အသက် ၁၂နှစ်မှာ ကလေးတွေ သိထားသင့်တဲ့အချက် (7)ချက်

0
271
- Advertisement -

အသက် ၁၂နှစ်မှာ ကလေးတွေ သိထားသင့်တဲ့အရာတွေ ရှိပါတယ်။ ဒီအသက်အရွယ်မှာ သူတို့ရဲ့နားလည်မှုနဲ့ ရင့်ကျက်မှုက ပိုအားကောင်းလာပြီး ကျွန်မတို့ ပြောပြတဲ့အရာတွေကို သူတို့နားလည်လာကြပါပြီ။ သူတို့ငယ်ငယ်တုန်းကလို အကြောင်းအရာတွေကို ရှင်းပြဖို့ မှန်ကန်တဲ့ စကားလုံးတွေ ရှာဖွေရတဲ့အဆင့်တွေ ကုန်သွားပါပြီ။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများစွာက ကြိးကောင်ဝင်စအရွဘ် အသက် ၁၂နှစ်မှ ၁၈နှစ်အထိ ဖြစ်ပွားပါတယ်။ ဒါ့ကြောင့် ဒီအသက်အရွယ်မှာ သိထားသင့်တဲ့ အကြောင်းအရာတစ်ချို့ကို ဆွေးနွေးဖို့ အရေးကြီးပါတယ်။

အသက် ၁၂နှစ်မှာ ကလေးတွေ သိထားသင့်တဲ့အရာများ

၁။ သူငယ်ချင်း

ခင်မင်ရင်းနှီးမှုရဲ့တန်ဖိုးကို သင်ပေးဖို့ အရေးကြီးပါတယ်၊ အရေးကြီးတာက ကိုယ့်မှာရှိတဲ့ သူငယ်ချင်းအရေအတွက် မဟုတ်ပါဘူး၊ အရည်အသွေးပါ။ အသက် ၁၂နှစ်မှစပြီး ကလေးတွေဟာ အချိန်ဖြုန်းမယ့် သူငယ်ချင်းအုပ်စုတွေ ရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလူတွေကို ကောင်းကောင်းရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

ဘယ်သူနဲ့ သူငယ်ချင်းဖြစ်ရမယ်ဆိုတာ မိဘတွေပြောဖို့ မလိုပါဘူး။ သို့သော် မိတ်ဆွေဖွဲ့ခြင်းဆိုတာ ဘာကို ဆိုလိုသလဲနဲ့ ရွေးချယ်နည်းကို ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းဆိုတာ ကျွန်မတို့ကို စိတ်ချမ်းသာစေတဲ့သူတွေဖြစ်ပြီး ပိုကောင်းလာဖို့ ကူညီပေးတဲ့သူတွေဆိုတာ သူတို့ကို ရှင်းပြရပါမယ်။

၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဘဝကို ထိန်းသိမ်းပါ၊ အစားအသောက် ကောင်းကောင်းစားပြီး လေ့ကျင့်ခန်းလုပ်ခိုင်းပါ

လေ့ကျင့်ခန်းလုပ်ခြင်း၊ သူတို့နှစ်သက်တဲ့ အားကစားကို လေ့ကျင့်ခြင်းနဲ့ မျှတပြီး ကျန်းမာတဲ့ အစားအသောက်ကို စားသုံးခြင်းကဲ့သို့သော အလေ့အကျင့်ကောင်းတွေ မွေးမြူခြင်းက အခြေခံအကျဆုံးဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ဟာ သူတို့အတွက် တက်ကြွပြီး ကျန်းမာသော ဘဝတစ်ခုကို ဦးဆောင်ဖို့ ဘာ့ကြောင့်အရေးကြီးကြောင်း ဥပမာတစ်ခုအနေနဲ့ ရှင်းပြရမှာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေ သင်ကြားပေးရင် အနာဂတ်မှာ ရောဂါများစွာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ တာဝန်ယူမှု

အနာဂတ်မှာ သူတို့အောင်မြင်ဖို့အတွက်ဆိုရင် ဆယ်ကျော်သက်တွေဟာ တာဝန်ယူတတ်အောင် သင်ယူပြီး သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ခံယူတတ်ဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေက သူတို့လုပ်ရမယ့်အရာတိုင်းကို အောင်မြင်အောင် ကူညီပေးလိမ့်မယ်ဆိုတာကို သူတို့သင်ယူရပါမယ်။

၄။ အရက်နဲ့ မူးယစ်ဆေးဝါး

ဆယ်ကျော်သက်အရွယ်မှာ အရက်နဲ့ မူးယစ်ဆေးဝါးက ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေဟာ အတွေ့အကြုံလိုချင်တတ်ကြတာကြောင့် ယခုအချိန်မှာ သူငယ်ချင်းတွေရဲ့ ပြင်းထန်သော လွှမ်းမိုးမှုကြောင့်ဆိုရင် အထူးသဖြင့် မှန်ပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးဝါးကြောင့် လူတွေရဲ့ ဘဝမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဆိုးရွားသော အကျိုးဆက်တွေကို ရှင်းပြဖို့ အရေးကြီးပါတယ်။

၅။ ကျရှုံးခြင်းနဲ့ အမှားတွေ ပြုလုပ်ခြင်း

အသက် ၁၂နှစ်မှာ ကလေးတွေကို ကျရှုံးမှုတွေအကြောင်းနဲ့ အဲဒါကို သူတို့ကြောက်ဖို့ မလိုကြောင်း ပြောပြပါ။ ကျွန်မတို့အားလုံးက အမှားလုပ်မိတတ်ကြကြောင်း သတိပေးပါ။ သူတို့ဟာ နောင်ပိုင်းမှာ အလားတူအမှားမျိုးတွေ ထပ်မပြုလုပ်မိစေဖို့ ရှုံးနိမ့်မှုကို သင်ယူမှုဖြစ်စဉ်တစ်ခုအဖြစ် မြင်ရပါမယ်။

၆။ နည်းပညာ

ယနေ့ခေတ်မှာ နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့ရဲ့အားနည်းချက်က ဥပမာ- ဗီဒီယိုဂိမ်းတွေ၊ ဆဲလ်ဖုန်းတွေနဲ့ တက်ဘလက်တွေကို စွဲလမ်းမှုရှိလာကြပါတယ်။ အဲဒါကြောင့် သူတို့မှာ ဘာ့ကြောင့် တာဝန်ရှိတယ်ဆိုတာကို ရှင်းပြရပါမယ်။ ကျွန်မတို့ဟာ စွဲလမ်းမှုမရှိဘဲနဲ့ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ နည်းပညာအတွက် အချိန်တိုတိုလေးကို မြှုပ်နှံထားနိုင်ပါတယ်။

မိဘတွေက နည်းပညာအသစ်တွေနဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေကို ထိန်းချုပ်ဖို့ ကလေးတွေအတွက် တခြားကျန်းမာသန်စွမ်းသော ရွေးချယ်စရာတွေကို အမြဲပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ- ဘုတ်ဂိမ်းအတူတူဆော့တာ၊ လမ်းလျှောက်ထွက်တာ၊ ပျော်ပွဲစားထွက်တာ…

၇။ လူမှုမီဒီယာ

ဆိုရှယ်မီဒီယာက ကျွန်မတို့လုပ်ဆောင်နေတဲ့အရာနှင့် ပတ်သတ်တဲ့ ဓါတ်ပုံတွေနဲ့ အခြေအနေတွေကို ထည့်သွင်းနိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ သို့သော်လည်းဆယ်ကျော်သက်အများစုက သူတို့ကြိုက်နှစ်သက်မှု ပမာဏနှင့်အတူ အစွဲအလမ်းကြီးလာကြပါတယ်။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာရဲ့အန္တရာယ်တွေကို ရှင်းပြဖို့ အရေးကြီးပါတယ်။

တိုတိုပြောရရင် ဒါတွေက အသက် ၁၂နှစ်အရွယ်မှာ ကလေးတွေ သိထားသင့်တဲ့အရာတွေပါ၊ ဒီအကြောင်းအရာတွေအားလုံးကို သူတို့နဲ့ ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ဟာ ပြဿနာမရှိဘဲ ဒီအဆင့်ကို ဘယ်လိုအောင်မြင်စွာ ရင်ဆိုင်ရမလဲဆိုတာ သိလာမှာပါ။

အရာအားလုံးကို သဘာဝကျကျနဲ့ အမြဲပြောသင့်ပါတယ်။ ကျွန်မတို့က ဝေဖန်အပြစ်တင်ခြင်း (သို့) ကဲ့ရဲ့ရှုတ်ချခြင်းဖြင့် ပြောဆိုပါက ကျွန်မတို့ရဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ဝေးသွားနိုင်ပြီး သူတို့ရဲ့ ပြဿနာတွေအကြောင်း တစ်စုံတစ်ရာပြောပြခြင်းကနေ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here