Home Parenting Child Teaching အသက် ၁နှစ်မှ ၃နှစ်အရွယ် ကလေးတွေအတွက် ကစားခြင်းရဲ့ အရေးပါပုံ

အသက် ၁နှစ်မှ ၃နှစ်အရွယ် ကလေးတွေအတွက် ကစားခြင်းရဲ့ အရေးပါပုံ

0
607

ကစားခြင်းဟာ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကစားခြင်းက သင့်ကလေးကို ဒီနည်းလမ်းတွေနဲ့ ကူညီပေးပါတယ်။

  • မတူညီတဲ့ နည်းလမ်းများစွာဖြင့် သင်ယူပါတယ်
  • အထူးသဖြင့် မိဘနှင့်အတူ relationship ကိုတည်ဆောက်ပါတယ်
  • မိမိကိုယ်ကို လေးစားမှုနှင့် ယုံကြည်မှုကို ဖွံ့ဖြိုးစေပါတယ်
  • ချစ်ခြင်း၊ ပျော်ရွင်ခြင်းနှင့် လုံခြုံခြင်းကို ခံစားရစေပါတယ်
  • လူမှုရေးစွမ်းရည်၊ ဘာသာစကားနှင့် ပြောဆိုဆက်ဆံမှုကို ဖွံ့ဖြိုးစေပါတယ်
  • ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ဖွံ့ဖြိုးစေပါတယ်။

ကစားခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် ဘာ့ကြောင့်အရေးကြီးသလဲ?

ကစားခြင်းက ကလေးတွေအတွက် မတူညီသော ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် သိမြင်မှုအတွေ့အကြုံတွေကို ပေးပါတယ်။ အတွေ့အကြုံတွေက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် သိမြင်မှုဆိုင်ရာတွေကို ဖွံ့ဖြိုးအောင် ကူညီပေးသော ဦးနှောက်အတွင်း ဆက်သွယ်မှုတွေကို တည်ဆောက်ပေးပါတယ်။ ကစားခြင်းဟာ ဦးနှောက်ထဲမှာ ဖြာထွက်နေတဲ့ မီးရှူးမီးပန်းတွေနဲ့ တူပါတယ်။

ကလေးငယ်တွေဟာ စွမ်းအင်ပြည့်ဝပါတယ်။ အံဆွဲတွေဖွင့်ခြင်း၊ ပိတ်ခြင်း၊ ဘူးတွေကို လှည့်ဖွင့်ခြင်း၊ ပစ္စည်းတွေကို ဖွက်ထားခြင်း စတဲ့အရာများက ကလေးငယ်တွေ ကစားဖို့၊ သူတို့ရဲ့ ကမ္ဘာကို စူးစမ်းလေ့လာဖို့နှင့် သင်ယူဖို့ နည်းလမ်းများ ဖြစ်ပါတယ်။

ဖွဲ့စည်းတည်ဆောက်ပုံမပါတဲ့ ကစားနည်းတွေက ဒီအသက်အရွယ်မှာ အရေးပါပါတယ်။ ကလေးရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့ ကစားနည်းတွေ ဖြစ်ပါတယ်။ ဥပမာ- ကလေးဟာ ကခုန်ခြင်းကဲ့သို့သော active ဖြစ်တဲ့ အပြုအမှုကို ပြုလုပ်လိုပါလိမ့်မယ်။ အခြားအချိန်တွေမှာ ပုံဆွဲခြင်းကဲ့သို့သော လှုပ်ရှားမှုတွေကို နှစ်သက်နိုင်ပါတယ်။

ဂီတကို စနစ်တကျသင်ပေးတာတို့ (သို့) အားကစားအတန်းပေးတတ်တာတို့က ပျော်စရာကောင်းသော်လည်း ကလေးအတွက် ဒါတွေကို မလိုအပ်သေးပါဘူး။ ကလေးအတွက် စူးစမ်းလေ့လာနိုင်တဲ့ လုံခြုံသော အိမ်ပတ်ဝန်းကျင်နှင့် ကစားဖို့အချိန်သာ လိုအပ်ပါတယ်။ သင့်ကလေးအား သူကစားချင်တဲ့အချိန်မှာ ကစားခွင့်ပေးသင့်ပါတယ်။ ဒါက သင့်ကလေးကို ဆုံးဖြတ်ချက်တွေချဖို့ သင်ကြားပေးပြီး သူရဲ့ စိတ်ကူးစိတ်သန်းတွေကို သုံးခွင့်ပေးပါတယ်။

လမ်းလျှောက်တတ်စ ကလေးရဲ့ ကစားနည်းဟာ အရှိန်အဟုန်နှင့် အာရုံစူးစိုက်မှု ကွဲပြားနိုင်ပါတယ်။ တစ်ခါတစ်ရံ သူဟာ တစ်ခုခုကို မြန်မြန်ကြည့်ပြီး ရှေ့ဆက်သွားပါလိမ့်မယ်။ တခြားအချိန်တွေမှာ သူဟာ ရပ်ပြီး အရာဝတ္တုတစ်ခုကို စူးစမ်းလေ့လာပါလိမ့်မယ်။ ဆိုလိုတာက ကလေးငယ်နှင့် ရိုးရှင်းသော လုပ်ဆောင်မှုတွေက သင်ထင်ထားတာထက် နည်းနည်းပိုကြာနိုင်ပါတယ်။

သုံးနှစ်အရွယ်သမီးလေးတွေဟာ အိုးခွက်တွေနဲ့ ကစားခြင်း၊ ဝတ်စားဆင်ယင်ခြင်း ကဲ့သို့သော ကစားနည်းတွေကို နှစ်သက်ပါတယ်။ ဒီကစားနည်းပုံစံများက ကလေးငယ်အား စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသကဲ့သို့သော ရှုပ်ထွေးတဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်ပြသဖို့ ကူညီပေးပါတယ်။

ကလေးဟာ ဂိမ်းတစ်ခုတည်းကိုပဲ ကစားလိုတာ(သို့) စာအုပ်တစ်အုပ်တည်းကိုပဲ အကြိမ်ကြိမ်ဖတ်လိုတာကို သင်သတိပြုမိပါလိမ့်မယ်။ ထပ်ခါတလဲလဲ လုပ်ဆောင်မှုတွေက ကလေးရဲ့ ကျွမ်းကျင်မှုတွေကို ဖော်ပြနေတာ ဖြစ်ကြောင်း နားလည်ရပါမယ်။

လမ်းလျှောက်တတ်ခါစ ကလေးရဲ့ ကစားနည်းနှင့် စိတ်ကူးများ

ကစားခြင်းက ပျော်စရာအတွက်သာမဟုတ်ဘဲ ကလေးတွေရဲ့ သင်ယူခြင်းလည်းဖြစ်ပါတယ်။ မိဘတွေကလည်း ကလေးနှင့်အတူ ကစားဖို့ အချိန်ပေးရပါမယ်။

  • ကလေးတေးကဗျာနှင့် သီချင်းတွေ သီဆိုပါ။ ကလေးငယ်ဟာ အထူးသဖြင့် လုပ်ရပ်များနှင့် ထိတွေမှုပါဝင်သော ကလေးတေးကဗျာနှင့် သီချင်းတွေကို မိဘနှင့်အတူ သီဆိုရတာ နှစ်သက်ပါလိမ့်မယ်။
  • ကလေးနှင့်အတူ နေ့စဉ်စာဖတ်ပါ။ pop-up နဲ့ lift-the-flap စာအုပ်တွေက ပျော်စရာကောင်းပြီး အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေပါတယ် သင့်ကလေး ဖတ်ဖို့ အကြိုက်ဆုံးစာအုပ်ကို ရွေးချယ်ခိုင်းပါ။ သင်ပြောတဲ့ စကားလုံးတစ်ချို့ကို လက်ဖြင့် ထောက်ပြနိုင်ပါတယ်။ သင့်ကလေးအား စကားလုံးတွေကို ပြန်ပြောဖို့ တောင်းဆိုပါ။ (သို့) နောက်ဘာဆက်ဖြစ်သွားသလဲ? ဆိုတဲ့ မေးခွန်းမျိုးတွေ မေးပေးပါ။
  • ပုံဆွဲခြင်းနှင့် လျှောက်ခြစ်ခြင်းကို အားပေးပါ။ သင့်ကလေးငယ်ဟာ ရောင်စုံခဲတံ၊ ခဲတံနှင့် စုတ်တံ(သို့)မြေဖြူတွေနဲ့ လျှောက်ခြစ်တာကို နှစ်သက်ပါလိမ့်မယ်။ ကလေးဖြစ်တဲ့အတွက် ဘယ်ခဲတံမဆို ပါးစပ်ထဲထည့်နိုင်ပါတယ်။ ဒါ့ကြောင့် လုံခြုံပြီး အဆိပ်မရှိသော ခဲတံတွေနှင့် သုတ်ဆေးတွေကို ရွေးချယ်ပေးပါ။
  • ညစ်ပတ်သော ကစားနည်းကို စမ်းကြည့်ပါ။ ဥပမာ အားဖြင့် ရေ၊ သဲ၊ ရွှံ့တွေနဲ့ ကစားခြင်းဟာ သင့်ကလေးကို ခံစားမှုအသစ်တွေနှင့် စူးစမ်းလေ့လာစေပါတယ်။ ရေနဲ့ဆော့ကစားတဲ့အခါ မိဘတွေက မျက်ခြေမပြတ် စောင့်ကြည့်ပေးနေရပါမယ်။
  • ကလေးနှင့်အတူ အပြင်သို့ထွက်ပါ။ ဥယျာဉ် (သို့) ပန်းခြံထဲမှာ လျှောက်သွားခြင်း ကဲ့သို့သော ပြင်ပတွင် ကစားခြင်းက အကန့်အသတ်မရှိ ကစားခြ်ငးဖြစ်နိုင်ပါတယ်။ ၎င်းက သင့်ကလေးအား အမြင့်တတ်ခြင်း၊ ပြေးခြင်း၊ လွှဲခြင်း၊ ခုန်ခြင်း (သို့) လှိမ့်ခြင်းအားဖြင့် တတ်ကြွစွာ ကစားဖို့ အခွင့်အရေးပေးပါတယ်။

Screen time

အသက် ၂နှစ်အောက်ကလေးတွေကို အဘိုးအဘွားတွေနဲ့ ရင်းနှီးစေဖို့ video-chatting လုပ်ပေးတာကလွဲပြီး တခြား screen time မထားပေးဖို့ နိုင်ငံတကာလမ်းညွှန်ချက်တွေက အကြံပြုထားပါတယ်။ ဥပမာ- တီဗီပေးကြည့်တာတို့ ၊ ဖုန်းပေးကြည့်တာတို့ဖြစ်ပါတယ်။

အသက် ၂နှစ်အထက် ကလေးတွေအတွက် စခရင်ကြည့်ချိန်ဟာ ပျော်စရာကောင်းပြီး သင်ယူမှု အတွေ့အကြုံလည်း ဖြစ်နိုင်ပါတယ်။ သို့သော် ကလေးဟာ စခရင်ကြည့်ချိန်ကို ကျန်းမာစွာ ချဉ်းကပ်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာက outdoor play ၊ pretend play ၊ စာဖတ်ခြင်းနှင့် လှုမှုရေးကစားခြင်းကဲ့သို့သော ဖွံဖြိုးမှုအတွက်ကောင်းတဲ့ လှုပ်ရှားမှုတွေနှင့်အတူ screen time ကိုဟန်ချက်ညီအောင် ထားပေးဖို့ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-raisingchildren

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here