အလိုက် ဘယ်လိုပြောပြရမလဲ?

မွေးကင်းစကနေ ၂ နှစ်အရွယ်အထိ – ဒီအရွယ်မှာတော့ ကလေးကို ခန္ဓာကိုယ်အကြောင်း လေ့လာဖို့ ကူညီပေးပါ။ ဥပမာ – ရေချိုးချိန် (သို့) သင့်ကလေးကို ဝတ်စားဆင်ယင်ဖို့ ကူညီပေးနေချိန်တွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အမည်တွေကို မိတ်ဆက်ပေးဖို့ အကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။


၂ နှစ်ကနေ ၃ နှစ်အရွယ်အထိ – အသက် ၂ နှစ်ကနေ ၃ နှစ်အကြား ကလေးအများစုက သူတို့ရဲ့ ခန္ဓာကိုယ်နှင့် တစ်ခြားကလေးတွေရဲ့ ခန္ဓာကိုယ်ကို အလွန်စိတ်ဝင်စားကြပါတယ်။ ယောင်္ကျားလေးနှင့် မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကွဲပြားနေတာတွေကိုလည်း သတိပြုမိပါလိမ့်မယ်။ ဒီအရွယ်မှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ တာဝန်ကိုယ်စီရှိကြောင်း သင်ပေးနိုင်ပါပြီ။ လိင်အင်္ဂါတွေရဲ့ တာဝန်တွေကို ပြောပြပါ။


၄-၅ နှစ် – ဒီအရွယ်မှာတော့ ကလေးတွေ ဘယ်ကလာသလဲဆိုတာကို စိတ်တင်စားနေပါပြီ။ ဒါ့ကြောင့် မိခင်ရဲ့ သားအိမ်မှာ ကြီးထွားလာခြင်းနှင့် ကလေးမွေးဖွားဖို့အတွက် အမျိုးသားတစ်ဦးဆီကနေ သုတ်ပိုး(သေးငယ်သော မျိုးစေ့ပုံသဏ္ဍာ) နှင့် အမျိုးသမီးတစ်ဦးဆီက မျိုးဥ (သေးငယ်သော မျိုးဥ) တွေ လိုအပ်ကြောင်း သူတို့နားလည်နိုင်ပါပြီ။

ကလေးရဲ့ နားလည်မှုအလိုက် လိင်ပညာပေးကို သင်ကြားပေးသင့်ပါတယ်။
၆ နှစ် – ၈ နှစ် – ဒီအရွယ်မှာတော့ လိင်ဆက်ဆံခြင်းအကြောင်းကို ပညာပေးသင့်ပါပြီ။ လိင်ဆက်ဆံခြင်းက အရွယ်ရောက်ပြီးသူ နှစ်ဦးစလုံး အလိုဆန္ဒရှိတဲ့အခါ လုပ်လို့ရပြီး ကလေးတွေအတွက် မဟုတ်ကြောင်းလည်း ရှင်းပြသင့်ပါတယ်။ အကယ်၍ သင်ဘယ်လိုမွေးပြီး ဘယ်ကလာသလဲဆိုတဲ့ မေးခွန်းကို သူတို့မမေးခင်မှာ သင်အရင်မေးပြီး စကားစမြည်ပြောနိုင်ပါတယ်။

Chit_May_May

Nyein_Thu

ref-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here