ကမ္ဘာတစ်ဝှမ်းရှိ မိခင်တွေအနေနဲ့ ကိုယ့်ကလေးတွေကို လွတ်လပ်မှုရှိစေပြီး သူတို့ဘာသာ သူတို့ လုပ်နိုင်စေချင်ကြပါတယ်။ တစ်ချို့မိဘတွေက အိမ်မှုကိစ္စတွေနှင့် ပတ်သတ်ပြီး ကလေးကို လုပ်ခိုင်းလေ့ရှိကြသလို တစ်ချို့မိဘတွေကတော့ မလုပ်ခိုင်းကြပါဘူး။ ကလေးကို အိမ်မှုကိစ္စလုပ်ခိုင်းတဲ့နေရာမှာ ကလေးရဲ့ အသက်အရွယ်နှင့် တာဝန်ဟာ မျှတဖို့တော့လိုပါတယ်။
ကလေးကို ကိုယ့်တာဝန်ကိုယ်ယူတတ်စေဖို့နှင့် အိမ်မှုကိစ္စလေးတွေ တတ်မြောက်စေချင််ကြတဲ့ မေမေတို့အတွက် ဘယ်အသက် အရွယ်မှာ ဘယ်လိုအိမ်မှုကိစ္စလေးတွေ လုပ်ခိုင်းနိုင်သလဲဆိုတာနှင့် ပတ်သတ်ပြီး မာရီယာမွန်တတ်ဆိုရဲ့ လေ့လာမှုတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ အသက် ၂ နှစ်မှ ၃နှစ်
စားပွဲခင်းခိုင်းလို့ ရပါတယ်။ ဧရိယာအနည်းငယ်ကို တံမြက်စည်း လှည်းခိုင်းပါ။ ဖန်ခွက်ထဲ ရေဖြည့်ခိုင်းပါ။ လက်သုတ်ပုဝါတွေကို လဲခိုင်းပါ။ ထမင်းစားပြီးရင် သူတို့နေရာကို သန့်ရှင်းခိုင်းပါ။
၂။ အသက် ၄နှစ်မှ ၅နှစ်
ဇွန်း၊ ခရင်းလေးတွေ နေရာချခိုင်းပါ။ လက်သုတ်ပုဝါ ခေါက်ခိုင်းပါ။ စားပွဲပေါ်မှ ညစ်ပတ်နေတဲ့ ပန်းကန်တွေ သန့်ရှင်းခိုင်းပါ။
၃။ အသက် ၆နှစ်မှ ၇နှစ်
ကြက်ဥကြော်လို ရိုးရှင်းတဲ့ အစားအသောက်ကို ကြော်ခိုင်းပါ။ ကြမ်းပြင်ကို တံမြက်စည်းလှည်းခိုင်းပါ။ ထမင်းစားပြီးရင် စားပွဲတစ်ခုလုံးကို သန့်ရှင်းခိုင်းပါ။ ဟင်းသီးဟင်းရွက်တွေ ဆေးခိုင်းပါ။
၄။ အသက် ၈နှစ်မှ ၉နှစ်
အမှိုက်ကောက်ခိုင်းပါ။ ပန်းကန်ဆေးခိုင်းပါ။ ရေခဲသေတ္တာ သန့်ရှင်းခိုင်းပါ။ ဝယ်မယ့် စားသောက်ကုန်စာရင်းကို ရေးခိုင်းပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်၊ ပြင်ဆင်ပြီး ခွက်ထဲကို ထည့်ခိုင်းပါ။
၅။ အသက် ၁၀ နှစ်မှ ၁၁ နှစ်
ရိုးရှင်းတဲ့ အစားအသောက်တွေကို ပြင်ဆင်ခိုင်းပါ။ အစားအသောက် အစီအစဉ်ရေးဆွဲခိုင်းပါ။
၆။ အသက် ၁၂ နှစ်
ကြမ်းသုတ်ခိုင်းပါ။ ရိုးရှင်းတဲ့ အချိုပွဲ ပြင်ဆင်ခိုင်းပါ။ မိသားစုအကုန်လုံးအတွက် အစားအသောက် ပြင်ဆင်ခိုင်းပါ။
Chit_MayMay
LM_Nandar
Source-brightside
အသက် ၂နှစ်မှ ၁၂နှစ်အရွယ် ကလေးတွေကို ကူညီခိုင်းနိုင်တဲ့ အခြေခံ အိမ်မှုကိစ္စများ
ကလေးကို ကိုယ့်တာဝန်ကိုယ်ယူတတ်စေဖို့နှင့် အိမ်မှုကိစ္စလေးတွေ တတ်မြောက်စေချင်ကြတဲ့ မေမေတို့အတွက် ဘယ်အသက် အရွယ်မှာ ဘယ်လိုအိမ်မှုကိစ္စလေးတွေ လုပ်ခိုင်းနိုင်သလဲဆိုတာနှင့် ပတ်သတ်ပြီး မာရီယာမွန်တတ်ဆိုရဲ့ လေ့လာမှုတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ အသက် ၂ နှစ်မှ ၃နှစ်
၂။ အသက် ၄နှစ်မှ ၅နှစ်
၃။ အသက် ၆နှစ်မှ ၇နှစ်
၎။ အသက် ၈နှစ်မှ ၉နှစ်
၅။ အသက် ၁၀ နှစ်မှ ၁၁ နှစ်
၆။ အသက် ၁၂ နှစ်
Chit_MayMay
LM_Nandar
Source-brightside