အသက် ၁နှစ်ကျော်ပြီးနောက် ကလေးတစ်ယောက်ရဲ့ အစာစားချင်စိတ်မရှိခြင်း

0
642
- Advertisement -

ကလေးတစ်ယောက်ရဲ့ အစာစားတဲ့ အလေ့အထက တစ်နှစ်ကျော်ပြီးနောက်မှာ အများကြီး ပြောင်းလဲသွားတတ်ပါတယ်။ မိဘတွေက ပုံမှန်အစားအစာတွေကို ကျွေးနေရင်တောင် ကလေးက အဲဒီအစားအစာတွေကို စားဖို့ စိတ်မဝင်စားတော့ဘဲ ငြင်းပယ်နိုင်ပါတယ်။ ဒီအစာစားချင်စိတ်မရှိခြင်းက အသက်နှင့်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့သက်ဆိုင်ပါတယ်။ လူအများစုက ဒါကို အစာစားချင်စိတ်ကျဆင်းမှုအဖြစ် ရည်ညွှန်းပါတယ်။

အသက်တစ်နှစ်မှစပြီး ကလေးရဲ့ ခန္ဓာကိုယ်က ယခင်ကထက် နှေးကွေးစွာ ကြီးထွားလာပါတယ်။ ဒါက လွတ်လပ်သော လုပ်ငန်းစဉ်နှစ်ခုရဲ့ အကျိုးဆက်အဖြစ် ဖြစ်ပေါ်ပါတယ်။ တစ်ဖက်မှာ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ နှေးကွေးလာသလို အခြားတစ်ဖက်မှာ ကာယလှုပ်ရှားမှု လယ်ဗယ်အပြင် စွမ်းအင်သုံးစွဲမှုကလည်း မြင့်တတ်လာပါတယ်။ ဒါ့ကြောင့် အသက်တစ်နှစ်ကျော်လာလို့ ကလေးက အရင်ကထက် နည်းနည်းပဲစားနေရင် မစိုးရိမ်ပါနဲ့။ ဒီအထူးအဆင့်ကို ကျော်ဖြတ်ဖို့ အသုံးဝင်မယ့် အကြံပေးချက်တစ်ချို့ကို မျှဝေပေးပါမယ်။

ကလေးငယ်ရဲ့ အစာစားချင်စိတ်မရှိခြင်း လက္ခဏာများ

- Advertisement -

ဒီအသက်အရွယ်မှာ အစာစားချင်စိတ်မရှိခြင်းကို မျှော်လင့်ရပါလိမ့်မယ်။ ခန့်မှန်းချက်များအရ အသက် ၁နှစ်မှ ၄နှစ်အတွင်း ကလေးငယ် ၃၀ရာခိုင်နှုန်းခန့်ဟာ အစာစားဖို့ ငြင်းပယ်ခြင်းတစ်မျိုးကို ပြပါတယ်။ တစ်ချို့မူကြိုကလေးတွေမှာ အစားအသောက် ကျွေးနေစဉ် အခက်အခဲအချို့ကို ပြသလေ့ရှိပါတယ်။ ဒါက ကျန်းမာရေးပြဿနာမဟုတ်သော်လည်း မိဘတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။

ဇီဝကမ္မကြောင့် အစာစားချင်စိတ်မရှိခြင်းရဲ့ အထင်ရှားဆုံးရှု့ထောင်တစ်ခုက neophobia ဖြစ်ပါတယ်။ ဆိုလိုတာက “အသစ်အဆန်းကြောက်ရောဂါ”လို့ အဓိပ္ပာယ်ရပြီး အစားအစာအသစ်တွေကို စားသုံးဖို့ ရှောင်ကြဉ်လိုတဲ့သဘောကို ဖော်ပြပါတယ်။ ဒီအခြေအနေက ကလေးဘဝမှာ အရမ်းရှားပါးပါတယ်။ အသက် ၂နှစ်မှ ၅နှစ်အကြားမှာ အမြင့်ဆုံးရောက်ပြီး အရွယ်ရောက်လာချိန်မှာ ကျဆင်းလာပါတယ်။ မိဘတွေအတွက် အနည်းငယ်ခက်ခဲသော်လည်း ဒါက လူသားတို့ရဲ့ ရှင်သန်မှု အပြုအမူထက် ဘာမှမပိုဟု ယူဆရပါတယ်။

ကလေး အစာစားချင်စိတ်မရှိတဲ့အခါ သင်ဘာလုပ်နိုင်သလဲ?

၁။ တည်ငြိမ်ပါ၊ သည်းခံပါ

မိဘတွေနဲ့ ကလေးတွေကြားက ဆက်ဆံရေးဟာ စားသောက်မှုပုံစံကို ပုံဖော်ဖို့ ကူညီပါတယ်။ ဒီအကြောင်းကြောင့် အခြေအနေ ပိုတင်းမာလာတာနဲ့အမျှ ရလဒ်ဆိုးရွားလာပါတယ်။ ဒါက အစားအစာပမာဏနှင့်သာ သက်ဆိုင်တာမဟုတ်ဘဲ နောက်ဆုံးမှာ လက်ခံရရှိတဲ့ ကလေးရဲ့အစားအစာ အရည်အသွေးနဲ့လည်း ဆိုင်ပါတယ်။

ကလေးတစ်ယောက်ရဲ့အစားအသောက်ထဲကို အစားအစာအသစ်တစ်မျိုး ထည့်သွင်းဖို့ဆိုရင် အနည်းဆုံး ၅ကြိမ်မှ ၁၀ ကြိမ်ပေးဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့ဟာ ကလေးနှစ်သက်လာအောင် အစားအစာကို modify (ပြုပြင်ပြောင်းလဲ) လုပ်ပေးရပါလိမ့်မယ်။

၂။ အစားအစာ မျိုးစုံပေးပါ

လူသားတိုင်းက အချို့သောအစားအစာတွေကို ဦးစားပေးကြပါတယ်။ ဒါက လုံးဝမကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါက ကျွန်မတို့ မိဘတွေ၊ မောင်နှမတွေရဲ့ စားသောက်မှုပုံစံကို အတုယူလေ့ရှိတာကြောင့် (သို့) ဒီအမူအကျင့်တွေကို ကျွန်မတို့နှစ်ပေါင်းများစွာ စောင့်ထိန်းခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

လူမှုရေးအခြေအနေတွေနဲ့ အတုယူတဲ့ အပြုအမှုတွေအပြင် အစားအစာ ဦးစားပေးမှုမှာ ပါဝင်တဲ့ မျိုးရိုးဗီဇအချက်တွေလည်း ရှိပါတယ်။ အာဟာရပညာရှင် Graciela Falciglia ရဲ့လေ့လာမှုတစ်ခုမှာ neophobia ရှိတဲ့ ကလေးတွေရဲ့ အစားအစာဟာ neophobia မရှိသော ကလေးတွေထက် ပိုပြီး ကန့်သတ်တာကို သတိပြုမိပါတယ်။ ဒီလို restrictive ဖြစ်တဲ့ အစားအစာတွေက ဗီတာမင်ဓါတ်ကို သိသိသာသာ ချို့တဲ့စေပြီး ပြည့်ဝဆီ များပါတယ်။

ဒီအကြောင်းကြောင့် အစားအသောက် အမျိုးအစားအားလုံးကို ကျွေးပေးဖို့ လိုပါတယ်။ အသုံးဝင်မယ့် နည်းလမ်းက သင့်ကလေးရဲ့ပန်းကန်ထဲမှာ အရောင်အသွေးစုံစုံရှိနေဖို့ဖြစ်ပါ။ အစားအသောက်ကို မြင်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေလည်း ဖြစ်ရပါမယ်။

၃။ အစာစားခြင်းကို ပျော်စရာကောင်းအောင် လုပ်ပေးပါ

အချိန်ကောင်းရှိဖို့နဲ့ သင်တော့်တဲ့အခြေအနေ ရှိရပါမယ်။ (ရုပ်မြင်သံကြား (သို့) ဆဲလ်ဖုန်းတွေလို) အာရုံအနှောက်အယှက်ကင်းတဲ့ သက်တောင့်သာက်သာ ပတ်ဝန်းကျင်တစ်ခုရှိဖို့ အရေးကြီးပါတယ်။ ထမင်းစားချိန်မှာ အစာနည်းနည်းပဲစားလို့၊ နှေးလွန်းလို့၊ ကြေးများလို့ဆိုပြီး ကလေးအား ကဲ့ရဲ့ရှုတ်ချတာမျိုးကို ရှောင်ဖို့လိုပါတယ်။ အစာစားနေချိန်မှာ ကလေးကို ဆူပူတာ၊ ကလေးနှင့်ပြိုင်ပြီး ငြင်းခုံတာတွေ မပြုလုပ်ပါနဲ့။

၄။ အတင်းအကျပ်မကျွေးပါနဲ့

သူဗိုက်မဆာသေးလျှင် အစာစားဖို့ အတင်းမကျွေးပါနဲ့။ ကလေးကို အတင်းကျွေးဖို့ မလိုအပ်သလို ခြိမ်းခြောက်တာ၊ လာဘ်ထိုးတာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ကလေးအား အပြုသဘောဆောင်တဲ့ အလေ့အကျင့်တွေ ပျိုးထောင်ဖို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ အစားအစာတွေကို ပံ့ပိုးပေးဖို့ အရေးကြီးပါတယ်။ ဖိအားပေးလုပ်ဆောင်မှုမှန်သမျှက အနာဂတ်မှာ ဆိုးကျိုးရှိနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here