ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ်စတင်ချိန်ဟာ အသက် ၉နှစ်ကနေ ၁၃နှစ်ဖြစ်တယ်လို့ စိတ်ပညာရှင်တစ်ချို့က ဆိုပါတယ်။ ဒါက မိဘအုပ်ထိန်းမှုကနေ လွတ်ကင်းတာတော့မဟုတ်ပေမယ့် မိဘကိုယ်တိုင် အစစအရာရာ မလုပ်ပေးရတော့မယ့်အရွယ် အကူးအပြောင်းကာလတစ်ခုဖြစ်ပါတယ်။
ဒီအကူးအပြောင်းကာလကို ချောမွေ့စေဖို့ မိဘတွေက သူတို့ကလေးတွေ အသက် ၁၃နှစ်မရောက်ခင် ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ဆည်းပူးနိုင်စေဖို့ ကူညီပေးသင့်ပါတယ်။ သူတို့လေးတွေ အသက် ၁၃နှစ်မှာ သူတို့ကိုယ်တိုင်ပြုလုပ်ရတော့မယ့် ကျွမ်းကျင်မှုတွေက ဘာတွေဖြစ်မလဲ? အောင်မြင်တဲ့ကလေးတွေဖြစ်ဖို့ မိဘတွေက ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦးနော်။
၁။ ဝင်ငွေရှာပြီး စီမံခန့်ခွဲတတ်အောင်

သူတို့လေးတွေ ငွေကြေးကို ဘယ်လိုရေတွက်ရမလဲဆိုတာ လေ့လာသင်ယူတဲ့အချိန်မှာ သင့်ကလေးတွေကို အခြေခံစာရင်းအင်း ကျွမ်းကျင်မှုလေးတွေကို သင်ပေးနိုင်ပါတယ်။ အသက်၁၃နှစ်မှာ ကလေးတွေဟာ ငွေထုတ်ကတ်နှင့် အကြွေးဝယ်ကတ်အကြားခြားနားမှုကို နားလည်သဘောပေါက်ခြင်းနှင့် အခြေခံအိမ်သုံးပစ္စည်းတွေက ဘယ်လောက်ကုန်ကျတယ်ဆိုတာ သတိပြုမိလာတာဟာ သူတို့ တစ်ပတ်စာမုန့်ဖိုးထဲကနေ စုဆောင်းဖို့နှင့် ပိုက်ဆံကို သုံးဖြုန်းသင့်လား၊ စုဆောင်းသင့်လားဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်ပါတယ်။
၂။ အိမ်ဝေယျာဝစ္စ အခြေခံပြုလုပ်တတ်အောင်

ကလေးတွေသည် အစောပိုင်းအသက်အရွယ်မှာ အဝတ်လျှော်နေတဲ့အချိန် သူတို့အဝတ်တွေကို စုဆောင်းတာ၊ ညစာစားပြီးနောက် သန့်ရှင်းရေးလုပ်တာကဲ့သို့ အလုပ်တွေကို အများကြီး ပြုလုပ်လို့ ရနိုင်ပြီလို့ စိတ်ပညာအထူးကုများက ဆိုပါတယ်။ အသက် ၁၃နှစ်မှာ သူတို့အဝတ်အစားတွေကို မီးပူတိုက်တာ၊ ပန်းကန်ဆေးတာ၊ အိပ်ရာခင်းလဲတာ၊ ကားရေဆေးတာ ရေချိုးခန်း၊ မီးဖိုချောင် သန့်ရှင်းတာတို့ကို ပြုလုပ်နိုင်သင့်ပါပြီ။ မိဘတွေ အနေနဲ့ သူတို့နှင့် သင့်တော်မယ့်အလုပ်တွေကို ပေးလုပ်ခြင်းဖြင့် ကလေးတွေကို အားပေးသင့်ပါတယ်။
၃။ အစားအသောက်တွေကို ပြင်ဆင်တတ်အောင်

ချက်ပြုတ်ခြင်းက သူတို့အရွယ်ရောက်တဲ့အခါ လိုအပ်လိမ့်မယ့် အရေးပါတဲ့ ကျွမ်းကျင်မှုတစ်ခုပါ။ ကြက်ဥကြော်တာ၊ ဟင်းချိုချက်တာ၊ အသုပ်သုပ်တာလောက်တော့ လွယ်ကူတဲ့ ချက်ပြုတ်နည်းလေးကို အရင်သင်ပေးပါ။ အသက် ၁၃နှစ်အရွယ်မှာ ကလေးတွေဟာ မိသားစုစားသောက်ပွဲကို စီစဉ်နိုင်သင့်ပါပြီ။ သင့်ကလေးတွေကို တကိုယ်ရည်သန့်ရှင်းရေးနဲ့ အခြေခံဘေးကင်းလုံခြုံရေး အကြာင်းကို သင်ပေးဖို့ မမေ့ပါနဲ့။
၄။ ကုန်စုံဆိုင်မှာ ဈေးဝယ်တတ်အောင်

သင့်ကလေးတွေကို မီးဖိုချောင်အတွက် ဈေးဝယ်ထွက်တဲ့အခါ ခေါ်သွားပေးပါ။ သူတို့ အရွယ်ရောက်လာတဲ့အခါ ဘတ်ဂျက်ငွေကို ဘယ်လိုသုံးစွဲမလဲ၊ ဘာဟင်းချက်ရင် ဘာကုန်ပစ္စည်းလိုမလဲဆိုတာကို စာရင်းရေးခြင်းကဲ့သို့ လိုအပ်တဲ့ ကျွမ်းကျင်မှု့ကို ဖွံဖြိုးအောင် ကူညီပေးရပါမယ်။ သူတို့ကို အာဟာရပါဝင်မှုအညွန်းတွေကို ဘယ်လိုဖတ်ရမလဲဆိုတာနဲ့ ကောင်းတာကို ဘယ်လိုရှာဖွေရမလဲဆိုတာ သင်ပေးပါ။ ကန့်သတ်ချက် ထားဖို့တော့ မမေ့ပါနဲ့။
၅။ တကိုယ်ရေ သန့်ရှင်းရေးလုပ်တတ်အောင်

ကျွမ်းကျင်သူများက မိဘအများစုဟာ သူတို့ရဲ့ ၁၀နှစ် ၁၁နှစ်အရွယ် ကလေးတွေကို သန့်ရှင်းရေးနှင့်ပတ်သတ်ပြီး သဘာဝအတိုင်း လေ့လာသင်ယူလိမ့်မယ်လို့ ယူဆကြောင်း ဝန်ခံပါတယ်။ မိဘတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်ကို နားလည်မှုနှင့် deodorant အသုံးပြုခြင်း၊ အဝတ်လဲခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း၊ ခံတွင်းသန့်ရှင်းခြင်း၊ နေ့စဉ်ရေချိုးခြင်းတို့၏ အရေးပါမှုကို နောက်မကျလွန်းခင်မှာ ကလေးတွေနဲ ဆွေးနွေးသင့်ပါတယ်။ မိမိကိုယ်တိုင် စံပြမိဘကောင်းတစ်ယောက်ဖြစ်ဖို့ သတိရပါ။ သင့်ကလေးတွေကို တစ်ချို့အရာတွေက ဘာ့ကြောင့် ပြုလုပ်ဖို့ လိုသလဲဆိုတာကို အမြဲတမ်းရှင်းပြပါ။
Chit_MayMay
LM_Nandar
Source-brightside
Zawgyi Font
အသက္ ၁၃ႏွစ္မေရာက္ခင္မွာ သူတို႔ေလးေတြကိုယ္တိုင္ ျပဳလုပ္တတ္ေစဖို႔ သင္ယူထားသင့္တဲ့ အရာ ၅ခု

ကေလးတစ္ေယာက္ရဲ႕ ဆယ္ေက်ာ္သက္အရြယ္စတင္ခ်ိန္ဟာ အသက္ ၉ႏွစ္ကေန ၁၃ႏွစ္ျဖစ္တယ္လို႔ စိတ္ပညာရွင္တစ္ခ်ိဳ႕က ဆိုပါတယ္။ ဒါက မိဘအုပ္ထိန္းမႈကေန လြတ္ကင္းတာေတာ့မဟုတ္ေပမယ့္ မိဘကိုယ္တိုင္ အစစအရာရာ မလုပ္ေပးရေတာ့မယ့္အရြယ္ အကူးအေျပာင္းကာလတစ္ခုျဖစ္ပါတယ္။
ဒီအကူးအေျပာင္းကာလကို ေခ်ာေမြ႕ေစဖို႔ မိဘေတြက သူတို႔ကေလးေတြ အသက္ ၁၃ႏွစ္မေရာက္ခင္ ဘဝမွာ မရွိမျဖစ္လိုအပ္တဲ့ ကၽြမ္းက်င္မႈေတြကို ဆည္းပူးႏိုင္ေစဖို႔ ကူညီေပးသင့္ပါတယ္။ သူတုိ႔ေလးေတြ အသက္ ၁၃ႏွစ္မွာ သူတို႔ကိုယ္တိုင္ျပဳလုပ္ရေတာ့မယ့္ ကၽြမ္းက်င္မႈေတြက ဘာေတြျဖစ္မလဲ? ေအာင္ျမင္တဲ့ကေလးေတြျဖစ္ဖို႔ မိဘေတြက ဘယ္လိုျပဳစုပ်ိဳးေထာင္ေပးရမလဲဆိုတာကို ဖတ္ၾကည့္လိုက္ပါဦးေနာ္။
၁။ ဝင္ေငြရွာၿပီး စီမံခန္႔ခြဲတတ္ေအာင္

သူတို႔ေလးေတြ ေငြေၾကးကို ဘယ္လိုေရတြက္ရမလဲဆိုတာ ေလ့လာသင္ယူတဲ့အခိ်န္မွာ သင့္ကေလးေတြကို အေျခခံစာရင္းအင္း ကၽြမ္းက်င္မႈေလးေတြကို သင္ေပးႏိုင္ပါတယ္။ အသက္၁၃ႏွစ္မွာ ကေလးေတြဟာ ေငြထုတ္ကတ္ႏွင့္ အေၾကြးဝယ္ကတ္အၾကားျခားနားမႈကို နားလည္သေဘာေပါက္ျခင္းႏွင့္ အေျခခံအိမ္သံုးပစၥည္းေတြက ဘယ္ေလာက္ကုန္က်တယ္ဆိုတာ သတိျပဳမိလာတာဟာ သူတို႔ တစ္ပတ္စာမုန္႔ဖိုးထဲကေန စုေဆာင္းဖို႔ႏွင့္ ပိုက္ဆံကို သံုးျဖဳန္းသင့္လား၊ စုေဆာင္းသင့္လားဆိုတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္မွာျဖစ္ပါတယ္။
၂။ အိမ္ေဝယ်ာဝစၥ အေျခခံျပဳလုပ္တတ္ေအာင္

ကေလးေတြသည္ အေစာပိုင္းအသက္အရြယ္မွာ အဝတ္ေလွ်ာ္ေနတဲ့အခ်ိန္ သူတို႔အဝတ္ေတြကို စုေဆာင္းတာ၊ ညစာစားၿပီးေနာက္ သန္႔ရွင္းေရးလုပ္တာကဲ့သို႔ အလုပ္ေတြကို အမ်ားႀကီး ျပဳလုပ္လို႔ ရႏိုင္ၿပီလို႔ စိတ္ပညာအထူးကုမ်ားက ဆိုပါတယ္။ အသက္ ၁၃ႏွစ္မွာ သူတို႔အဝတ္အစားေတြကို မီးပူတိုက္တာ၊ ပန္းကန္ေဆးတာ၊ အိပ္ရာခင္းလဲတာ၊ ကားေရေဆးတာ ေရခ်ိဳးခန္း၊ မီးဖိုေခ်ာင္ သန္႔ရွင္းတာတို႔ကို ျပဳလုပ္ႏိုင္သင့္ပါၿပီ။ မိဘေတြ အေနနဲ႔ သူတို႔ႏွင့္ သင့္ေတာ္မယ့္အလုပ္ေတြကို ေပးလုပ္ျခင္းျဖင့္ ကေလးေတြကို အားေပးသင့္ပါတယ္။
၃။ အစားအေသာက္ေတြကို ျပင္ဆင္တတ္ေအာင္

ခ်က္ျပဳတ္ျခင္းက သူတို႔အရြယ္ေရာက္တဲ့အခါ လိုအပ္လိမ့္မယ့္ အေရးပါတဲ့ ကၽြမ္းက်င္မႈတစ္ခုပါ။ ၾကက္ဥေၾကာ္တာ၊ ဟင္းခ်ိဳခ်က္တာ၊ အသုပ္သုပ္တာေလာက္ေတာ့ လြယ္ကူတဲ့ ခ်က္ျပဳတ္နည္းေလးကို အရင္သင္ေပးပါ။ အသက္ ၁၃ႏွစ္အရြယ္မွာ ကေလးေတြဟာ မိသားစုစားေသာက္ပြဲကို စီစဥ္ႏိုင္သင့္ပါၿပီ။ သင့္ကေလးေတြကို တကိုယ္ရည္သန္႔ရွင္းေရးနဲ႔ အေျခခံေဘးကင္းလံုၿခံဳေရး အၾကာင္းကို သင္ေပးဖို႔ မေမ့ပါနဲ႔။
၄။ ကုန္စံုဆိုင္မွာ ေစ်းဝယ္တတ္ေအာင္

သင့္ကေလးေတြကို မီးဖိုေခ်ာင္အတြက္ ေစ်းဝယ္ထြက္တဲ့အခါ ေခၚသြားေပးပါ။ သူတို႔ အရြယ္ေရာက္လာတဲ့အခါ ဘတ္ဂ်က္ေငြကို ဘယ္လိုသံုးစြဲမလဲ၊ ဘာဟင္းခ်က္ရင္ ဘာကုန္ပစၥည္းလိုမလဲဆိုတာကိို စာရင္းေရးျခင္းကဲ့သို႔ လိုအပ္တဲ့ ကၽြမ္းက်င္မႈ႕ကို ဖြံၿဖိဳးေအာင္ ကူညီေပးရပါမယ္။ သူတို႔ကို အာဟာရပါဝင္မႈအညြန္္းေတြကို ဘယ္လိုဖတ္ရမလဲဆိုတာနဲ႔ ေကာင္းတာကို ဘယ္လိုရွာေဖြရမလဲဆိုတာ သင္ေပးပါ။ ကန္႔သတ္ခ်က္ ထားဖို႔ေတာ့ မေမ့ပါနဲ႔။
၅။ တကိုယ္ေရ သန္႔ရွင္းေရးလုပ္တတ္ေအာင္

ကၽြမ္းက်င္သူမ်ားက မိဘအမ်ားစုဟာ သူတုိ႔ရဲ႕ ၁၀ႏွစ္ ၁၁ႏွစ္အရြယ္ ကေလးေတြကို သန္႔ရွင္းေရးႏွင့္ပတ္သတ္ၿပီး သဘာဝအတိုင္း ေလ့လာသင္ယူလိမ့္မယ္လို႔ ယူဆေၾကာင္း ဝန္ခံပါတယ္။ မိဘေတြဟာ သူတို႔ရဲ႕ခႏၶာကိုယ္ေျပာင္းလဲမႈျဖစ္စဥ္ကို နားလည္မႈႏွင့္ deodorant အသံုးျပဳျခင္း၊ အဝတ္လဲျခင္း၊ မုတ္ဆိတ္ရိတ္ျခင္း၊ ခံတြင္းသန္႔ရွင္းျခင္း၊ ေန႔စဥ္ေရခ်ိဳးျခင္းတို႔၏ အေရးပါမႈကို ေနာက္မက်လြန္းခင္မွာ ကေလးေတြနဲ ေဆြးေႏြးသင့္ပါတယ္။ မိမိကိုယ္တိုင္ စံျပမိဘေကာင္းတစ္ေယာက္ျဖစ္ဖို႔ သတိရပါ။ သင့္ကေလးေတြကို တစ္ခ်ိဳ႕အရာေတြက ဘာ့ေၾကာင့္ ျပဳလုပ္ဖို႔ လိုသလဲဆိုတာကို အၿမဲတမ္းရွင္းျပပါ။
Chit_MayMay
LM_Nandar
Source-brightside