မိခင်နို့ကိုသာ သောက်သုံးဖူးသေးတဲ့ ကလေးတွေကို အစားအစာတွေနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးတဲ့အခါမှာ လိုက်နာရမယ့် အချက်အလက်လေးတွေရှိပါတယ်။ ကျွမ်းကျင်သူများကတော့ သင့်ရဲ့သားသားမီးမီးတို့ကို သုံးရက်တစ်ခါ အစားအစာ အသစ်တစ်မျိုးစီနဲ့ မိတ်ဆက်ပေးဖို့ကို အကြံပြုထားပြီးတော့ ဘယ်အစားအစာကတော့ ကလေးနဲ့ဓာတ်မတည့်တာမျိုး ဖြစ်နိုင်သလဲဆိုတာကို သေချာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရင်သွေးလေးကို ဘာကို စကျွေးလို့ကျွေးရမှန်း မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီအစားအစာများကို တချက်သတိရလိုက်ပါ။
ဘယ်အချိန်မှာ စကျွေးလို့ရပြီလဲ
The American Academy of Pediatrics (AAP) ကတော့ ကလေး ၄ လနှင့် ၆ လအရွယ်ကြားမှာဆိုရင် အမာဟာလေးတွေ စကျွေးပြီး မိတ်ဆက်ပေးလို့ရပြီလို့ ဆိုပါတယ်။ သို့သော်လည်း အဖြေကတော့ ကိုယ့်ကလေးပေါ်မှာ မူတည်နိုင်တာကြောင့် အောက်ပါအချက်လေးတွေကို သတိထားကြည့်ပါ။
• မတ်မတ်ထိုင်ပြီး သူ့ခေါင်းသူမတ်မတ်ထောင်နိုင်ပြီဆိုရင်
• ဘေးပတ်ပတ်လည်ကို စပ်စပ်စုစု လိုက်ကြည့်နေပြီဆိုရင်
• မြုံပြီးတော့ မြိုချနိုင်ပြီဆိုရင်
• မိခင်နို့တစ်ခုတည်းကိုသောက်ရတာကို ငြင်းဆန်လာပြီဆိုရင်
ဘယ်ရီသီးများ

လူကြီးတွေလိုပဲ ကလေးတွေကလည်း မျက်လုံးနဲ့အရင်အကဲဖြတ်ပြီး စားတာဖြစ်တာကြောင့် ရဲရဲနီပြီး စားချင်စဖွယ် စတော်ဘယ်ရီးသီးတွေနဲ့ ဘလူးဘယ်ရီသီးတွေက ပိုကောင်းပါတယ်။ ကလေးတွေစားမှာဖြစ်တာမို့ အရွယ်အစားသေးသေးလေးတွေဖြစ်အောင် လှီးပြီးဖြစ်စေ ဖျော်ရည်၊ အနှစ်အဖြစ်ဖြစ်စေ လုပ်ပြီးတော့ စကျွေးကြည့်ပါ။
ဆယ်လ်မွန်ငါး

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးဆဲ ဦးနှောက်တွေက ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ် (DHA) ကို တောင့်တကြပါတယ်။ ဒီလိုအပ်တဲ့အရာက ဆယ်လ်မွန်ငါးထဲမှာ အပြည့်ရှိပါတယ်။ ချက်ပြီးသားငါးကို ချေမွပြီးဖြစ်စေ၊ ဖုတ်ပြီးဖြစ်စေ ကျွေးမွေးနိုင်ပါတယ်။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ကလေးငယ်စဥ်ကတည်းက သူတို့အစားအစာလေးတွေချက်ပြုတ်ချိန်မှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အရွယ်အစား သေးသေးလေးတွေပြုလုပ်ကာ ထည့်သွင်းနိုင်ပါတယ်။
အမဲသား

ပရိုတင်းနှင့် ဇင့်တို့ အမြောက်အမြားပါဝင်တဲ့ အမဲသားက ကလေးတွေအတွက် အားဖြစ်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
ရွှေဖရုံသီး

ရွှေဖရုံသီးတွေမှာက ချိုမြိန်တဲ့ သဘာဝအရသာရှိတာကြောင့် ကလေးတွေအကြိုက်တွေ့မှာဖြစ်သလို ဗီတာမင်အေလည်း အပြည့်ပါဝင်နေပါတယ်။
ကြက်ဥ

ပရိုတင်း ၆ ဂရမ်ပါဝင်သည့်အပြင် ကျန်းမာရေးနဲ့ညီညွတ်သည့် အဆီများ၊ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်သည့် Choline တို့ပါဝင်သည့် ကြက်ဥဟာ ကလေးတွေအတွက်တော့ ကောင်းတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။
#Chit_May_May
#Thinzar
Ref- parents