အသက် ၁၀နှစ်မှ ၁၂နှစ်အကြားက အရေးကြီးသော ပြောင်းလဲမှု (၅)ခု

0
276
- Advertisement -

အသက်၁၀နှစ်မှ ၁၂နှစ်အကြားသည် ကလေးတွေ ကလေးဘဝကနေ ပျိုဖော်ဝင်ရွယ်ကို တတ်လှမ်းချိန်ပဲ ဖြစ်ပါတယ်။ သူတို့ကြီးပြင်းလာကြပြီး သိမြင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာအဆင့်တွေမှာ အရေးပါတဲ့ ပြောင်းလဲမှုတွေအပြည့်နဲ့ မြီးကောင်ပေါက်အရွယ်သို့ စတင်ရွေ့လျားလာကြတာပဲဖြစ်ပါတယ်။

ဒီအသက်အရွယ်မှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတချို့အကြောင်းကို မေမေတို့သိချင်ပါသလား? ဒီဆောင်းပါးလေးက ပြောပြပါလိိမ့်မယ်။

“အသက် ၁၀နှစ်မှ ၁၂အရွယ်ကြား အရေးပါတဲ့ ပြောင်းလဲမှု (၅)ခု”

- Advertisement -

၁။ ရွယ်တူချင်းတွေနဲ့ ဆက်ဆံတဲ့နည်းလမ်း ပြောင်းလဲသွားပါတယ်

ကလေးဘဝမှာ သူငယ်ချင်းတွေက ပျော်စရာကောင်းပြီး ကစားဖို့အတွက် အရေးပါပေမယ့် အသက်၁၀နှစ်မှစပြီး ရွယ်တူချင်းတွေနဲ့ ဆက်ဆံရေးဟာ ပိုရှုပ်ထွေးလာပါတယ်။ အသက် ၁၀နှစ်မှ ၁၂နှစ်အကြားကလေးတွေဟာ သူတို့ယုံကြည်စိတ်ချရနိုင်တဲ့ အဖွဲ့တစ်ခု ဖန်တီးဖို့ လိုအပ်တာကြောင့် သူငယ်ချင်းတွေကို မကြာခဏ ပြောင်းလဲတတ်ကြပါတယ်။ သူတို့က သူတို့စိတ်ကူးတွေ၊ အရသာတွေနှင့် ဝါသနာတွေကို မျှဝေနိုင်တဲ့ သူတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တကယ်တော့ ဒီအသက်အရွယ်မှာ ကလေးရဲ့ သူငယ်ချင်းအဖွဲ့က သူတို့အတွက် ရည်ညွှန်းချက်ဖြစ်လာပြီး မရှိမဖြစ်လိုအပ်တဲ့ ထောက်ခံမှု အရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။ တစ်ခါတစ်ရံ မိသားစုက ဒုတိယနေရာမှာ ရှိနေတတ်ပါတယ်။

၂။ သူတို့က လွတ်လပ်မှုကို တောင်းဆိုလာပါတယ်

အသက် ၁၀နှစ်မှာ ကလေးတွေဟာ အိမ်၊ ကျောင်းတို့နဲ့ သက်ဆိုင်တဲ့ တာဝန်တွေ၊ တာဝန်ယူမှုတွေကို ထမ်းဆောင်ဖို့ လုံလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပါတယ်။ သို့သော် ၎င်းတို့ဟာ မိဘတွေ (သို့) ဆရာတွေဆီကနေ ကြီးကြပ်ကွပ်ကဲမှုအချို့ လိုအပ်ဆဲဖြစ်ပါတယ်။

သို့သော် သူတို့ ၁၂နှစ်အရွယ်ရောက်တဲ့အခါ ကလေးတွေဟာ ပိုအရွယ်ရောက်မှု ခံစားလာရပြီး လွတ်လပ်မှု ပိုတောင်းဆိုလာကြပါတယ်၊ ဆိုလိုတာက သူတို့ဟာ အရွယ်ရောက်သူတွေရဲ့ ထိန်းချုပ်မှုကို မခံရဘဲ မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချပြီး မိမိတို့ဘာသာ လုပ်လိုလာကြပါတယ်။

၃။ ခန္ဓာကိုယ်အပြောင်းအလဲတွေကို ကြုံတွေ့လာရပါတယ်

အသက် ၁၀နှစ်နဲ့ ၁၂နှစ်အကြားမှာ ကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးမှု အချိန်ပါပဲ။ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ ကောင်လေးတွေ၊ ကောင်မလေးတွေကနေ အမျိုးသား၊ အမျိုးသမီးတွေအဖြစ် တဖြည်းဖြည်းနဲ့ အသွင်ပြောင်းခဲ့ကြပါတယ်။ ဒီအသက်အရွယ်မှာ ဖြစ်ပေါ်တဲ့ ထူးခြားသော ပြောင်းလဲမှုအချို့က အောက်ပါအတိုင်းဖြစ်ပါတယ်။

  • မိန်းကလေးတစ်ယောက်ရဲ့ ရင်သားတွေဟာ ကြီးထွားဖို့ စတင်လာပါလိမ့်မယ်။
  • ပထမဆုံးရာသီလာခြင်းက အသက် ၁၂နှစ်အရွယ်မှာ ဖြစ်ပေါ်နိုင်ပါတယ်
  • ယောကျ်ားလေးတစ်ယောက်ရဲ့ ဝှေးစေ့နဲ့ လိင်တံဟာအရွယ်အစားတိုးလာပါတယ်။
  • အသံ အနိမ့်အမြင့်နဲ့ အသံသြဇာမှာ ပြောင်းလဲမှုရှိလာပါတယ်။
  • မျက်နှာ၊ ချိုင်းနှင့်ဆီးခုံမှာ အမွေးပေါက်လာပါတယ်။
  • အရေပြားက ပိုပြီးအဆီပြန်လာပါတယ်။
  • ကိုယ်အလေးချိန်၊ အရွယ်အစား၊ အရပ်အမြင့်မှာ ရုတ်တရက်ပြောင်းလဲမှုတွေ ရှိလာပါတယ်။
  • ချွေးထွက်များလာတယ်၊ ခန္ဓာကိုယ်အနံ့ တိုးလာပါတယ်။

၄။ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ စရိုက်ကို စတင်တည်ဆောက်ကြပါတယ်

အသက် ၁၀နှစ်မှ ၁၂နှစ်အကြားဖြစ်တဲ့ နောက်ထပ်ထူးခြားသော ပြောင်းလဲမှုတစ်ခုမှာ ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာနှင့် ကိုယ်ရည်ကိုယ်သွေးကို ပြုစုပျိုးထောင်ဖို့၊ သူတို့သတ်မှတ်ထားတဲ့ စတိုင်ကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ သူတို့ဟာ စူးစမ်းရှာဖွေခြင်းနှင့် စမ်းသပ်ခြင်းလုပ်ငန်းစဉ်ကို စတင်ကြပါတယ်။ စိတ်ဝင်စားမှုတွေ၊ အတွေ့အကြုံတွေ၊ အတွေးတွေပေါ် မူတည်ပြီး ရွေးချယ်မှုအမျိုးမျိုး ပြုလုပ်လာကြပါတယ်။

၅။ ကိုယ်ကျင့်တရားစွမ်းရည် ဖွံ့ဖြိုးလာပါတယ်

အသက် ၁၀နှစ်မပြည့်သေးခင် ကလေးအများစုဟာ သူတို့ဘာ့ကြောင့် လုပ်တယ်ဆိုတာကို မစဉ်းစားကြပါဘူး။ ယေဘုယျအားဖြင့် သူတို့ဟာ ကလေးတွေလိုက်နာဖို့ လိုအပ်တယ်ဆိုတာကို လက်ခံတာကြောင့် လူကြီးတွေချမှတ်တဲ့ စည်းမျဉ်းတွေကို လိုက်နာကြတာပဲဖြစ်ပါတယ်။

သို့သော် ဒီအချက်က အသက် ၁၂နှစ်အရွယ်မှာ ပြောင်းလဲလာပါတယ်။ ကလေးတွေဟာ တခြားသူတွေနဲ့ စည်းမျဉ်းတွေကို ညှိနှိုင်း၊ ဆွေးနွေးဖို့၊ ဆင်ခြင်ဖို့ စတင်သင်ယူကြပါတယ်။ ဒီအချိန်အတောအတွင်းမှာ သူတို့ရဲ့ အပြုအမှု ကောင်းကျိုး/ဆိုးကျိုးတွေကို အကဲဖြတ်နိုင်စွမ်း စတင်ဖွံ့ဖြိုးလာပြီး သူတို့ရဲ့ အပြုအမှုရဲ့ အကျိုးဆက်တွေကိုပါ ထည့်သွင်းစဉ်းစားလာနိုင်ပါပြီ။

အသက် ၁၀နှစ်မှ ၁၂နှစ်အတွင်း ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအကျဉ်းချုပ်

အတိုချုပ်ပြောရရင် အသက် ၁၀နှစ်မှ ၁၂နှစ်ကြား ယောကျ်ားလေးတွေ၊ မိန်းကလေးတွေဟာ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ များစွာ ပြောင်းလဲမှု ရှိပါတယ်။ ဒီအပြောင်းအလဲတွေအားလုံးကို လက်ခံဖို့ မလွယ်ကူပါဘူး၊ ဒါက ဖွံ့ဖြိုးတိုးတတ်မှုရဲ့ အရမ်းရှုပ်ထွေးတဲ့ အချိန်ဖြစ်နိုင်ပါတယ်။

ထို့အပြင် ဒါက မိခင်တွေနဲ့ ဖခင်တွေကိုပါ သိသိသာသာ အကျိုးသက်ရောက်နိုင်ပါတယ်။ အိမ်မှာ ကလေးမရှိတော့ကြောင်း လက်ခံရပါမယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ ဝိသေသလက္ခဏာတွေ တည်ဆောက်ဖို့ လိုတဲ့ လူကြီးလေးတွေ ဖြစ်လာပြီဆိုတာ လက်ခံရပါမယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here